backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Adenosine Triphosphate


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Adenosine Triphosphate ကို ဘာအတွက်အသုံးပြုကြသလဲ

adenosine triphosphate ကို ကာယစွမ်းအား မြင့်တက်ရန် အများဆုံးအသုံးပြုကြသည်။

အောက်ပါ အခြေအနေများတွင် သွေးကြောမှတဆင့် ပေးသွင်းလေ့ရှိသည်။

  • ကျောက်ကပ်ပျက်စီးခြင်း
  • အင်္ဂါမျိုးစုံပျက်စီးခြင်း
  • အဆုတ်သွေးလည်ပတ်မှုစနစ်တွင် သွေးပေါင်ချိန်မြင့်တက်ခြင်း
  • Cystic fibrosis ခေါ်မျိုးဗီဇရောဂါတမျိုး
  • အဆုတ်ကင်ဆာ
  • ကင်ဆာကြောင့် ကိုယ်အလေးချိန်ကျခြင်း
  • ခွဲစိတ်ကုသ၍ နာကျင်ခြင်း၊ အာရုံကြောနာကျင်ခြင်း
  • အဆုတ်သွေးတိုးခြင်း
  • နှလုံးခုန်ပုံမမှန်ခြင်းများ
  • မေ့ဆေးပေးစဉ်၊ ခွဲစိတ်ကုသစဉ် သွေးပေါင်ချိန်

Adenosine Triphosphate ဘယ်လိုသောက်သုံးသင့်သလဲ

ထိုးဆေးအတွက်

  • ဆရာဝန်တွက်ချက်ပေးသည့် ပမာဏအတိုင်း လက်ခံပါ။
  • ဆေးမထိုးမီ အညွှန်းစာကိုသေချာစွာဖတ်ပါ။
  • အချက်အလက်များနှင့် ပတ်သက်၍ မသေချာလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

သောက်ဆေးအတွက်

  • ဆရာဝန် ညွှန်ကြားထားသည့် အချိန်အတိုင်း၊ ပမာဏအတိုင်း သောက်ပါ။
  • ဆေးမသောက်မီ အညွှန်းစာကိုသေချာစွာဖတ်ပါ။
  • အချက်အလက်များနှင့် ပတ်သက်၍ မသေချာလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
  • Adenosine Triphosphate (ဆိုတာဘာလဲ) ဘယ်လိုသိမ်းဆည်းရမလဲ

    Adenosine triphosphate ကို တိုက်ရိုက်နေရောင်ခြည် မထိတွေ့ရန်၊ မစိုစွတ်မှုမရှိစေရန် သိမ်းဆည်းခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်စေရန် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုလုပ်ပါနှင့်။ Adenosine triphosphate ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသည့် ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါသည်။ ဆေးဘူးအခွံတွင် ပါသည့် သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

    Adenosine triphosphate ကို အိမ်သာတွင်း ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းကို မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့လျှင်၊ သက်တမ်းကုန်ဆုံးသွားလျှင် စနစ်တကျစွန့်ပစ်ရန် အရေးကြီးပေသည်။ ဆေးဝါးများအား စနစ်တကျ မည်သို့ စွန့်ပစ်ရမည်ဆိုသည်ကို ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Adenosine Triphosphate အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    • ဓါတ်မတည့်မှုရှိလျှင်
    • ကလေးငယ်သောက်မည်ဆိုလျှင်
    • သက်ကြီးရွယ်အိုများ သောက်မည်ဆိုလျှင်
    • adenosine triphosphate နှင့်တွဲသောက်လျှင် ဓါတ်ပြုမှုများ ဖြစ်ပေါ်နိုင်သော ရောဂါများရှိလျှင်၊ ဆေးဝါးများသောက်သုံးနေလျှင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Adenosine Triphosphate ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    adenosine triphosphate ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Adenosine Triphosphate ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးများကဲ့သို့ adenosine triphosphate တွင် ဘေးထွက်ဆိုးကျိုးများ ရှိပါသည် အများစုမှာ မဖြစ်ပွားတတ်ပါ။ နောက်ဆက်တွဲကုသခြင်းများ မလိုအပ်ပါ။ သို့သော် ဆေးသောက်ပြီး ပြသနာတစ်စုံတရာရှိပါက သင်၏ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    အောက်ပါပြဿနာများ ကြုံတွေ့နိုင်ပါတယ်။

    • အသက်ရှူခြင်းနှင့်ဆိုင်သည့် ပြသနာများနှင့် ရင်ဘတ်အောင့်ခြင်း
    • နှလုံးခုန်မြန်ခြင်း
    • သွေးပေါင်ချိန်ကျခြင်း
    • ပျို့အန်ခြင်း
    • ချွေးထွက်ခြင်း
    • အရေပြားများ နီရဲခြင်း
    • မူးမေ့ခြင်း
    • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
    • ချောင်းဆိုးခြင်း
    • စိုးရိမ်ပူပန်ခြင်း
    • သွေးနှင့်ဆီးတွင် ယူရစ်အက်ဆစ်များခြင်း

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုတွင် တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Adenosine Triphosphate နဲ့ ဓါတ်ပြုနိုင်သလဲ

    Adenosine triphosphate သည် သင်ယခု သောက်သုံးနေသည့် တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများ ဖြစ်နိုင်ကာ ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသည့် ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန်ညွှန်ကြားထားတာသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ပါနှင့်။) အောက်ပါဆေးများနှင့် ဓါတ်ပြုမှု ရှိတတ်ပါသည်။

    • Dipyridamole (Persantine®)
    • Carbamazepine (Tegretol®)
    • Methylxanthines ဆေးများ (aminophylline, caffeine နှင့် theophylline အပါအဝင်)
    • ဂေါက်ရောဂါကုသောဆေးများ

    အစားအသောက်တွေနဲ့ အရက်က Adenosine Triphosphate နဲ့ ဓါတ်ပြုနိုင်သလား

    Adenosine triphosphate သည် အစားအသောက် ဒါမှမဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဓါတ်ပြုမှုများ ဖြစ်မလာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Adenosine Triphosphate နဲ့ ဓါတ်ပြုနိုင်သလဲ

    Adenosine triphosphate သည် သင့်ကျန်းမာရေး အခြေအနျေနှင့် ပေါင်းစပ်ဓါတ်ပြုမှုများ ဖြစ်နိုင်ကာ ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်လာနိုင်သည်။ အောက်ပါရောဂါများရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    • ဂေါက်ရောဂါ
    • နှလုံးထိခိုက်ခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Adenosine Triphosphate ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    Adenosine Triphosphate နှင့်ပတ်သက်သည့် အချက်အလက်များကို သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ အောက်ပါ ပမာဏများဟာ ထောက်ခံမှုပြုထားသည့် ဆေးပမာဏဖြစ်သည်။

    • သောက်ဆေးအတွက် တကြိမ်သောက် ဆေးပြား ၂ပြားမှ ၃ပြား (၄၀-၆၀ မီလီဂရမ်) နှင့် တနေ့သုံးကြိမ်။ ရောဂါအခြေအနေပေါ်မူတည်၍ အတိုးအလျော့ရှိနိုင်သည်။
    • ထိုးဆေးအတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ညွှန်ကြားသည့်ပမာဏအတိုင်း လိုက်နာပါ။

    ကလေးတွေအတွက် Adenosine Triphosphate ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာများတွင် မည်သည့် အချိုးအစားပေးရမည်ဆိုသည်ကို အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါမည်။ မည်သည့်ဆေးဝါးမဆို အသုံးမပြုရသေးမီ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

    Adenosine Triphosphate ကိုဘယ်လိုရရှိနိုင်သလဲ

    Adenosine triphosphate ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    • ဆေးရည်၊ မျက်စဉ်း။ Adenosine Triphosphate ဝ.၂%။
    • ထိုးဆေး။ Adenosine Triphosphate ဝ.၂%။
    • ဆေးပြား။ ၂၀ မီလီဂရမ်

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Adenosine triphosphate ဆေးကို သောက်သုံးဖို့ လွတ်သွားခဲ့လျှင် (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံး သောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုလျှင် လွတ်သွားသည့်အကြိမ်ကို ကျော်၍ ပုံမှန်အချိန်တွင်သာ သောက်သုံးပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်ခြင်း မလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement