Abboticin (အက်ဘော့တ်တီစင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Abboticin (အက်ဘော့တ်တီစင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Abboticin (အက်ဘော့တ်တီစင်) ကို ဘာအတွက်အသုံးပြုကြသလဲ

အက်ဘော့တ်တီစင် ကို အများဆုံးအသုံးပြုကြသည်မှာ အချို့သောဘတ်တီးရီးယားကူးစက်ဝင်ရောက်ခြင်းကို ကုသရာမှာသုံးပါတယ်။ လေးဘက်နာရောဂါအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ဆုံးဖြတ်တဲ့အတိုင်း အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။

Abboticin (အက်ဘော့တ်တီစင်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးုနိင်ပါတယ်။

  • အစာနဲ့တွဲပြီး သီု့ အစာမပါဘဲသောက်ပေးနိုင်ပါတယ်။ ဗိုက်မအီမကယ်ဖြစ်ခြင်းအတွက် အစာအိမ်ရောင်ရမ်းခြင်းကို သက်သောစေရန်အစာနဲ့တွဲသောက်ုနိင်ပါတယ်။
  • ဆေးတစ်ခုလုံးကို မျိုချပါ။ ချိုးခြင်း။ ကျိတ်ချေခြင်း၊ ဝါးစားခြင်းတွေကို မမျိုချခင်မပြုလုပ်သင့်ပါဘူး။
  • အသုံးပြုနေစဉ်မှာ စပျစ်သီးသို့ စပျစ်သီးဖျော်ရည် မမှီဝဲသသင့်ပါဘူး။
  • နေ့စဉ်အချိန်မှန်မှီဝဲခြင်းက ရလဒ်ကောင်းစေပါတယ်။
  • ကူးစက်ပိုးတွေမြန်မြန်သက်သာပျောက်ကင်းဖို့ဆိုရင် ဆေးပတ်လည်အောင်သောက်ဖို့လိုပါတယ်။ ရက်အနည်းငယ်အတွင်းသက်သာမယ်ဆိုရင်ောတင် ဆက်အသု့းပြုသင့်ပါတယ်။
  • တစ်ခါသောက်ဆေးပမာဏလွတ်သွားခဲ့ရင်
  • တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီး သိလိုသမျှကို ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူထံမှာ မေးနိုင်ပါတယ်။

Abboticin (အက်ဘော့တ်တီစင်) ဘယ်လိုသိမ်းဆည်းရမလဲ

( ဆေးအများစုမှာ အခန်းအပူချိန် 86 degrees F (30 degrees C)အောက်မှာ င် သိုလှောင်ထားနိုင်ပါတယ်)

Medication ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ medication ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ တင်းကျပ်စွာထုပ်ပိုးသိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Abboticin (အက်ဘော့တ်တီစင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • Abboticineနဲ့ဓါတ်မတည့်ဘူးဆိုရင်
  • astemizole, cisapride, conivaptan, diltiazem, dofetilide, an ergot alkaloid (eg, dihydroergotamine, ergotamine), everolimus, an HIV protease inhibitor (eg, ritonavir), an imidazole (eg, ketoconazole), nilotinib, pimozide, a QT-prolonging agent (eg, quinidine, sotalol), a quinolone (eg, ciprofloxacin), a streptogramin (eg, quinupristin/dalfopristin), terfenadine, or verapamil ဆေးတွေအသုံးပြုနေတယ်ဆိုရင်

ဒီအချက်တစ်ချက်ချက်ရှိနေမယ်ဆိုရင် သင့်ဆရာဝန်သို့ ကျန်းမာရေးကြီးကြပ်သူကို ပြောပြသင့်ပါတယ်။

အရေးကြီးတဲ့ Abboticin စိတ်ချရမှုရှိမရှိ-

  • ဝမ်းလျှောခြင်းက ပဋိဇီဝဆေးအသုံးပြုခြင်းမှာ အတွေ့များပါတယ်။ အရမ်းပြင်းထန်တဲ့ဝမ်းလျှောခြင်းမျိုးကိုတော့ အတွေ့နည ်းပါတယ်။ အသုံးပြုနေစဉ်နဲ့ ဆေးရက်လိုက်ပြီးလပေါင်းများစွာအတွင်း တွေ့နိုင်ပါတယ။် ဗိုက်အောင့်ခြင်း၊ အပြင်းအထန်ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်းတွေတွေ့ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ဆရာဝန်ကိုမပြဘဲ မကုသသင့်ပါ့ဘူး။
  • ဘတ်တီးရီးယားတွေိကိုသာနိုင်ပြီး အအေးမိခြင်းကဲ့သို့သော ဗိုင်းရပ်ပိုးကူးစက်မှုတွေကို မကုသနိုင်ပါဘူး။
  • ဆေးပတ်လည်အောင် အသုံးပြုပါ။ ဆေးပတ်လည်အောင်မသောက်ဘူးဆိုရင် ဆေးကကူးစက်ပိုးတွေကို အကြွင်းမကျန်ပယ်ရှားပေးနိုင်မှာ မဟုတ်ပါဘူး။ ဘတ်တီးရီးယားက ဒီဆေးနဲ့အခြားသောဆေးတွေကို ခုခံနိုင်စွမ်းမြင့်သွားနိုင်ပါတယ်။ နောက်ပိုင်းမှာ ကူးစကိပိုးတွေကိုကုသဖို့ ပိုမိုခက်သွားနိုင်ပါတယ်။
  • Abboticin ရေရှည်သို့ ထပ်ခါထပ်ခါအသုံးပြုခြင်းကြောင့် နောက်ထပ်ကူးစက်ပိုးဝင်ခြင်းကို ဖြစ်စေပါတယ်။ ကူးစက်ပိုးတွေထပ်မံဝင်ရောက်ခြင်းလက္ခဏာတွေတွေ့ခဲ့မယ်ဆိုရင် သင့်ဆရာဝန်ကိုပြောပြပါ။ ကုသဖို့အတွက်ဆိုရင် ဆေးပမာဏပြောင်းလဲဖို့ လိုပါလိမ့်မယ်။
  • သင်သွားသို့အခြားသောကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်ကုသမှု၊ ခွဲစိတ်ကုသမှုတွေမပြုလုပ်ခင်မှာ သင့်ဆရာဝန်သို့သွားဆရာဝန်ကို Abboticin အသုံးပြုနေကြောင်း ပြောပြပါ။
  • Abboticin အသုံးပြုလူနာတွေမှာ ပြန်ကုသနိုင်တဲ့နားအကြားချို့ယွင်းခြင်းတွေ အြဖ်စ်နည်းပေမဲ့ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ပြဿနာရှိခဲ့မယ်ဆိုရင် သို့ Abboticin ပမာဏအများကြီးအသုံးပြုနေမယ်ဆိုရင် ပိုဆိုးစေနိုင်ပါတယ်။ သင်အကြားအာရုံချို့ယွင်းမယ်သို့ လုံးဝမကြားတော့ဘူးဆိုရင် သင့်ဆရာဝန်နဲ့ပြသသင့်ပါတယ်။
  • ဓါတ်ခွဲခန်းစစ်ဆေးစမ်းသပ်မှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ဓါတ်ခွဲခန်းတာဝန်ရှိသူကို ဆေးအသုံးပြုနေကြောင်း ပြောပြထားပါ။
  • ဓါတ်ခွဲခန်းစစ်ဆေးစမ်းသပ်ချက်များ၊ အသည်းလုပ်ငန်း၊ ကျေက်ကပ်လုပ်ငန်း၊ နဲ့ သွေးဆဲလ်အရေအတွက်စစ်ဆေးခြ်င်းတွေကို အသုံးပြုနေစဉ်မှာ ပြုလုပ်သင့်ပါတယ်။ သင့်ကျန်းမာရေးအခြေအနေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြသနိုင်ပါတယ်။ သင့်ဆရာဝန်နဲ့အမြဲတွေ့ဆုံနေသင့်ပါတယ်။
  • ကိုယ်ဝန်ဆောင်ခြင်းနဲ့ နို့တိုက်ခြင်း – သင့်မှာကိုယ်ဝန်ရှိနေတယ်ဆိုရင် သင့်ဆရာဝန်နဲ့ပြသင့်ပါတယ်။ ကိုယ်ဝန်ရှိနေစဉ်မှာ ဆေးအသုံးပြုခြင်းကြောင့် ရလာနိုင်တဲ့ဆိုးကျိုးကောင်းကျိုးတွေကို သိထားသင့်ပါတယ်။ နို့တိုက်နေတယိသု့ိ နို့တိုက်ကျွေးတော့မယ်ဆိုရင် သင့်ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ သင့်ကလေးရလာနိုင်မယ့်အန္တရာယ်တွေအားလုံးကို သိထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Abboticin (အက်ဘော့တ်တီစင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

နို့တိုက်ခြင်း – နို့မှာပါနိုင်တာကြောင့် သတိထားအသုံးပြုရမှာ ဖြစ်ပါတယ်။ AAP ကို နို့တိုက်နေစဉ်အသုံးပြုနိုင်ပါတယိ။

ဘေးထွက်ဆိုးကျိုးများ

Abboticin (အက်ဘော့တ်တီစင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ လူအများစုမှာတော့ ဘေးထွက်ဆိုးကျိုးနည်းတာသို့ မတွေ့တာမျိုးလည်းရှိပါတယ်။ တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတစ်ခုခုရှိခဲ့မယ်ဆိုရင် အကြာကြီးတွေ့ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

  • ဝမ်းလျှေခြင်း ၊ အစားစားလိုစိတ်မရှိခြင်း၊ မအီမသာဖြစ်ြခ်င်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း

အောက်ပါအချက်ပြင်းထန်တဲ့လက္ခဏာတွေတွေ့ခဲ့မယ်ဆိုရင် ကုသမှုချက်ချင်းခံယူသင့်ပါတယ်။

  • ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်၊မျက်နှာ၊ နှုတ်ခမ်း၊ လျှာရောင်ခြင်း)
  • သွေးဝမ်းသွားခြင်း၊ အကြားအာရုံချို့ယွင်းခြ်င်းသို့ လုံးဝမကြားတော့ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ အရေပြားနီ၊ ရောင်၊ ပေါက်ပြဲကွာကျခြင်း၊ တက်ခြင်း၊ အပြင်းအထန်ဝမ်းလျှောခြင်း၊ အပြင်းအထန်ဗိုက်အောင့်ခြင်း ၊ အသည်းပြဿနာများ( အရေပြားမျက်လုံးဝါခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ ပြင်းပြင်းထန်ထန်နာတာရှည် မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ အစားစားလိုစိတ်မရှိခြင်း၊ ဆီးအရောင်ရင့်ခြင်း)

ဒီထက်ပိုတဲ့ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေနိုင်ပါသေးတယ်။

အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Abboticin (အက်ဘော့တ်တီစင်) နဲ့ ဓါတ်ပြုနိုင်သလဲ

အက်ဘော့တ်တီစင် ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ အထူးသဖြင့်

  • Astemizole, cisapride, diltiazem, dofetilide, an HIV protease inhibitor (eg, ritonavir), imidazoles (eg, ketoconazole), nilotinib, pimozide, a QT-prolonging agent (eg, quinidine, sotalol), a quinolone (eg, ciprofloxacin), a streptogramin (eg, quinupristin/dalfopristin), terfenadine, or verapamil နှလုံးအဆိပ်သင့်ခြင်း သို့နှလုံးခုန်မမှန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တာကြောင့် ဖြ်စ်ပါတယ်။ နှလုံးခုန်ပြောင်းလဲမှုနဲပတ်သက်ပြီး ထပ်သိလိုသမျှကို သင့်ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။
  • Conivaptan, ergot alkaloids (eg, dihydroergotamine, ergotamine), or everolimus ဒီဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေက Abboticin ကြောင့်ပိုဆိုးလာနိုင်ပါတယ်။
  • ဆရာဝန်ညွှန်ထားတဲ့ဆေးတွေနဲ့ ညွှန်ကြားခြင်းမရှိဘဲဝယ်သောက်ထားတဲ့ဆေးများ ( အကိုက်ခဲပျောက်ဆေးများ၊ ဓါတ်မတည့်မှု၊ သွေးကျဲခြင်း၊ အသက်ရှူပြဿနာများ၊ ကင်ဆာ၊ ဆီးချို၊ အမျိုးသားအင်္ဂါမထောင်မတ်နိုင်ခြင်း၊ ဂေါက်၊ နှလုံးပြဿနာများ၊ သွေးတွင်းကယ်ဆီယမ်များခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းကိုလက်စထရောများခြင်း၊ ခုခံအားကျဆင်းခြင်း။ ရောင်ရမ်းခြ်င်၊ ကူးစက်ပိုးဝ်င်ခြင်း၊ သွေးတွင်းဆိုဒီယမ်နည်းခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာပြဿနာများ၊ ဆီးအိတ်ပုံမှန်ထက်အလုပ်ပိုလုပ်ခြင်း၊ ပါကင်ဆန်ရောဂါ၊ အင်္ဂါအစားထိုးခြင်းဆိုင်ရာငြင်းဆန်မှုများအတွက် ကာကွယ်ခြင်း၊ အတက်ရောဂါ၊ အစာအိမ်ပြဿနာများ၊ အိပ်ပျော်ရခက်ခြင်းစတာတွေအတွက် အသုံးပြုနေသည့်ဆေးများ) ၊ ဗီတာမင်ဖြည့်စွက်စာများ၊ ဆေးဖက်ဝင်ဖြည့်စွက်စာများ၊( ဆေးဖက်ဝင်လက်ဖက်ရည်၊ coenzyme Q10၊ ကြက်သွန်ဖြူ၊ ဂျင်ဆင်း၊ ဂျင်ဂို) စတဲ့ဆေးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပါတယ်။

ဖော်ပြပါအချက်တွေထဲမှာ မပါတဲ့အခြားဓါတ်ပြုမှုတွေလည ်းရှိနေနိုင်ပါသေးတယ်။ သင်အသုံးပြုနေတဲ့အခြားဆေးတွေနဲ့ ဓါတ်ပြုမှုရှိမရှိ သင့်ဆရာဝန်ကိုမေးနိုင်ပါတယ်။ စအသုံးမပြုခင်၊ မရပ်ခင်၊ ဆေးပမာဏအပြောင်းအလဲမပြုလုပ်ခင် မည်သည့်ဆေးကိုမဆို သင့်ဆရာဝန်ကိုမေးသင့်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Abboticin (အက်ဘော့တ်တီစင်) နဲ့ ဓါတ်ပြုနိုင်သလား

Medication က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Abboticin (အက်ဘော့တ်တီစင်) နဲ့ ဓါတ်ပြုနိုင်သလဲ

အက်ဘော့တ်တီစင် ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ }

အထူးသဖြင့်အောက်ပါအခြေအနေတွေမှာ ဖြစ်ပါတယ်။

  • သင်မှာကိုယ်ဝန်ရှိနေရင်သို့ ကိုယ်ဝန်ယူဖို့အစီအစဉ်ရှိနေရင် သို့ နို့တိုက်ကျွေးနေတယ်ဆိုရင်
  • သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)
  • ဆေး၊ အစားအစာ၊ အခြားပစ္စည်းတွေနဲ့ ဓါတ်မတည့်မှုတွြေဖ်စ်ခဲ့မယ်ဆိုရင်
  • ဝမ်းလျှောခြင်း၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်းရှိခဲ့မယ်ဆိုရင်
  • အသည်းကျောက်ကပ်ရောဂါ၊ နှလုံးပြဿနာများ၊ နှလုံးခုန်မမှန်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ သွေးတွင်းporphyrin များခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Abboticin (အက်ဘော့တ်တီစင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘုယျအသုံးပြုသင့်သည့်ပမာဏ

400 mg PO q6hr

ကူးစက်ပိုးအပြင်းအထန်ပေါ်မူတည်ပြီ း 4 g/dayထိတိုးပေးနိုင်ပါတယ်။

အူအမီးဘားပိုးစွဲခြင်း

400 mg PO q6hr ၁၀ရက်ကနေ ၁၄ရက်အထိ

Legionnaire Disease

400-1000 mg PO q6hr ၂၁ရက်စာ

ကြက်ညှာချောင်းဆိုးရောဂါ

40-50 mg/kg/day PO ၅ရက်ကနေ၁၄ရက်အထိ ဆေးအကြိမ်ရေခွဲအသုံးပြုနိုင်ပါတယ်။

Streptococcal infections

400 mg PO တစ်နေ့၂ကြိမ် ၁၀ရက်

ကာလသားရောဂါ

48-64 g PO ဆေးအကြိမ်ရေမခွဲဘဲ ၁၀ရက်မှ ၁၅ရက်အထိ

ဆီးစွန့်ပြွန်ရောင်ခြင်း

C trachomatis or U urealyticumကြောင့် ဖြစ်ပါတယ်။

800 mg PO q8hr ၇ရက်စာ

ကလေးတွေအတွက် Abboticin (အက်ဘော့တ်တီစင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

မွေးကင်းစကလေးများ

  • ကိုယ်အလေးချိန် 1.2 kgအောက် – 20 mg/kg/day PO တစ်နေ့၂ကြိမ်
  • ကိုယ်အလေးချိန် 1.2 kgသို့ အထက် -0-7 days old: 20 mg/kg/day PO တစ်နေ့၂ကြိမ်
  • ကိုယ်အလေးချိန် 1.2 kgအထက် – 7 days or older: 30 mg/kg/day တစ်နေ့၃ကြိမ်
  • မျက်ခမ်းစပ်ရောဂါနဲ့ အဆုတ်ရောင်ရောဂါ -50 mg/kg/day PO တစ်နေ့၄ကြိမ် ၁၄ရက်စ

ကလေးများအတွက်

  • သိပ်မပြင်းထန်တဲ့ကူးစက်ပိုးများအတွက်- 30-50 mg/kg/day PO တစ်နေ့ ၂ကြိမ်မှ ၄ကြိမ်အထိ
  • ပြင်းထန်တဲ့ကူးစက်ပိုးများအတွက် – 60-100 mg/kg/day PO တစ်နေ့ ၂ကြိမ်မှ ၄ကြိမ်အထိ

Abboticin (အက်ဘော့တ်တီစင်) ကိုဘယ်လိုရရှိနိုင်သလဲ

အက်ဘော့တ်တီစင် ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးပြား 500mg erythromycin

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အက်ဘော့တ်တီစင် ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 25, 2018

ရင်းမြစ်များ