Acid Nalidixic (အက်ဆစ် နယ်လီဒီဆစ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

Generic Name: Acid Nalidixic (အက်ဆစ် နယ်လီဒီဆစ်) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Acid Nalidixic ကို မည်သည့်အကြောင်းအရာ များအတွက် အသုံးပြုကြပါသလဲ။

Acid Nalidixic ကို အများဆုံးအသုံးပြုကြသည်မှာ တချို့သော ဘက်တီးရီးယားကြောင့် ဆီးလမ်းကြောင်းပိုးဝင်လျှင်အသုံး ပြု သည်။

 

Acid Nalidixic ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ညွှန်ကြားထားသည့်အတိုင်း ပါးစပ်မှသောက်သုံးသင့်ပါသည်။

ဆေးတွင် ဖော်ပြထားသည့်အတိုင်းလိုက်နာပါ။ အကယ်၍ သင် မရှင်းတာရှိသော် ဆရာဝန် သို့ ဆေးဝါးကျွှမ်းကျင်သူ နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

သိမ်းဆည်းနည်း

Acid Nalidixic ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထား သင့်ပါသလဲ။

အခန်းအပူချိန်( ၇၇ ဒီဂရီဖာရင်ဟိုက်အောက် ) အလုံပိတ် ဘူးတွင် သိုလှောင်ထားနိုင်ပါတယ်။ ဆေးကို တိုက်ရိုက်နေ ရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်း မှုတွေမဖြစ်အောင်လို့ ဆေးကို ရေချိုးခန်းထဲမှာသိမ်းဆည်း တာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေ မပြုလုပ်ပါနဲ့။ ဆေး အမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူ တည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန် ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါး ကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။ ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲက နေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလို အပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံး သွားတဲ့အ ခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါး များကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက် လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

  • Acid Nalidixic သည် အိပ်ငိုက်ခြင်း၊ မူးဝေခြင်းနှင့် အမြင်ဝါးခြင်း များဖြစ်နိုင်ပါသည်။ တချို့သောဆေးဝါးများ၊ အရက်နှင့်တွဲသောက်ပါကပို မိုဆိုးရွားနိုင်ပါသည်။
  • Acid Nalidixic ကိုသောက်သုံးပါက နေလောင်လွယ် သည်။ ထို့ကြောင့် နေပူထဲတွင်သွားလာခြင်း၊ နေပူစာ လှုံခြင်းများ ရှောင်ကြဉ်ပါ။ အပြင်ထွက်လျှင်နေပူဒဏ် ကာ ပစ္စည်းများကိုအသုံးပြုပါ။
  • တချို့သောပိုးသတ်ဆေးများသည် သောက်သုံးပါက ၀မ်းအနည်းငယ်လျှောစေပါသည်။ သို့သော်လည်း pseudomembranous colitis ဟုခေါ်သော အပြင်းစား ၀မ်းလျှောခြင်းသည် လည်းဖြစ်နိုင်ပါသည်။ အစာအိမ်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ၀မ်းလျှော၍သွေးပါခြင်း များဖြစ်လျှင် ဆရာဝန်နှင့်အရင်ဆုံးတိုင်ပင်ဆွေးနွေးပါ။
  • Acid Nalidixic သည် ဘက်တီးရီးယားကိုသာ သတ်နိုင်သောကြောင့် ဗိုင်းရပ်စ် ကြောင့်ဖြစ်သော တုပ်ကွေးရောဂါများကိုမကုသနိုင်ပါဘူး။
  • ဆေးကိုရက်ပြည့်အောင် သောက်သုံးသင့်ပါသည်။ မသောက်သုံးပါက ပိုးမွှားများမကုန်စင်ဘဲ ဆေးမတိုးတော့တာမျိုးဖြစ်နိုင်ပါသည်။
  • ပိုးသတ်ဆေးကိုခဏခဏ သို့ ကြာရှည်စွာသုံးစွဲပါက တခြားရောဂါပိုးများဝင်နိုင်ပါသည်။ ရောဂါလက္ခဏာ များပြပါက လိုအပ်လျှင်ဆေးပြောင်းရန်ဆရာဝန်နှင့် တိုင်ပင်ဆွေး နွေးသင့်ပါသည်။
  • ဆီးချိုလူနာများ တွင်ထိုဆေးသောက်ပါက ဆီးထဲရှိသ ကြားဓာတ်စစ်သောအခါအဖြေမှားနိုင်ပါသည်။ ထိုအခါ မျိုးတွင် ဆေးနှင့်အစားအသောက်ပုံစံ မပြောင်းမီ ဆရာဝန် နှင့်တိုင်ပင်ဆွေးနွှေးသင့်ပါသည်။
  • သင်ဆေးသောက်စဉ်တွင် သင့်အခြေအနေ နှင့် ဆေး၏ဆိုးကျိုးများကို စောင့်ကြည့်ရန် သွေးတချို့ စစ်သင့်ပါသည်။ ဆရာဝန် နှင့် ဓာတ်ခွဲခန်း ကိုရက်ချိန်းယူထားပါ။
  • ထိုဆေးကို အသက် ၁၈နှစ်အောက် ကလေးများတွင် မသုံးသင့်ပါဘူး။ အသက် ၃လအောက် ကလေးငယ်များ နှင့် ၀မ်းလျှောနေသော ၉နှစ်အောက် ကလေးများတွင်အသုံးမပြုရန် အကြံပြုထားပါသည်။

အောက်ပါ အခြေအနေများ ရှိလျှင် Acid Nalidixic ကိုမသောက်ပါနှင့်။

  • ထိုဆေးနှင့် ဓာတ်မတည့်သောသူ
  • သွေးရောဂါရှိသောသူ သို့ အတက်ရောဂါရှိသောသူ
  • ကင်ဆာဆေးသွင်းနေသောသူ သို့ နှလုံးဆေးသောက်နေသောသူ

 

ဆေးမသောက်မီတွင် ဘာသိထားသင့်သလဲ။

တချို့ကျန်းမာရေးအခြေအနေများသည် ဆေးမသောက်သင့်ပါဘူး။ ဒါကြောင့် သင့်တွင်အောက် ပါအခြေအနေများ ရှိလျှင် ဆရာဝန် သို့ ဆေးဝါးကျွှမ်းကျင်သူ နှင့် တိုင်ပင်ဆွေးနွှေးသင့်ပါသည်။

  • ကိုယ်ဝန်ဆောင် သို့ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူ၊ နို့တိုက်မိခင်
  • အခြားဆေးဝါးများ၊ တိုင်းရင်းဆေးများ၊ ဖြည့်စွက်စာများ စားသုံးနေသူ
  • ဆေးနှင့်ဓာတ်မတည့်သောသူ
  • သတိမေ့ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ မျိုးရိုးတွင် နှလုံးရောဂါ ရှိသူ

 

ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်ချိန်တွင်စိတ်ချရပါသလား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ

Nalidixic acid က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဘေးထွက်ဆိုးကျိုးများမှာ ၀မ်းလျှောခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အနီစက်ထွက်ခြင်း တို့ဖြစ်နိုင်ပါသည်။

ပြင်းထန်သောဓာတ်မတည့်မှုဖြစ်ခြင်း( အနီစက်ထွက်ခြင်း၊ အင်ပြင်ထွက်ခြင်း၊ ယားယံခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရောင်ရမ်းခြင်း )၊ အမြင်ေ၀၀ါးခြင်း၊ နှစ်ထပ်ဖြစ်ခြင်း၊ အတက်တက်ခြင်း၊ ထုံကျင်ခြင်း၊ အရွတ်ရောင်ခြင်း၊ အားနည်းခြင်း တို့ဖြစ်နိုင်ပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Nalidixic acid နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Acid Nalidixic ဟာ သင်အခုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပါ။ (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင် ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) အထူးသဖြင့် သွေးကျဲဆေး၊ နှလုံးငြိမ်ဆေး၊ ဂေါက် ရောဂါဆေး များသောက်နေလျှင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Nalidixic acid နဲ့ ဓာတ်ပြုနိုင်ပါသလား။

Acid Nalidixic က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

 

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Nalidixic acid နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Acid Nalidixic ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

 

အရွယ်ရောက်ပြီးသူတွေမှာ Acid Nalidixicကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အရွယ်ရောက်ပြီးသူများအတွက် ကနဦးကုသမှုမှာ တစ်ခါသောက် ၁ ဂရမ် ကို တစ်ရက် လျှင် ၄ကြိမ် ။ ၁ပတ် မှ ၂ပတ်ထိ( စုစုပေါင်း – တစ်ရက် ၄ ဂရမ် ) ဖြစ်သည်။ ရက်ကြာသော ကုသမှုများတွင် ကနဦးကုသမှုပြီးလျှင် တစ်ရက်လျှင် စုစုပေါင်းပမာဏ၂ ဂရမ်သို့ လျှော့ချ နိုင် ပါသည်။ ဆေးအချိုးအစား မလုံလောက်ပါက ဆေးမတိုးတော့ တာမျိုးဖြစ်နိုင်ပါသည်။

 

ကလေးငယ်တွေမှာ Nalidixic acid ကို သောက်သုံးရမယ့် အချိုးအစားက ဘယ်လောက်လဲ။

Acid Nalidixic ကို ၃လ အောက်ကလေးငယ်များ တွင်မပေးသင့်ပါဘူး။ ၁၂နှစ်အောက်ကလေးငယ်များတွင် ကိုယ်အလေးချိန်ကိုတွက်၍ ပေးရပါမည်။ ကနဦးကုသမှုမှာ 25mg/lb/day နှုန်းနှင့်၎ကြိမ်ခွဲပြီး ပေးရပါမည်။ ရက်ကြာသောကုသမှုတွင် 15mg/lb/day သို့လျှော့ချနိုင်ပါသည်။ ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

 

Nalidixic acid ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ ရရှိနိုင်မလဲ။

Acid Nalidixic ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား ။ 500mg

  

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေ အနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

 

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Acid Nalidixic ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ