Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) ကို ဘာအတွက်အသုံးပြုကြသလဲ

အများအားဖြင့် ဆီးချိုရောဂါကို ကုသရာမှာ သုံးပါတယ်။

Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) ဘယ်လိုသောက်သုံးသင့်သလဲ

ပေါင်၊ ဝမ်းဗိုက်၊ ပခုံး၊ တင်ပါးစတဲ့နေရာတွေရဲ့ အရေပြားနေရာတွေမှာ ဆေးထိုးနိုင်ပါတယ်။ ထိရောက်တဲ့ တစ်ခါသောက်ဆေးပမာဏကို အနည်းဆုံးအထိလျှော့ချနိုင်ဖို့သွေးတွင်းသကြားဓါတ်ကို ပုံမှန်တိုင်းနေသင့်ပါတယ်။

Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • အင်ဆူလင် သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သွေးတွင်းသကြားဓါတ်ကျသွားတာတွေ ထိုးထားတဲ့နေရာတွေမှာ တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။ လူတိုင်းတော့ ကြုံရနိုင်မှာမဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။

  • စိတ်ကျဝေဒနာဆန့်ကျင်ဆေး
  • စိတ်ဝေဒနာဆန့်ကျင်ဆေး
  • လီသီယမ်
  • သွေးကျဆေး
  • Sympathomimetics
  • Disopyramide
  • အရက်
  • ဆီးဆေး
  • အမျှင်ဓါတ်
  • စတီးရွိုက်ဆေးများ
  • ဖိုမဟော်မုန်း
  • Somatropin
  • Somatostatin analogues
  • သွေးတွင်းသကြားဓါတ်ကျဆေး
  • Salicylates
  • Sulfonamides
  • Tetracyclines
  • NSAIDs
  • ငှက်ဖျားရောဂါဆန့်ကျင်ဆေး
  • တီဘီဆန့်ကျင်ဆေး
  • Mebendazole
  • Pentamidine
  • သိုင်းရွိုက်ဟော်မုန်း
  • Danazol
  • Anabolic steroids
  • Pentoxifylline
  • Protease

inhibitors

  • Cyclophosphamide

အစားအသောက်တွေနဲ့ အရက်က Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အင်ဆူလင်အမျိုးအစားပေါ်မူတည်ပြီး ပမာဏနဲ့အချိန်ကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း လိုက်နာသင့်ပါတယ်။ သကြားဓါတ်ထိန်းညှိမှုဆိုင်ရာ အပြောင်းအလဲတွေရှိနိုင်ပါတယ်။ ဆေးအတိုးအလျှော့ကိုလည်း ဆရာဝန်ညွှန်တဲ့အတိုင်းလိုက်နာသင့်ပါတယ်။

ကလေးတွေအတွက် Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေအတွက် ပမာဏကိုသတ်မှတ်မထားပါဘူး။ ကလေးတွေအတွက် စိတ်မချရမှုတွေဖြစ်နိုင်ပါတယ်။ အသုံးမပြုခင်မှာ စိတ်ချရမှုနဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝနားလည်ထားသင့်ပါတယ်။ ပိုပြီးသိလိုတာတွေကို သင့်ဆရာဝန်တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Actrapid(Soluble Insulin) (အက်ထရာပစ်ဒ်(ပျော်ဝင်နိုင်သောအင်ဆူလင်)) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

ထိုးဆေးအတွက် 100 international units/ml solution

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 10, 2018