Amebismo (အမီဘစ်မို) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Amebismo (အမီဘစ်မို) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Amebismo (အမီဘစ်မို) ကို ဘာအတွက်အသုံးပြုကြသလဲ

Amebismo® ကို အစာမကြေခြင်း၊ပျို့ပြီး မအီမသာဖြစ်ခြင်း၊ဗိုက်ရစ်ပြီးနာခြင်း၊ဗိုက်အောင့်ခြင်း၊ရင်ပူခြင်း၊ဒေသအပြောင်းအလဲကြောင့် ဝမ်းလျှောခြင်း စတာတွေကို ကုသဖို့အတွက် အများဆုံးအသုံးပြုပါတယ်။

Amebismo (အမီဘစ်မို) ဘယ်လိုသောက်သုံးသင့်သလဲ

Amebismo® ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သုံးစွဲရပါမယ်။ သုံးစွဲရမယ့် ဆေးပမာဏအတိအကျကို သိနိုင်ဖို့အတွက် ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပါ။ Amebismo® ကို အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ သုံးစွဲနိုင်ပါတယ်။Amebismo® မသောက်ခင် ဒါမှမဟုတ် သောက်ပြီး နှစ်နာရီအတွင်းမှာ tetracyclines အမျိုးအစားဆေးတွေ (ဥပမာ doxycycline) ကို မသောက်ရပါဘူး။ Amebismo® သောက်တဲ့အခါ ရေများများနဲ့ သောက်ပါ။ အခြားသော ညွှန်ကြားချက်တွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးပါ။ Amebismo® ကို သုံးစွဲခြင်းနဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေရှိရင် ဆရာဝန်ကို အသေးစိတ် မေးမြန်းနိုင်ပါတယ်။

Amebismo (အမီဘစ်မို) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Amebismo® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Amebismo® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Amebismo® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Amebismo® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Amebismo® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Amebismo (အမီဘစ်မို) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသောက်ခင်မှာ အောက်ပါအချက်တွေကို သတိထားသင့်ပါတယ်။

  • ဆေးကတ်ပျက်စီးနေရင်၊ပွင့်ပေါက်နေရင် ပေါက်နေတဲ့နေရာက ဆေးပြားကို အသုံးမပြုပါနဲ့။
  • သတ်မှတ်ထားတဲ့ ပမာဏထက်ပိုမသောက်မိဖို့ အရေးကြီးသလို Amebismo® ကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ၄၈နာရီထက်ပိုပြီး မသောက်ရပါဘူး။ တကယ်လို့ သင့်ရောဂါလက္ခဏာတွေက ၄၈နာရီအတွင်းမသက်သာရင်၊ပိုဆိုးလာရင် ဒါမှမဟုတ် အဖျားပါတက်လာရင် ဆရာဝန်နဲ့ အမြန်ပြသပါ။
  • Amebismo® ဟာ သင့်လျှာ ဒါမှမဟုတ် ဝမ်းကို အညိုရောင်၊အမည်းရောင်ဖြစ်စေနိုင်ပေမယ့် ဒါဟာ ယာယီသာဖြစ်တဲ့အပြင် အန္တရာယ်လည်း မရှိပါဘူး။
  • ရေကျောက်ပေါက်နေတဲ့ ကလေးငယ် ဒါမှမဟုတ် ဆယ်ကျော်သက်ကလေး၊တုပ်ကွေး ဒါမှမဟုတ် အခြားသော ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါ ခံစားနေရသူတွေကို Amebismo® မတိုက်ရပါဘူး။ ဗိုင်းရပ်စ်ပိုးကူးစက်ရောဂါရဲ့ လက္ခဏာတွေကို ကုသဖို့အတွက် Medication ကို အသုံးပြုရင် Reye syndrome လို့ခေါ်တဲ့ ဆိုးရွားပြင်းထန်သော လက္ခဏာပေါင်းစုကို ဖြစ်စေနိုင်ပါတယ်။

ကလေးတွေဟာ ပိုမိုထိရှလွယ်တာမို့ Amebismo® ကို ကလေးတွေမှာ သတိနဲ့ အသုံးပြုရပါမယ်။

အောက်ပါအချက်တွေရှိရင်လည်း ဆရာဝန်ကို အသိပေးရပါမယ်။

  • Amebismo® ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ခြင်း။
  • အက်စ်ပရင် ဒါမှမဟုတ် အခြားသော စတီးရွိက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ ibuprofen, naproxen, celecoxib) တို့နဲ့ ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (ဥပမာ ခန္ဓါကိုယ်အနှံ့ အနီစက်များထွက်လာခြင်း၊အင်ပြင်များထခြင်း၊အသက်ရှုရခက်ခြင်း၊မူးဝေထိုင်းမှိုင်းခြင်း စသည်တို့ကို ခံစားရခြင်း)။
  • သွေးယိုစီးခြင်းဆိုင်ရာ ပြဿနာများ (ဥပမာ သွေးမတိတ်ရောဂါ)။
  • အစာအိမ်နှင့် အူလမ်းကြောင်းအနာများမှ သွေးယိုစီးခြင်း။
  • ဝမ်းမည်းမည်းများသွားခြင်း၊သွေးဝမ်းသွားခြင်း။
  • Von Willebrand disease ဟုခေါ်သော သွေးရောဂါတမျိုး ရှိခြင်း။
  • salicylate ပါဝင်သည့် အခြားသော ဆေးများကို သုံးစွဲနေရခြင်း (ဥပမာ အက်စ်ပရင်)။

အထက်ပါ လက္ခဏာတွေ ဖြစ်ပေါ်လာရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Amebismo (အမီဘစ်မို) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်

သင့်တွင် ကိုယ်ဝန်ရှိလာပါက ကိုယ်ဝန်ဆောင်ကာလတွင် Amebismo® ကို အသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကလေးနို့တိုက်ချိန်

Amebismo® ဟာ မိခင်နို့ရည်ထဲမှာ ပါလာနိုင်တဲ့အတွက် ကလေးနို့တိုက်နေချိန်မှာ Amebismo® ကို မသုံးစွဲရပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Amebismo (အမီဘစ်မို) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးကတော့ အနည်းနဲ့အများဆိုသလို ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် လူနာအများစုမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ခံစားရလေ့မရှိပါဘူး။ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကတော့ အဖြစ်အများဆုံးဖြစ်ပြီး အဆိုပါ လက္ခဏာတွေ အချိန်ကြာမြင့်စွာ ဆက်လက်ရှိနေရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်ကို အသိပေးပါ။

  • လျှာ သို့မဟုတ် ဝမ်းအရောင် ယာယီမည်းခြင်း (အန္တရာယ် မရှိပါ)။

အောက်ဖော်ပြပါ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ခံယူရပါမယ်။

  • အနီစက်များထွက်ခြင်း။
  • အင်ပြင်များထွက်ခြင်း။
  • ယားယံခြင်း။
  • အသက်ရှုရခက်ခြင်း။
  • ရင်ကျပ်ခြင်း။
  • မျက်နှာ၊ပါးစပ်၊နှုတ်ခမ်း၊လျှာတို့ ရောင်ရမ်းခြင်း။
  • အဖျားတက်ခြင်း။
  • အကြားအာရုံဆုံးရှုံးခြင်း။
  • ပျို့ပြီး မအီမသာဖြစ်ခြင်း။
  • နားထဲတွင် တစီစီအသံများ ကြားနေရခြင်း။
  • ဆိုးဆိုးရွားရွား ဝမ်းချုပ်ခြင်း။
  • အော့အန်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Amebismo (အမီဘစ်မို) နဲ့ ဓါတ်ပြုနိုင်သလဲ

Amebismo® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ဤဆေးနဲ့ ဓါတ်ပြုနိုင်တဲ့ဆေးတွေက

  • အင်ဆူလင်၊methotrexate၊ valproic acid တို့ရဲ့ အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ Amebismo® ကြောင့် ပိုလာနိုင်ပါတယ်။
  • Angiotensin-converting enzyme (ACE) inhibitors အမျိုးအစား ဆေးများ (ဥပမာ lisinopril) သို့မဟုတ် sulfinpyrazone တို့ရဲ့ အာနိသင်ဟာ Amebismo® ကြောင့် လျော့နည်းသွားနိုင်ပါတယ်။
  • Amebismo® ဟာ သွေးကျဲဆေးတွေ (ဥပမာ warfarin) ရဲ့ သွေးယိုစီးနိုင်ချေကို ပိုလာစေနိုင်ပါတယ်။

Salicylates အမျိုးအစားဆေးတွေ (ဥပမာ အက်စ်ပရင်)ရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ Amebismo® ကြောင့် ပိုလာနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Amebismo (အမီဘစ်မို) နဲ့ ဓါတ်ပြုနိုင်သလား

Amebismo® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Amebismo (အမီဘစ်မို) နဲ့ ဓါတ်ပြုနိုင်သလဲ

Amebismo® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Amebismo (အမီဘစ်မို) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူတွေနဲ့ အသက်၁၂နှစ်အထက် ကလေးများ အတွက် : သတ်မှတ်ထားတဲ့ ပမာဏက ဆေးပြားနှစ်ပြား (တပြားလျှင် ၂၆၂ မီလီဂရမ်စီ ပါဝင်သည်) ဒါမှမဟုတ် ဆေးရည်၃၀ စီစီကို နာရီဝက်ခြားတခါ သို့မဟုတ် တနာရီခြားတခါ လိုအပ်သလို သုံးစွဲနိုင်ပါတယ်။ (အများဆုံး သုံးစွဲနိုင်တဲ့ ပမာဏကတော့ တနေ့ကို ရှစ်ကြိမ် ဖြစ်ပါတယ်)။

Bismatrol ၏ အားအပြင်းဆုံးပုံစံ

ဆေးရည် ၃၀ စီစီခန့်ကို တနာရီတခါ လိုအပ်သလို သုံးစွဲရပေမည် (အများဆုံးသုံးစွဲနိုင်တဲ့ ပမာဏကတော့ ၂၄နာရီအတွင်း ၁၂၀ စီစီ ပဲ ဖြစ်ပါတယ်။

ကလေးတွေအတွက် Amebismo (အမီဘစ်မို) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၉နှစ်မှ ၁၂နှစ်အထိ ကလေးများ : သတ်မှတ်ထားတဲ့ ပမာဏက ဆေးပြားတပြား ဒါမှမဟုတ် ဆေးရည် ၁၅ စီစီကို နာရီဝက်ခြားတခါ သို့မဟုတ် တနာရီခြားတခါ လိုအပ်သလို သုံးစွဲနိုင်ပါတယ်။ (အများဆုံး သုံးစွဲနိုင်တဲ့ ပမာဏကတော့ တနေ့ကို ရှစ်ကြိမ် ဖြစ်ပါတယ်)။

အသက် ၆နှစ်မှ ၉ နှစ်အထိ ကလေးများ : သတ်မှတ်ထားတဲ့ ပမာဏက ဆေးပြားတပြားရဲ့ သုံးပုံနှစ်ပုံ ဒါမှမဟုတ် ဆေးရည် ၁၀ စီစီကို နာရီဝက်ခြားတခါ သို့မဟုတ် တနာရီခြားတခါ လိုအပ်သလို သုံးစွဲနိုင်ပါတယ်။ (အများဆုံး သုံးစွဲနိုင်တဲ့ ပမာဏကတော့ တနေ့ကို ရှစ်ကြိမ် ဖြစ်ပါတယ်)။

အသက် ၃ နှစ်မှ ၆ နှစ်အထိ ကလေးများ : သတ်မှတ်ထားတဲ့ ပမာဏက ဆေးပြားတပြားရဲ့ သုံးပုံတပုံ ဒါမှမဟုတ် ဆေးရည် ၅ စီစီကို နာရီဝက်ခြားတခါ သို့မဟုတ် တနာရီခြားတခါ လိုအပ်သလို သုံးစွဲနိုင်ပါတယ်။ (အများဆုံး သုံးစွဲနိုင်တဲ့ ပမာဏကတော့ တနေ့ကို ရှစကိမ် ဖြစ်ပါတယ်)။

အသက်သုံးနှစ်အောက် ကလေးတွေမှာ သုံးစွဲမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရမှာ ဖြစ်ပါတယ်။

Amebismo (အမီဘစ်မို) ကိုဘယ်လိုရရှိနိုင်သလဲ

Amebismo® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Amebismo® ဆေးပြား ၂၆၂ မီလီဂရမ်။
  • Amebismo® ဆေးရည် 525mg/15ml။

Amebismo® 525 mg/15 ml x တပုလင်းတွင် ၂၃၇ စီစီ ပါဝင်ပါသည်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Amebismo® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 16, 2018

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။