Acetylcholine (အက်စီတိုင်းကိုလင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

Generic Name: Acetylcholine (အက်စီတိုင်းကိုလင်း) Brand Name(s): Generics only. No brands available.

အသုံပြုနည်း

Acetylcholine ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Acetylcholine ဟာ အတွင်းတိမ်ခွဲစိတ်မှု (သို့) အခြား မျက်လုံးခွဲစိတ်မှုတွေ အပြီးမှာ မျက်စိသူငယ်အိမ်ကျဉ်းစေဖို့ အသုံးပြုကြပါတယ်။

Acetylcholine ဟာ parasympathomimetics ဆေးတစ်မျိုးဖြစ်ပြီး အာရုံကြော စေ့ဆော်မှု သယ်ပို့ပေးခြင်းအားဖြင့် အလုပ်လုပ်ပါတယ်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

Acetylcholine ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားချက်မပါပဲ အိမ်မှာ အသုံးမပြုသင့်ပါဘူး။ ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။
Acetylcholine ကို အသုံးမပြုခင် ပြင်ဆင်ပြီး ချက်ချင်း အသုံးပြုသင့်ပါတယ်။ သင့်ဆရာဝန်ဟာ ဖွင့်ပြီးရင် မသုံးဖြစ်တဲ့အရည်တွေကို လွှင့်ပစ်မှာ ဖြစ်ပါတယ်။
မျက်စိ ခွဲစိတ်မှုကနေ ပြန်မကောင်းလာမချင်း (သို့) အမြင်အာရုံပုံမှန် ပြန်မဖြစ်မချင်း စက်ကိရိယာတွေ မောင်းနှင်ခြင်း၊ အသုံးပြုခြင်း မပြုလုပ်သင့်ပါဘူး။

 

Acetylcholine ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Acetylcholine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Acetylcholine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Acetylcholine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Acetylcholine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Acetylcholine ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • Acetylcholine (သို့) Acetylcholine ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ရင်

ဓါတ်မတည့်တဲ့ လက္ခဏာတွေကတော့

  • မောခြင်း
  • အသက်ရှူရကျပ်ခြင်း
  • မျက်နှာ၊ ပါးစပ်၊ လျှာ၊ ကိုယ်ခန္ဓာ အခြားအစိတ်အပိုင်းတွေ ရောင်ခြင်း
  • အကွက်ထခြင်း၊ အရေပြား ယားယံခြင်း

Acetylcholine ကို ရက်လွန်နေရင် (သို့) ထုတ်ပိုးမှု ပေါက်ပြဲနေရင် အသုံးမပြုသင့်ပါဘူး။ တကယ်လို့ ဆေး ရက်လွန်နေရင် (သို့) ပျက်စီးနေရင် ဆေးဝါးကျွမ်းကျင်သူကို ပြန်ပေးပြီး လွှင့်ပစ်ခိုင်းသင့်ပါတယ်။

အကယ်၍ ဒီဆေးသောက်သင့် မသောက်သင့် မသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Acetylcholine က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဒီဆေးရဲ့ ဆိုးကျိုးတွေကတော့

  • နှလုံးခုန်နှေးခြင်း
  • သွေးပေါင်ကျခြင်း
  • မျက်နှာ နီရဲ၊ပူနွေးခြင်း
  • မျက်လုံးတိမ်ဖုံးခြင်း
  • မျက်စိအတွင်း အရည်စုခြင်း
  • အသက်ရှူကျပ်ခြင်း
  • ချွေးအလွန်အကျွံထွက်ခြင်း

အောက်ဖေါ်ပြပါ အချက်တွေရှိပြီး သင့်ကို စိုးရိမ်စေတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • နှလုံးခုန်နှေးခြင်း
  • ခေါင်းမူးခြင်း၊ ရီဝေဝေဖြစ်ခြင်း (သွေးပေါင်ကျခြင်းကြောင့်)
  • အသက်ရှူရ ခက်ခဲခြင်း
  • ချွေးထွက်လွန်ခြင်း
  • ပုံမှန်မဟုတ်သော အမြင်အာရုံ

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင် ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Acetylcholine နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Acetylcholine ဟာ သင်အခု လောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝ ဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အချို့ဆေးတွေကို အတူအသုံးမပြုသင့်သော်လည်း အချို့နေရာတွေမှာတော့ ဓါတ်ပြုမှု ရှိရင်တောင်မှ အတူအသုံးပြုသင့်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဒီကိစ္စမှာတော့ သင့်ဆရာဝန်ဟာ ဆေးပမာဏ ပြောင်းလဲပေးခြင်း (သို့) လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ သင်ဟာ အခြားဆေးတွေ သောက်နေတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Acetylcholine နဲ့ ဓာတ်ပြုနိုင်ပါသလား။

Acetylcholine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

 

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Acetylcholine နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Acetylcholine ဟာ သင့်ရဲ့ နဂိုကျန်းမာရေး အခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှု ပုံစံပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေး အခြေအနေ အကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါး ကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များ နေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Acetylcholine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သင့်ဆရာဝန်က ဆေးပမာဏကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားမှု မရှိပဲ ဆေးကို အိမ်မှာ အသုံးမပြုသင့်ပါဘူး။

 

ကလေးငယ်တွေမှာ Acetylcholine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ကလေးလူနာများမှာ ဘယ်လောက် အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှု ရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

 

Acetylcholine ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Acetylcholine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• ဆေးရည်၊ Intraocular ၊ as chloride: 20mg (mannitol ပါဝင်သည်)

 

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ် အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

 

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Acetylcholine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ