backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Hydrogen Peroxideသည် မပြင်းထန်သောပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ထိရှဒဏ်ရာအနည်းငယ်၊ အရေပြားပွန်းပဲ့ရာ၊ နှင့် မီးလောင်ဒဏ်ရာတို့အတွက် အရေပြားပေါ်တွင် အသုံးပြုတဲ့ဆေးဖြစ်ပါတယ်။ အာလုပ်ကျင်းသောအရည်အဖြစ်လည်းအသုံးပြုပြီးအချွဲအကျိများဖယ်ရှားကာပါးစပ်အတွင်းရှိယားယံခြင်းများကိုသက်သာစေပါတယ်။Hydrogen peroxide ဟာရောဂါရှိတဲ့ နေရာကိုလိမ်းလိုက်တဲ့အခါမှာအောက်စီဂျင်ကိုထုတ်ပေးခြင်းအားဖြင့် ဆဲလ်အသေများကိုဖယ်ရှားပြီးသန့်စင်ပေးခြင်းအားဖြင့် ရောဂါသက်သာစေပါတယ်။

ဒါပေမယ့် ဒီဆေးကိုဒဏ်ရာနက်နက်တွေ၊ တိရိစ္ဆာန်ကိုက် ဒဏ်ရာတွေနဲ့ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေမှာအသုံးမပြုသင့်ပါဘူး။

ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

Hydrogen Peroxide ကိုမျက်လုံးထဲနဲ့ အရေပြားအနာကြီးရင် အသုံးမပြုသင့်ပါဘူး။

တကယ်လို့ အရေပြားပေါ်မှာအသုံးပြုမယ်ဆိုရင် အနာကိုအရင် သန့်ရှင်းရေးလုပ်ပြီးမှ အသုံးပြုသင့်ပါတယ်။ Hydrogen peroxide အနည်းငယ်ကိုအရေပြားပေါ် သုတ်လိမ်းနိုင်ပါတယ်။ တစ်နေ့ကို ၁ကြိမ်ကနေ ၃ကြိမ်အထိ၊ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားချက်အတိုင်းအသုံးပြုနိုင်ပါတယ်။ ဆေးလိမ်ပြီးပတ်တီးစည်းမယ်ဆိုရင် ဆေးခြောက်တာကိုအရင်စောင့်သင့်ပါတယ်။ အာလုပ်ကျင်းတဲ့ အရည်အဖြစ်သုံးမယ် ဆိုရင်တော့ Hydrogen Peroxide ကိုရေနဲ့ ဆတူရောပြီးပါးစပ်ထဲမှာတစ်မိနစ်လောက် ငုံထားပြီးမှ ထွေးထုတ်သင့်ပါတယ်။ Hydrogen Peroxide ကိုမျိုမချသင့်ပါဘူး။ တစ်နေ့ကိုလေးကြိမ် (သို့) သွားဆရာဝန် ညွှန်ကြားချက်အတိုင်းလိုက်နာသင့်ပါတယ်။

Hydrogen Peroxide ကိုအကျိုးရှိအောင် ပုံမှန်သုံးစွဲသင့်ပါတယ်။ မှတ်မိအောင် ပြောရရင်တော့ နေ့တိုင်းမှာအချိန်တူညီစွာအသုံးပြုသင့်ပါတယ်။

သင့်အခြေအနေဟာ ၇ ရက်အတွင်းတိုးတက်မလာရင် (သို့) ပိုဆိုးလာခဲ့ရင် သင့်ဆရာဝန်ကိုအကြောင်းကြားသင့်ပါတယ်။

ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Hydrogen Peroxideကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Hydrogen Peroxideကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Hydrogen Peroxideဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Hydrogen Peroxideကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Hydrogen Peroxide နဲ့ ဓါတ်မတည့်တာ (သို့) အခြားဆေးတွေနဲ့ ဓါတ်မတည့်တာရှိရင် ဆရာဝန်ကို ကြိုတင်ပြောပြသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

လိမ်းထားတဲ့နေရာမှာနီခြင်း၊ နာကျင်ခြင်း၊ အရေပြားကျိန်းစပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ တကယ်လို့ ကြာရှည်စွာ ဖြစ်မယ်ဆိုရင် ဆရာဝန် (သို့) ဆေးဝါး ကျွမ်းကျင်သူကိုအကြောင်းကြားသင့်ပါတယ်။

တကယ်လို့ သင့်ဆရာဝန်ကသင့်ကိုဒီဆေးသုံးခိုင်းခဲ့မယ်ဆိုရင် ဒီဆေးကြောင့်သင်ရမယ့်အကျိုးကဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေထက် ပိုများလို့ဆိုတာကိုလည်းမမေ့သင့်ပါဘူး။ ဒီဆေးသုံးနေတဲ့ လူအတော်များများကလည်း ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလေ့မရှိပါဘူး။

သင့်ထံမှာအရေပြားပိုးဝင်ခြင်းရဲ့ လက္ခဏာတွေပေါ်လာပြီဆိုရင်တော့ ဆေးကိုရပ်လိုက်ပါ (ဥပမာ၊ ပူခြင်း၊ နာခြင်း၊ ပြည်တည်ခြင်း)

ဒီဆေးနဲ့ အလွန်အကျွံ ဓါတ်မတည့်ခြင်းဟာရှားပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါ ပြင်းထန်ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာတွေတွေ့ပြီဆိုရင်တော့အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။ (အနီကွက်ပေါ်ခြင်း၊ ယားယံခြင်း၊ မျက်နှာ၊ လျှာ၊ လည်ချောင်းများရောင်ရမ်းခြင်း၊ ပြင်းထန်ခေါင်းမူးခြင်း၊ အသက်ရှူခက်ခဲခြင်း)

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Hydrogen Peroxideဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) နဲ့ ဓါတ်ပြုနိုင်သလား

Hydrogen Peroxideက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Hydrogen Peroxideဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ် (အထူးသဖြင့် အရေပြားနီ၍ ရောင်အမ်းနာကျင်ခြင်း၊ နှင်းခူနာ၊ နေလောင်ထားသောအရေပြား)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

1.5% အရည် (အာလုပ်ကျင်းရန်၊ ပါးစပ်ဆေးရန်)

နား

6% Hydrogen peroxide အရည်ကိုရေသုံးဆဖြင့်ရော (ရောပြီးချက်ချင်းသုံးရန်)

အရေပြား

အနာဆေးရန်

6% အရည် (သို့) 1-1.5 ခရင်

ကလေးတွေအတွက် ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

ံHydrogen Peroxide (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

Hydrogen Peroxideကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဂျယ် – 90gm x 2 tubes, 90gm x 3 tubes, 90gm x 4 tubes, 90gm x 5 tubes, 90gm x 6 tubes, 90gm x 12 tubes (1 case), 90gm x 24 tubes (2 cases), 90gm x 36 tubes (3 cases), 90gm x 48 tubes (4 cases), 90gm x 60 tubes (5 cases), 90gm x 72 tubes (6 cases), 90gm x 144 tubes (12 cases)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Hydrogen Peroxideကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

PasteTextHere Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement