backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Allylestrenol (အယ်လီစတီရီနော)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုနည်း

Allylestrenol ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Allylestrenol ဟာ synthetic progestogen တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ပျက်ကျမလိုဖြစ်သောအခြေအနေ နဲ့ ထပ်ခါထပ်ခါ ကလေးပျက်ကျမှုတွေအတွက် အသုံးပြုကြပါတယ်။ Allylestrenol ဟာ သန္ဓေတား ဟော်မုန်း အစားထိုး ဆေးတစ်မျိုး ဖြစ်ပါတယ်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

Allylestrenol ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

Allylestrenol ကို သောက်ဆေးအဖြစ်၊ အစာနှင့်သော်လည်းကောင်း အစာမပါပဲသော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ အစာအိမ်ကို ဒုက္ခပေးတာ လျော့စေဖို့ ဒီဆေးကို အစာနဲ့သောက်သင့်ပါတယ်။ ဆေးထုတ်ပိုးမှုပေါ်မှာ ပါတဲ့ ဆေးအညွှန်းကိုသေချာစွာ ဖတ်သင့်ပြီး မရှင်းတာရှိရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

ရောဂါလက္ခဏာတွေ မသက်သာ ရင် (သို့) ပိုဆိုးလာရင် (သို့) လက္ခဏာအသစ်တွေ ဖြစ်လာရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာအခြေအနေတစ်ခု ဖြစ်ပြီဆိုရင် အရေးပေါ်ကုသမှု ယူသင့်ပါတယ်။

Allylestrenol ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Allylestrenol ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Allylestrenol ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Allylestrenol ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Allylestrenol ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Allylestrenol ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • Allylestrenol (သို့) အခြားဆေးတွေနဲ့ ဓါတ်မတည့်ရင်
  • အခြားဆေးတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေ၊ ဆေးဖက်ဝင်အပင် ထုတ်ကုန်တွေ သောက်နေတာ ရှိရင်
  • ကိုယ်ဝန်ရှိရင်၊ ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိရင်၊ ကလေးနို့တိုက်နေရင်။ ဆေးသောက်နေစဉ် ကိုယ်ဝန် ရှိသွားရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
  • သင့်မှာ thrombophlebitis၊ ဘာကြောင့်မှန်းမသိ မိန်းမကိုယ်သွေးဆင်းခြင်း၊ တစ်ပိုင်းတစ်စ ကိုယ်ဝန်ပျက်ကျခြင်း ၊ ဟော်မုန်းကြောင့် ဖြစ်တဲ့ ကင်ဆာ၊ cerebral apoplexy ခေါ် လေဖြစ်ပြီးနောက် ဦးနှောက် အာရုံကြော ပျက်စီးမှု ၊ အသည်းချို့ယွင်းခြင်းတွေ ဖြစ်ရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Allylestrenol က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဘေးထွက်ဆိုးကျိုးတွေကတော့

  • အစာအိမ် ပြဿနာများ
  • အစာစားချင်စိတ်၊ ကိုယ်အလေးချိန် ပြောင်းလဲခြင်း
  • ကိုယ်ခန္ဓါအတွင်း အရည်များစုပုံခြင်း
  • ဖောရောင်ခြင်း
  • ဝက်ခြံပေါက်ခြင်း
  • အရေပြားအကွက်ထခြင်း
  • ယားယံခြင်း
  • စိတ်ကျခြင်း
  • ခေါင်းကိုက်ခြင်း
  • ဖျားခြင်း
  • ပင်ပန်းခြင်း
  • ရင်သားပြောင်းလဲခြင်း
  • အမျိုးသမီး အမွေးထူခြင်း
  • လိင်စိတ်ပြောင်းလဲခြင်း
  • ရာသီမမှန်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Allylestrenol နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ

Allylestrenol ဟာ သင်အခုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့် အောက်ပါဆေးတွေသောက်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

• Enzyme-inducing drugs ။ carbamazepine ၊ griseofulvin ၊ phenobarbital ၊ phenytoin ၊ rifampicin ။

• Ketoconazole

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Allylestrenol နဲ့ ဓါတ်ပြုနိုင်ပါသလား။

Allylestrenol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Allylestrenol နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Allylestrenol ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

• ခေါင်းကိုက်ခြင်း၊ သွေးခဲခြင်း

• အတက်ရောဂါ

• ပန်းနာရင်ကျပ်ရောဂါ

• အသည်း၊ ကျောက်ကပ်ရောဂါ

• စိတ်ကျရောဂါ

• ဆီးချိုရောဂါ

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များ နေရာတွင် အစားထိုးရန် မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Allylestrenol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ကလေးပျက်ကျမလိုဖြစ်ခြင်း

လူကြီး ။ 5 mg တစ်နေ့သုံးကြိမ် ၅-၇ ရက်သောက်ရန်

ကလေးငယ်တွေမှာ Allylestrenol ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ကလေးလူနာများမှာ ဘယ်လောက် အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Allylestrenol ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Allylestrenol ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးပြား ။ 5 mg

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Allylestrenol ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement