စိမ်းပြာရေညှိ ကို အောက်ပါရောဂါဝေဒနာတွေအတွက် သုံးတတ်ကြပါတယ်။
စိမ်းပြာရေညှိ မှာ စားသုံးလိုက်တဲ့အခါ စုပ်ယူရလွယ်တဲ့ ပရိုတင်းဓာတ်၊သံဓာတ်၊နဲ့ တခြားသတ္ထုဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။
စိမ်းပြာရေညှိ ကိုကိုယ်ခံအားစနစ်မှာ ကောင်းကျိုးသက်ရောက်မှု၊ ဖောရောင်ခြင်းနဲ့ ရောဂါပိုး ကူးစက်ခြင်းတို့အတွက် သုတေသနပြုလျက်ရှိကြပါတယ်။
ထပ်မံသိရှိလိုပါက ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေကို မေးမြန်းနိုင်ပါတယ်။
အောက်ပါအချက်တွေ သင့်မှာရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဆေးဖက်ဝင်ဓာတ်စာအားဆေးအတွက်စည်းကမ်း သတ်မှတ်ချက်က ဆေးဝါးတွေ တင်းကြပ်မှု မရှိပါဘူး။ သို့သော် ၎င်းရဲ့ဘေးဥပါဒ်ကင်းရှင်းမှုအတွက် လေ့လာမှု တွေထပ်လုပ်ဖို့ိလိုအပ်ပါတယ်။ ဒီဆေးဖက်ဝင်ပစ္စည်းရဲ့ အကျိုးကျေးဇူးတွေ ကတော့ ဆိုးကျိုးထက်ပိုများပါတယ်။ အကောင်းဆုံးက ဆရာဝန်နဲ့တိုင်ပင်ပါ။
မသန့်စင်တဲ့ စိမ်းပြာရေညှိ ထုတ်ကုန်တွေက ကလေးတွေ အတွက်ဘေးမကင်းနိုင်ပါဘူး။ ကလေးတွေက မသန့်တဲ့ စိမ်းပြာရေညှိ ကို လူကြီးတွေထက် ပိုပြီးထိခိုက်လွယ်ကြ ပါတယ်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် မှာ စိမ်းပြာရေညှိ သုံးစွဲခြင်းရဲ့ ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်တဲ့ စိတ်ချယုံကြည်ရတဲ့ အချက်အလက် အလုံအလောက်မရှိသေးပါဘူ။ စိတ်ချရအောင် အသုံးမပြုတာတော့ အကောင်းဆုံးပါ။
စိမ်းပြာရေညှိ ရဲ့အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတချို့က
ဒီဘေးထွက်ဆိုးကျိုးတွေကို လူတိုင်းခံစားရတာတော့ မဟုတ်ပါဘူး။ အထက်မှာမပါရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ လည်းရှိလာနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိလာခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်တောင်းခံပါ။
စိမ်းပြာရေညှိ က သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေနဲ့ဓာတ်ပြုတုံ့ပြန်နိုင်ပါတယ်။ သူ့ကိုအသုံးမပြုခင်မှာ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။
စိမ်းပြာရေညှိ ကို ကိုယ်ခံအားကိုကျဆင်းစေတဲ့ ဆေးဝါးကုထုံးတွေနဲ့အတူ ရောပြီးသုံးစွဲမိရင် ဓါတ်ပြုမှုတွေဖြစ်နိုင်ပါတယ်။
အောက်ပါရောဂါအခြေအနေတွေက စပီရူလိုင်းနားနဲ့ ဓာတ်ပြုတုံ့ပြန်မှုှရှိလာနိုင်ပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ဆေးပညာအကြံဉာဏ်တွေအဖြစ် သုံးလို့မရနိုင်ပါဘူး။ ဒီဆေးဖက်ဝင်ပစ္စည်းကိုမသုံးခင် ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနဲ့ အမြဲတိုင်ပင်ပါ။
ဒီဆေးဖက်ဝင်ပစ္စည်းကိုအသုံးပြုတဲ့ပမာဏက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအခြေအနေ အများကြီးကို မူတည်ပါတယ်။ ဆေးဖက်ဝင်တဲ့နွယ်မြက် သစ်ပင်တွေကထုတ်တဲ့ ဆေးတွေဟာ အမြဲတော့ ဘေးမကင်းပါဘူး။ ဒါ့ကြောင့် တန်ဆေးလွန်ဘေး မဖြစ်အောင် ဆရာဝန်နဲ့တိုင်ပင်ပြီး ပမာဏကို ချင့်ချိန်ပါ။
စိမ်းပြာရေညှိ ကို အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။