Generic Name: Ameflu Ms (အမီဖလူ) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Ameflu Ms (အမီဖလူ) ကို ဘာအတွက်အသုံးပြုကြသလဲ

အောက်ပါတို့ကို ကုသရန် Medication ကို အသုံးပြုကြပါတယ်။

  • အဖျားတက်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • သာမန်နာကျင်ကိုက်ခဲခြင်းများ။
  • နာကျင်ခြင်းများ။
  • အသက်ရှုလမ်းကြောင်းကူးစက်ပိုးဝင်ခြင်းကြောင့် ချွဲထခြင်း။
  • နှာခေါင်းပိတ်ခြင်း။
  • ဦးခေါင်းရိုးရှိ Sinus ဟုခေါ်သော အပေါက်ကလေးများ ပိတ်ဆို့ခြင်း။
  • နားတွင်းပြွန်ပိတ်ဆို့ခြင်း။
  • နှာစေးခြင်း။
  • ကြက်ညှာချောင်းဆိုးခြင်း။
  • ထိပ်ခတ်နာဖြစ်ခြင်း။
  • နားပြည်ယိုခြင်း။
  • လေပြွန်ရောင်ခြင်း

Ameflu Ms (အမီဖလူ) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးညွှန်းမှာဖော်ပြထားတာတွေကို အတိအကျ လိုက်နာရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက်ပိုသောက်ခြင်း၊သတ်မှတ်ထားတဲ့ ကာလထက်ပိုပြီး စွဲသောက်ခြင်းတို့ကို မပြုလုပ်ရပါဘူး။

Ameflu Ms (အမီဖလူ) ဘယ်လိုသိမ်းဆည်းရမလဲ

Medication ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ medication ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ medication ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Medication ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Medication ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ameflu Ms (အမီဖလူ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေရှိတယ်ဆိုရင် ဆေးမသောက်ခင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။

  • Ameflu ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်း။
  • သွေးတိုးရှိခြင်း။
  • သိုင်းရွိုက်ဂလင်း အလွန်အကျွံအလုပ်လုပ်ခြင်း။
  • သွေးတွင်းပိုတက်ဆီယမ်ဓာတ် နည်းပါးခြင်း။

အောက်ဖော်ပြပါ အချက်တွေပေါ်ပေါက်လာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသရမှာ ဖြစ်တဲ့အတွက် သတိထားပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

  • ဂဏှာမငြိမ်ဖြစ်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊အိပ်မပျော်ခြင်း။
  • ခုနစ်ရက်အတွင်း ရောဂါလက္ခဏာများ မသက်သာခြင်း သို့မဟုတ် အဖျားတက်လာခြင်း။

တောက်လျှောက်ချောင်းဆိုးနေခြင်းဟာ ရောဂါပိုဆိုးလာခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။တပတ်ထက်ပိုပြီး ချောင်းဆိုးခြင်း၊ပျောက်သွားပြီးနောက်မှာ ချောင်းပြန်ဆိုးခြင်း၊အဖျားတက်လာခြင်း၊အနီစက်များထွက်လာခြင်း၊တောက်လျှောက်ခေါင်းကိုက်နေခြင်း စတဲ့လက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

အောက်ပါအခြေအနေတွေရှိနေရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အခါကလွဲပြီး ဒီဆေးကို မသုံးစွဲသင့်ပါဘူး။

  • ဆေးလိပ်သောက်ခြင်း၊ပန်းနာရင်ကျပ်၊နာတာရှည်လေပြွန်ရောင်ရောဂါ တို့ကြောင့် ကာလရှည်ချောင်းဆိုးခြင်း သို့မဟုတ် ချောင်းအလွန်အကျွံဆိုးခြင်း။
  • နှလုံးရောဂါရှိခြင်း၊သွေးတိုးခြင်း၊သိုင်းရွိုက်ရောဂါရှိခြင်း၊ဆီးချိုရှိခြင်း၊digitalis ဆေးများ သုံးစွဲနေရခြင်း၊နာတာရှည်လေပြွန်ရောင်ခြင်း စသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိသော သက်ကြီးရွယ်အိုများ သို့မဟုတ် ဆီးကျိတ်ကြီးခြင်း။

ကျောက်ကပ် သို့မဟုတ် အသည်းပြင်းထန်စွာ ပျက်စီးနေသူများအနေနဲ့လည်း ဒီဆေးကို သတိထားပြီး သုံးစွဲရပါမယ်။ကားမောင်းနေချိန် သို့မဟုတ် စက်ပစ္စည်းအကြီးစားများ မောင်းနှင်နေချိန်တွေမှာလည်း သတိထားပြီး သုံးစွဲရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ameflu Ms (အမီဖလူ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Ameflu Ms (အမီဖလူ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဤဆေးကြောင့် အချို့သော ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဥပမာ

  • နှလုံးခုန်နှုန်းမြန်ခြင်း။
  • ရင်တလှပ်လှပ်တုန်ခြင်း။
  • မူးဝေထိုင်းမှိုင်းခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • စိုးရိမ်ပူပန်စိတ်များခြင်း။
  • ဗိုက်နာဗိုက်အောင့်ခြင်း။
  • အိပ်မပျော်ခြင်း။

ဆေးပမာဏများပြားစွာ သုံးစွဲရသူတွေမှာ ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။အရေပြားမှာ အနီစက်တွေထွက်ခြင်း၊နီရဲခြင်း ဒါမှမဟုတ် အင်ပြင်ထခြင်း စတာတွေလည်း ရှားရှားပါးပါးဆိုသလို ဖြစ်ပေါ်လာတတ်ပါသေးတယ်။ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Ameflu Ms (အမီဖလူ) နဲ့ ဓာတ်ပြုနိုင်သလဲ

Medication ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ပါဆေးဝါးတွေဟာ Ameflu နဲ့ ဓာတ်ပြုနိုင်ပါတယ်။

 Monoamine oxidase enzyme inhibitors (MAOIs)

 Alkalized

 Sodium bicarbonate

 Alkali ephedrine

 Pseudoephedrine

 Aluminum hydroxide

အစားအသောက်တွေနဲ့ အရက်က Ameflu Ms (အမီဖလူ) နဲ့ ဓာတ်ပြုနိုင်သလား

Medication က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ameflu Ms (အမီဖလူ) နဲ့ ဓာတ်ပြုနိုင်သလဲ

Medication ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ameflu Ms (အမီဖလူ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားတဲ့ ပမာဏကတော့ လက်ဖက်ရည်ဇွန်းလေးဇွန်း (၂၀ စီစီခန့်)ကို ၆နာရီခြားတခါ သောက်ရပါမယ်။၂၄နာရီအတွင်း လေးခါထက်ပိုမသောက်ရပါဘူး။ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သောက်ပါ။

ကလေးတွေအတွက် Ameflu Ms (အမီဖလူ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၂နှစ်အောက်ကလေးတွေမှာ ဒီဆေးကို မတိုက်ခင် ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။

အသက် ၂နှစ်မှ ၆နှစ်အထိ ကလေးများအတွက် : လက်ဖက်ရည်ဇွန်းနဲ့တဇွန်း (၅စီစီခန့်)ကို ၆နာရီခြားတခါ တိုက်ရမှာဖြစ်ပြီး

အသက် ၆နှစ်မှ ၁၂နှစ်အထိ ကလေးတွေမှာတော့ လက်ဖက်ရည်ဇွန်းနဲ့ နှစ်ဇွန်း (၁၀ စီစီခန့်)ကို ၆နာရီခြားတခါ တိုက်ရမှာပါ။

Ameflu Ms (အမီဖလူ) ကိုဘယ်လိုရရှိနိုင်သလဲ

medication ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးရည်ပုလင်း တပုလင်းလျှင် ၃၀စီစီ သို့မဟုတ် ၆၀စီစီ ပါဝင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Medication ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ