Generic Name: Albendazole (အယ်လ်ဘန်ဒဇော) Brand Name(s): Albendazole (အယ်လ်ဘန်ဒဇော).

အသုံးပြုနည်း

Albendazole ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Albendazole ကို တုတ်ပြားကောင် ရောဂါကူးစက်ခြင်း (ဥပမာ neurocysticercosis) ကို ကုသဖို့အသုံးပြုကြပါတယ်။ Albendazole ဟာ သန်ချဆေးတစ်မျိုး ဖြစ်ပါတယ်။

အခြားအသုံးဝင်ပုံ – Albendazole ကို ဆေးပညာ လမ်းညွှန်စာအုပ်များမှာ ဖေါ်ပြခြင်းမရှိတဲ့ အကြောင်းအရာများအတွက်လဲ အသုံးပြုခြင်း ရှိနိုင်ပါတယ်။ ဒီဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သုံးသင့်ပါတယ်။

ဒီဆေးကို အခြားသန်ကောင် ရောဂါပိုးတွေကို ကုသဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

Albendazole ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဒီဆေးကို သောက်ဆေးအဖြစ် အစာနဲ့ တစ်နေ့မှာ တစ်ကြိမ်မှ နှစ်ကြိမ် (သို့) ဆရာဝန် ညွှန်ကြားချက် အတိုင်းသောက်သုံးနိုင်ပါတယ်။ သင် (သို့) သင့်ကလေးဟာ ဆေးမျိုရခက်တယ်ဆိုရင် ဝါးစားခြင်း (သို့) ချေခြင်းတွေပြုလုပ်ပြီး ရေနဲ့သောက်နိုင်ပါတယ်။

ဆေးပမာဏဟာ ကိုယ်အလေးချိန်၊ သင့်ကျန်းမာရေး အခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုပေါ်မှာမူတည်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။ အချို့အခြေအနေတွေမှာ ဆေးကို နှစ်ပတ်လောက် ရပ်ဖို့လိုအပ်ပြီး ပြန်စဖို့လိုပါတယ်။ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် ဆေးပြန်စဖို့အတွက် ပြက္ခဒိန်မှာ ရေးမှတ်ထားသင့်ပါတယ်။

Albendazole ကို အစွမ်းအထက်ဆုံးဖြစ်စေဖို့ နေ့တိုင်းအချိန်မှန်မှန် သောက်သင့်ပါတယ်။

ဒါ့ပြင် ညွှန်ကြားထားတဲ့ ပမာဏ ပြည့်သွားပြီဆိုရင်လည်း ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင် ဆေးဆက်သောက်သင့်ပါတယ်။ ဆေးစောစော ရပ်လိုက်ခြင်းဟာ ရောဂါကူးစက်မှု ပိုမို ဖြစ်ပွားနိုင်ပါတယ်။

အခြားဆေးတွေ (corticosteroids ၊ အတက်ကျဆေး) တွေကို အသုံးပြုနိုင်ပါတယ်။ ဒီဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်နိုင်ပါတယ်။

Grapefruit အသီး (သို့) ဖျော်ရည်သောက်ခြင်းကို ဆရာဝန်ညွှန်ကြားမှု မရှိမချင်း ရှောင်ကြဉ်သင့်ပါတယ်။ Grapefruit ဟာ ဒီဆေးရဲ့ဆိုးကျိုးတွေကို ပိုဆိုးစေပါတယ်။ အသေးစိတ်ကိုတော့ ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

ရောဂါလက္ခဏာတွေ မသက်သာ ရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

 

Albendazole ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Albendazole ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Albendazole ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Albendazole ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Albendazole ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Albendazole ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • Albendazole (သို့) Albendazole ပါဝင်ပစ္စည်းတွေ၊ mebendazole၊ အခြားဆေးတွေနဲ့ ဓါတ်မတည့်ရင်
  • အခြားဆေး၊ ဗီတာမင်၊ ဖြည့်စွက်စာ၊ သဘာဝဆေးဖက်ဝင် အပင်ထုတ်ကုန်တွေ သောက်နေတာ ရှိရင်။ Theophylline သောက်နေရင် ပြောပြဖို့သတိရပါ။ သင့်ဆရာဝန်က ဆေးပမာဏ ပြောင်းလဲခြင်း (သို့) ဆေးရဲ့ ဆိုးကျိုးတွေကို စောင့်ကြည့်ခြင်းတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
  • အသည်းရောဂါရှိရင်
  • ကိုယ်ဝန်ရှိရင်၊ ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိရင်၊ ကလေးနို့တိုက်နေရင်။ ကိုယ်ဝန်ရှိနေတာ မသေချာရင် ဒီဆေးကိုမသောက်သင့်ပါဘူး။ ဒီဆေးသောက်နေစဉ်လည်း ကိုယ်ဝန်မယူသင့်ပဲ ဆေးဖြတ်ပြီး တစ်လလောက်နေမှ ယူသင့်ပါတယ်။ သင်အသုံးပြုနေတဲ့ သန္ဓေသားဆေး အကြောင်းကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဒီဆေးသောက်နေစဉ် ကိုယ်ဝန်ရသွားရင် ဆရာဝန်ကိုချက်ခြင်း အကြောင်းကြားသင့်ပါတယ်။ ဒီဆေးဟာ ကလေးငယ်ကို ထိခိုက်စေနိုင်ပါတယ်။
  • ခွဲစိတ်မှု (သို့) သွားခွဲစိတ်မှု ပြုလုပ်တော့မယ်ဆိုရင် ဆရာဝန် (သို့) ခွဲစိတ်ဆရာဝန်ကို ဒီဆေး သောက်နေကြောင်း ပြောပြသင့်ပါတယ်။
  • Neurocysticercosis ကုသမှုအတွက် ဒီဆေးကို အသုံးပြုနေတယ်ဆိုရင် ကုသနေစဉ်အတွင်းမှာ အာရုံကြောစနစ်ကို ထိခိုက်မှု ကာကွယ်ပေးဖို့ အခြားဆေးတွေသောက်သင့်ကြောင်း ဆရာဝန်က ပြောပြပါလိမ့်မယ်။ အောက်ဖေါ်ပြပါ လက္ခဏာတွေ ရှိရင် ဆရာဝန်ကို ချက်ခြင်းခေါ်သင့်ပါတယ်။ တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ မောပန်းခြင်း၊ အပြုအမူ ပြောင်းလဲခြင်း။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Albendazole က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်တဲ့ အနီကွက်ထခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ရောင်ရမ်းခြင်းတွေဖြစ်ရင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။

အောက်ဖေါ်ပြပါ ပြင်းထန် လက္ခဏာတွေ ရှိရင် ဆရာဝန်ကို ချက်ခြင်း အကြောင်းကြားသင့်ပါတယ်။

  • အညိုအမဲစွဲလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း၊ အားနည်းခြင်း
  • ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အရည်ကြည်ဖုထပြီး ခေါင်းကိုက်ခြင်း၊ အရေခွံလန်ခြင်း၊ အနီကွက်ထခြင်း
  • ချမ်းတုန်ဖျားခြင်း၊ ကိုယ်ခန္ဓာ နာကျင်ခြင်း၊ တုတ်ကွေး လက္ခဏာများ

မပြင်းထန်တဲ့ လက္ခဏာတွေကတော့

  • ဗိုက်နာခြင်း
  • ပျို့အန်ခြင်း
  • ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း
  • ခဏတာ ဆံပင်ကျွတ်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Albendazole နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Albendazole ဟာ သင် အခုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝ ဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အောက်ဖေါ်ပြပါ ဆေးတွေသောက်နေတယ်ဆိုရင် သတိထားသင့်ပါတယ်။
• Cimetidine ၊ dexamethasone ၊ praziquantel
• Theophylline

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Albendazole နဲ့ ဓာတ်ပြုနိုင်ပါသလား။

Albendazole က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။ Grapefruit ကို ဆေးသောက်နေစဉ် ရှောင်ကြဉ်သင့်ပါတယ်။

 

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Albendazole နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Albendazole ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• မျက်လုံးထိခိုက်နိုင်သော Cysticercosis – ၀က်တုတ်ပြားကောင် တွေကို ကုသဖို့ ဒီဆေးသောက်နေတဲ့ လူနာတွေမှာ မျက်စိစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ ဒီဆေးသောက်ခြင်းဟာ မျက်လုံးအပါအဝင် အခြား ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။
• အသည်းရောဂါ – အသည်းရောဂါရှိသူတွေဟာ ဆိုးကျိုးပိုဖြစ်စေနိုင်ပါတယ်။

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

 

အရွယ်ရောက်ပြီးသူတွေမှာ Albendazole ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

Echinococcosis အတွက်
လူကြီး ။ ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အထက် ။ သောက်ဆေး 400 mg တစ်နေ့ နှစ်ကြိမ် ၂၈ ရက်သောက်ရန်။
လူကြီး ။ ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အောက် ။ သောက်ဆေး 15 mg/kg တစ်နေ့ နှစ်ကြိမ် ခွဲသောက်ရန်။
အများဆုံးပမာဏ ။နေ့စဉ် သောက်ဆေး 800 mg

Cystic echinococcosis အတွက်

ကုသမှု စက်ဝန်း သုံးကြိမ် ၊ တစ်ကြိမ်တွင် ၂၈ ရက်ကုသပြီး ၊ စက်ဝန်းတစ်ခု နှင့် တစ်ခုကြားတွင် ၁၄ ရက် နားသည်။

Alveolar echinococcosis အတွက်

ကုသမှု စက်ဝန်းတစ်ကြိမ် တွင် ၂၈ ရက်ကုသပြီး စက်ဝန်းတစ်ခု နှင့် တစ်ခုကြားတွင် ၁၄ ရက် နားသည်။ ကပ်ပါးပိုးများ အရှင်းပျောက်ရန် ကုသမှုစက်ဝန်းကို လ မှ နှစ်တိုင်အောင်ပေးဖို့ လိုကောင်းလိုနိုင်သည်။

Neurocysticercosis အတွက်

လူကြီး ။ ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်အထက် ။ သောက်ဆေး 400 mg တစ်နေ့ နှစ်ကြိမ်။
လူကြီး ။ ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ် အောက်။ သောက်ဆေး 15 mg/kg နေ့စဉ် တစ်ရက်ကို နှစ်ကြိမ်ခွဲသောက်ပြီး ၈ ရက် ကနေ ရက် ၃၀ အထိ သောက်ရန်။

 

Enterobiasis အတွက်

လူကြီး ။ သောက်ဆေး 400 mg တစ်နေ့ တစ်ကြိမ်

Ascariasis အတွက်

လူကြီး ။ သောက်ဆေး 400 mg တစ်နေ့တစ်ကြိမ်

 

Hookworm infections အတွက်

လူကြီး ။ သောက်ဆေး 400 mg တစ်နေ့တစ်ကြိမ်

 

Strongyloidiasis အတွက်

လူကြီး ။ သောက်ဆေး 400 mg တစ်နေ့တစ်ကြိမ် (သို့) တစ်နေ့နှစ်ကြိမ် ၃ ရက်ဆက်တိုက် ။ လိုအပ်ရင် ၃ ပတ်ကြာာပြီးနောက် တစ်ခေါက်ပြန်သောက်နိုင်သည်။

Giardiasis အတွက်

လူကြီး ။ နေ့စဉ် သောက်ဆေး 400 mg တစ်ရက် တစ်ကြိမ် ၅ ရက်။

 

ကလေးငယ်တွေမှာ Albendazole ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

Enterobiasis အတွက်
ကလေး ။ ၂ နှစ်အထက် ။ 400 mg တစ်ရက်တစ်ကြိမ် ။
။ ၁-၂ နှစ် ။ သောက်ဆေး 200 mg တစ်ရက်တစ်ကြိမ်

Ascariasis အတွက်

ကလေး ။ ၂ နှစ်အထက် ။ သောက်ဆေး 400 mg တစ်ရက်တစ်ကြိမ်
။ ၁-၂ နှစ် ။ သောက်ဆေး 200 တစ်ရက်တစ်ကြိမ်

Hookworm infections အတွက်

ကလေး ။ ၂ နှစ်အထက် ။ သောက်ဆေး 400 mg တစ်ရက်တစ်ကြိမ်
။ ၁-၂ နှစ် ။ သောက်ဆေး 200 တစ်ရက်တစ်ကြိမ်

Giardiasis အတွက်

ကလေး ။ သောက်ဆေး 400 mg နေ့စဉ် တစ်ရက်တစ်ကြိမ် ၅ ရက်။

 

Albendazole ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Albendazole ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးပြား။ 200 mg ၊ 400 mg.

 

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

 

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Albendazole ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုငျ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ