Aminophylline (အမိုင်နိုဖိုင်လင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

Generic Name: Aminophylline (အမိုင်နိုဖိုင်လင်း) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Aminophylline ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Aminophylline ကို အသက်ရှူစဉ် အသံမြည်ခြင်း၊ပန်းနာရင်ကျပ်ရောဂါကြောင့် အသက်ရှူကျပ်ခြင်းနဲ့ အခြားအဆုတ်ရောဂါတွေဖြစ်တဲ့ emphysema နဲ့ လေပြွန်ရောင်ခြင်းတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ ဒီဆေးကို အခြားဆေးတွေနဲ့ ပေါင်းစပ် အသုံးပြုကြပါတယ်။ သူဟာ xanthine အနွယ်ဝင် ဆေးတစ်မျိုး ဖြစ်ပါတယ်။ Aminophylline ဟာ အဆုတ်ရဲ့ လေပြွန်တွေကို ဝန်းရံထားတဲ့ smooth muscle တွေကို လျှော့စေပါတယ်။ ဒီနည်းအားဖြင့် လေဝင်မှု လွယ်ကူပြီးတော့ အသက်ရှူရတာ ပိုလွယ်လာမှာ ဖြစ်ပါတယ်။ Aminophylline ဟာ diaphragm ကျုံ့ခြင်းကို အားပေးပါတယ်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

Aminophylline ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဆရာဝန်ညွှန်ကြားချက်အတိုင်းအသုံးပြုသင့်ပါတယ်။ ဆေးထုတ်ပိုးမှု ပေါ်မှာရေးထားတဲ့ ပမာဏကို စစ်ဆေးသင့်ပါတယ်။
ထိုးဆေး
• Aminophylline ကို ဆေးရုံမှာ (သို့) ဆရာဝန် ဆေးခန်းမှာ ထိုးပေးနိုင်ပါတယ်။
• Aminophylline ကို အိမ်မှာ ထိုးမယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်သူ ညွှန်ကြားထားတဲ့အတိုင်း လိုက်နာသင့်ပါတယ်။
• ထိုးဆေးမှာ အမှုန်တွေ၊ အရောင်ပြောင်းမှုတွေ ရှိနေရင် (သို့) ဘူးကွဲနေရင် အသုံးမပြုသင့်ပါဘူး။
• ဒီဆေးနဲ့ အပ်တွေကို ကလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာ ထားသင့်ပါတယ်။
• အပ်တွေနဲ့ အခြားပစ္စည်းတွေကို ပြန်အသုံးမပြုသင့်ပါဘူး။
• အသုံးပြုပြီးရင် သေချာစွာ လွှင့်ပစ်သင့်ပါတယ်။ သေချာစွာ လွှင့်ပစ်ဖို့အတွက် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းနိုင်ပါတယ်။
သောက်ဆေးပုံစံ
• ဒီဆေးကို အစာ (သို့) အစာမပါပဲ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ သောက်နိုင်ပါတယ်။
• အစာအိမ်ကို ဒုက္ခပေးမှာ စိုးရင် အစာနဲ့အတူ သောက်သင့်ပါတယ်။
• အာနိသင် တဖြည်းဖြည်းပြတဲ့ ဆေးပြားတွေကို ချေသောက်တာမျိုး ဝါးစားတာမျိုး မပြုလုပ်သင့်ပါဘူး။
• သူတို့မှာ score line မရှိရင် (သို့) ဆရာဝန် ညွှန်ကြားချက် မရှိရင် ဆေးပြားတွေကို မချိုးသင့်ပါဘူး။
• ချေခြင်း၊ ဝါးခြင်းတို့ မပြုလုပ်ပဲ ဆေးတစ်လုံးလုံး (သို့) တစ်ခြမ်းကို သောက်သင့်ပါတယ်။
• ဆေးပမာဏဟာ ကျန်းမာရေးအခြေအနေ၊ ကုသမှု တုန့်ပြန်ပုံ၊ အသက်၊ ကိုယ်အလေးချိန်၊ သွေးပမာဏနဲ့ အခြားသောက်နေတဲ့ ဆေးတွေပေါ်မူတည်ပါတယ်။

 

Aminophylline ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Aminophylline ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Aminophylline ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Aminophylline ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Aminophylline ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Aminophylline အသုံးမပြုခင် အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • Aminophylline, theophylline, theobromine, caffeine, ethylene diamine (သို့) Aminophylline ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ရင်
  • အခြားဆေးတွေ၊ အစားအသောက်တွေ၊ ဆိုးဆေးတွေ၊ ထပ်ထည့်ဆေးတွေ၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်ရင်
  • ကလေးတွေမှာ – ဒီဆေးကို အသက် ၆ နှစ်အောက် ကလေးတွေမှာ ဆရာဝန်ညွှန်ကြားချက်မရှိပဲ မသောက်သင့်ပါဘူး။
  • အသက်ကြီးတဲ့သူတွေမှာ
  • အခြားကျန်းမာရေးအခြေအနေတွေ၊ ခွဲစိတ်မှုတွေ၊ နှလုံးရောဂါ (congestive heart failure, cor pulmonale)၊ ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်း၊ အနာဖြစ်ခြင်း၊ အဆုတ်အတွင်းအရည်ဝင်ခြင်း၊ အသည်းပြဿနာများ၊ ဖျားနာခြင်း၊ ဗိုင်းရပ်စ်ပိုး ဝင်ခြင်း၊ ပြင်းထန်စွာ ရောဂါပိုးဝင်ခြင်း၊ thyroid ပြဿနာများ၊ cystic fibrosis၊ ကိုယ်ခန္ဓာအတွင်း အက်ဆစ်ဓါတ်များခြင်း၊ ဦးနှောက်၊ အာရုံကြော ပြဿနာများ၊ တက်ခြင်း
  • အခြားဆေးတွေ သောက်နေရင်
  • ဆေးလိပ်သောက်ရင်
  • ကိုယ်ဝန်ရှိရင် (သို့) ကလေးနို့တိုက်နေရင်

 

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

 ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Aminophylline က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

အောက်ဖေါ်ပြပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

  • အပြုအမူ ပြောင်းလဲခြင်း
  • ဆီးခဏတာ ပိုသွားခြင်း
  • ပြင်းထန်သော ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်တဲ့ အနီကွက်ထခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ရောင်ရမ်းခြင်းတွေဖြစ်ရင်
  • စိတ်ရှုပ်ခြင်း
  • ဝမ်းသွားခြင်း
  • ခေါင်းမူးခြင်း
  • အသက်ရှူမြန်ခြင်း
  • နှလုံးခုန်နှုန်း မမှန်ခြင်း
  • ပျို့ခြင်း
  • ဆက်တိုက်ခေါင်းကိုက်ခြင်း
  • တက်ခြင်း
  • အိပ်မပျော်ခြင်း
  • တုန်ခြင်း
  • အန်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Aminophylline နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Aminophylline ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့်

• သွေးပေါင်ကျစေတဲ့ဆေးတွေ၊ angina pectoris ကိုကုတဲ့ဆေးတွေ၊ နှလုံးခုန်မမှန်ခြင်းကိုကုတဲ့ဆေးတွေ (ဥပမာ Propranolol, Verapamil (Izopamil), Propafenone)
• ပိုးသတ်ဆေး (ဥပမာ erythromycin, clarithromycin, telithromycin, azithromycin)
• အရက်ဖြတ်ခြင်းအတွက် အသုံးပြုတဲ့ Dislufiram
• ကင်ဆာဆေး Methotrexate, ကိုယ်ဝန်တားဆေး
• Other xanthine drugs.
• စိတ်ကျရောဂါ၊ social phobia နဲ့ အခြားစိတ်ရောဂါတွေကို ကုသဖို့ အသုံးပြုတဲ့ Fluvoxamine

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Aminophylline နဲ့ ဓာတ်ပြုနိုင်ပါသလား။

Aminophylline က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
• ကဖင်း
• ဖျော်ရည်
• လက်ဖက်ရည်၊ cocoa၊ cocoa ဖျော်ရည်၊ ချောကလက်

 

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Aminophylline နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။
Aminophylline ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• အသက်ရှူလမ်းကြောင်း ရောဂါများ (cystic fibrosis)
• ဆီးချို
• ရေတိမ်
• နှလုံးရောဂါ
• သွေးတိုးရောဂါ
• ကျောက်ကပ်ရောဂါ
• အသည်းရောဂါ
• အတက်ရောဂါ
• အစာအိမ်၊ အူအနာဖြစ်ခြင်း
• Thyroid ရောဂါ

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

 

အရွယ်ရောက်ပြီးသူတွေမှာ Aminophylline ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ရုတ်တရက်ဖြစ်တဲ့ ပန်းနာရင်ကျပ် အတွက် လူကြီးတွေမှာ အသုံးပြုရန်:
• အကြောသွင်းဆေး ။ loading dose of 6 mg/kg in 100 to 200 mL of IV fluid အကြောသွင်းဆေး ၂၀ မိနစ်မှ ၃၀ မိနစ်ထိ ပေးပြီး နောက် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အောက်ပါအတိုင်းပေးပါ။
• ဆေးလိပ်မသောက်ပဲ ကျန်းမာသောသူ: 0.7 mg/kg/hr continuous intravenous infusion.
• ဆေးလိပ်သောက်တဲ့ လူငယ်: 0.9 mg/kg/hr continuous intravenous infusion.
• နှလုံးရောဂါ ရှိသူ: 0.25 mg/kg/hr continuous intravenous infusion.
• For oral administration: Starting by a loading dose: 6.3 mg/kg orally once and then maintaining taking the following dose:
• ဆေးလိပ်မသောက်ပဲ ကျန်းမာသောသူ: 12.5 mg/kg/day in divided doses. Do not exceed 1,125 mg/day.
• ဆေးလိပ်သောက်တဲ့ လူငယ်: 19 mg/kg/day in divided doses.
• နှလုံးရောဂါ ရှိသူ: 6.25 mg/kg/day in divided doses. Do not exceed 500 mg/day.
• ရုတ်တရက်ဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါအတွက် အသက်အရွယ်ကြီးမြင့်သူတွေမှာ အသုံးပြုရန်
• အကြောဆေး
• aminophylline (သို့) theophylline ကုသမှုမခံယူထားသောလူနာအတွက်။
• loading dose 6 mg/kg in 100 to 200 mL of IV fluid အကြောဆေး မိနစ် ၂၀ မှ ၃၀ ထိပေးခြင်းနဲ့ စတင်ပြီး နောက်ဆက်လက်ထိန်းသိမ်းထားရန် 0.2 to 0.3 mg/kg/hr continuous intravenous infusion ပေးရမည်။
• သောက်ဆေး
• aminophylline or theophyllineကုသမှု မခံယူထားသောလူနာအတွက်။
• loading dose 6.3 mg/kg သောက်ဆေးတစ်ကြိမ်နဲ့  စတင်ပြီး နောက်ဆက်လက်ထိန်းသိမ်းထားရန် 1.7 to 2 mg/kg သောက်ဆေး ၈ နာရီခြားတစ်ကြိမ်ပေးသည်။

 

ကလေးငယ်တွေမှာ Aminophylline ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

• နေ့မစေ့လမစေ့မွေးသော ကလေး အသက်ရှုခဏခဏရပ်ခြင်း အတွက် ကလေးအသုံးပြုရန်
• • ၄ ပတ်အောက်ကလေး ။ loading dose of 5 to 6 mg/kg တစ်ကြိမ်နဲ့ စတင်ပြီး အကယ်၍ အကြောဆေးပေးမည်ဆိုလျှင် IV fluid နဲ့ ရောပြီး မိနစ်၂၀ မှ ၃၀ ထိကြာအောင် ပေးနိုင်သည်။ ဆက်လက်ထိန်းသိမ်းထားရန် 3 to 8 mg/kg/day ၆ နာရီ မှ ၁၂ နာရီတိုင်းတစ်ခါ ခွဲခွဲပြီးပေးနိုင်သည်။
• ရုတ်တရက်ဖြစ်တဲ့ ပန်းနာရင်ကျပ်အတွက် ကလေးတွေမှာ အသုံးပြုရန်
• အကြောဆေး။ loading dose 6 mg/kg diluted in IV fluid မိနစ် ၂၀ မှ ၃၀ ကြာအောင်အကြောဆေးပေးပြီး ဆက်လက်ထိန်းသိမ်းထားရန်အောက်ပါပမာဏအတိုင်း ပေးသည်။
• ၆ ပတ်မှ ၆ လ ကြားကလေး ။ 0.5 mg/kg/hour continuous intravenous infusion;
• ၆ လမှ ၁ နှစ်ကြားကလေး။ 0.6 to 0.7 mg/kg/hr continuous intravenous infusion;
• ၁ နှစ်မှ ၉ နှစ်ကြားကလေး ။ 1 to 1.2 mg/kg/hr continuous intravenous infusion;
• ၉ နှစ်မှ ၁၂ နှစ်ကြားကလေး ။ 0.9 mg/kg/hr continuous intravenous infusion;
• ၁၂ နှစ်အထက်ကလေး။ 0.7 mg/kg/hr continuous intravenous infusion;
• သောက်ဆေး ။ loading dose 6.3 mg/kg သောက်ဆေးတစ်ကြိမ်နဲ့ စတင်ပြီး အောက်ပါအတိုင်းပေးကာဆက်လက်ထိန်းသိမ်းသွားသည်။
• ၄၂ ရက်နှင့် ၁၈၂ ရက်ကြားကလေး။ 12 to 13.5 mg/kg/day ကို ခွဲပြီးပေးနိုင်သည်။
• ၆ လမှ ၁၂ လကြားကလေး ။ 15 to 22.5 mg/kg/day ခွဲပြီးပေးနိုင်သည်။
• ၁ နှစ်မှ ၉နှစ်ကြားကလေး ။ 25 to 30 mg/kg/day in divided doses.
• ၉ နှစ်မှ ၁၂ နှစ်ကြားကလေး။ 17 to 20 mg/kg/day ခွဲပြီးပေးနိုင်သည်။
• ၁၂ နှစ်မှ ၁၆ နှစ်ကြားကလေး ။ 15 to 17 mg/kg ခွဲပြီးပေးနိုင်သည်။
• o ၁၆ နှစ်အထက် ။ 6.25 to 20 mg/kg သောက်ဆေးကို ခွဲပြီးပေးနိုင်သည်။

 

Aminophylline ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Aminophylline ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• Aminophylline ထိုးဆေး B.P: 105 mg/5 mL ; 25 mg/mL.
• ဆေးပြား: 225 mg,200 mg,250 mg ; 500 mg

 

 

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

 

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Aminophylline ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ