Abodine (အဘိုဒိုင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Abodine (အဘိုဒိုင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Abodine (အဘိုဒိုင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Abodine ဟာ အနာသန့်စင်ပိုးသတ်ဆေးရည် ဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်။Abodine ကို အနာအသေးစားလေးတွေ၊မပြင်းထန်တဲ့ ကူးစက်ပိုးဝင်ခြင်းကို ကုသဖို့၊ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးဖို့အတွက် အများဆုံး အသုံးပြုလေ့ရှိကြပါတယ်။

Abodine (အဘိုဒိုင်း) ဘယ်လိုသောက်သုံးသင့်သလဲ

Abodine ကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သုံးစွဲပါ။ ဆေးဗူးမှာ ညွှန်ကြားထားတဲ့ ပမာဏအတိုင်း အတိအကျ သုံးစွဲပါ။ ဒါဏ်ရာရတဲ့ နေရာကို ဦးစွာ ရေနဲ့ဆေးကြောသန့်စင်ပါ။Abodine အနည်းငယ်ကို ဒါဏ်ရာပေါ် လိမ်းပေးပါ။ လိမ်းပြီးတဲ့အခါ ဒီအတိုင်း ဟင်းလင်းဖွင့်ထားနိုင်သလို ပိုးသတ်ထားတဲ့ ပတ်တီးနဲ့လည်း စည်းထားနိုင်ပါတယ်။

Abodine (အဘိုဒိုင်း) ဘယ်လိုသိမ်းဆည်းရမလဲ

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Abodine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ abodine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ abodine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Abodine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Abodine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Abodine (အဘိုဒိုင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ပါအချက်အလက်တွေရှိတယ်ဆိုရင် ဆေးမသုံးစွဲခင် ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
  • အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
  • abodine သို့မဟုတ် အခြားဆေးများ သို့မဟုတ် သဘာဝဆေးဖက်ဝင်အပင်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။
  • ပြင်းထန်သော မီးလောင်ဒါဏ်ရာရှိလျှင် သို့မဟုတ် ထိုးသွင်းဒါဏ်ရာ နက်နက်ရှိလျှင်။
  • abodine ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်လျှင်။

abodine ဒါမှမဟုတ် အိုင်အိုဒင်းပါဝင်တဲ့ ဆေးတမျိုးမျိုးနဲ့ ပြင်းထန်စွာ ဓါတ်မတည့်ခြင်းဖြစ်ခဲ့ရင် ဆေးဝါးကုသမှု အမြန်ခံယူရပါမယ်။ ပြင်းထန်စွာ ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာတွေကတော့ တကိုယ်လုံး အနီစက်များထွက်ခြင်း၊အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခြင်း သို့မဟုတ် ထိုင်းမှိုင်းငိုက်မျဉ်းခြင်းတို့ပဲ ဖြစ်ကြပါတယ်။abodine ဒါမှမဟုတ် အိုင်အိုဒင်းပါဝင်တဲ့ ဆေးတမျိုးမျိုးနဲ့ ဓါတ်မတည့်ခြင်း ရှိမရှိနဲ့ပတ်သက်ပြီး မေးမြန်းချင်တာတွေရှိရင် သင့်ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အချိန်မရွေးမေးမြန်းနိုင်ပါတယ်။abodine ကို သုံးစွဲအပြီး အရေပြားမှာ အစက်တွေ ထွက်လာတာ၊အင်ပြင်တွေထွက်တာ၊ယားယံတာ ဒါမှမဟုတ် အခြားသော မူမမှန်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာခဲ့ရင် ဆေးသုံးစွဲတာကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။abodine ကို ခန္ဓါကိုယ်အပြင်ပိုင်းမှာပဲ အသုံးပြုရမှာ ဖြစ်ပြီး မျက်စိ၊နှာခေါင်း နဲ့ ပါးစပ်တွေထဲကို မဝင်စေရပါဘူး။abodine ကို ခန္ဓါကိုယ်နေရာ အများအပြားမှာ မသုံးသင့်သလို ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ တပတ်ထက်ပိုပြီး မသုံးစွဲသင့်ပါဘူး။ ပြင်းထန်တဲ့ မီးလောင်ဒါဏ်ရာတွေ၊နက်ရှိုင်းတဲ့ အနာတွေ နဲ့ ထိုးသွင်းဒါဏ်ရာတွေအတွက် abodine ကို အသုံးမပြုခင် ဆရာဝန်ကို ကြိုတင်မေးမြန်းရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Abodine (အဘိုဒိုင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Abodine (အဘိုဒိုင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးဟာ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပေမယ့် ပြင်းထန်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်တာမျိုးတော့ ရှားပါတယ်။ သင့်အရေပြားမှာ ပြဿနာတစုံတရာ ပေါ်ပေါက်လာခဲ့ရင် ဆရာဝန်ကို အသိပေးပါ။ ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်း လက္ခဏာတွေဖြစ်တဲ့ အနီစက်များထွက်ခြင်း၊အင်ပြင်ထွက်ခြင်း၊ယားယံခြင်း၊အသက်ရှုရခက်ခြင်း၊ရင်ကျပ်ခြင်း၊ပါးစပ်၊မျက်နှာ၊နှုတ်ခမ်း၊လျှာ စသည်တို့ ရောင်ရမ်းခြင်း တို့ကို ခံစားနေရပြီဆိုရင်တော့ အရေးပေါ်ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူရပါမယ်။ ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Abodine (အဘိုဒိုင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Abodine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Abodine (အဘိုဒိုင်း) နဲ့ ဓါတ်ပြုနိုင်သလား

Abodine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Abodine (အဘိုဒိုင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Abodine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Abodine (အဘိုဒိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သင့်အသက်အရွယ်၊ကျားမ၊ကျန်းမာရေးအခြေအနေ၊ဆေးကို တုံ့ပြန်မှု၊အခြားသော ဆေးဝါးများသုံးစွဲမှု စတာတွေပေါ် မူတည်ပြီး ဆေးပမာဏ ပြောင်းလဲနိုင်ပါတယ်။ အသေးစိတ်ထပ်မံသိရှိဖို့ သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးပါ။

ကလေးတွေအတွက် Abodine (အဘိုဒိုင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Abodine (အဘိုဒိုင်း) ကိုဘယ်လိုရရှိနိုင်သလဲ

abodine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

 Abodine: Povidone-Iodine:1%; 60 စီစီ

 Abodine: Povidone-Iodine:7.5%; 60 စီစီ

 Abodine: Povidone-Iodine:10%; 60 စီစီ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Abodine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 18, 2018

ရင်းမြစ်များ