ကျောက်ပွင့်လေးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ကျောက်ပွင့်ြဖူဖြူလေးကို သုပ်စားရတာကြိုက်လား။ ဒီချစ်စရာကောင်းတဲ့ကျောက်ပွင့်လေးတွေက သုပ်စားရုံတင်မကဘဲကြော်စားလို့ရသလို ဟင်းရည်ချက်သောက်လို့လည်းရပါတယ်။ အရောင်အသွေးရော အသွင်အပြင်ပါချစ်စရာကောင်းတဲ့ကျောက်ပွင့်က အာဟာရဓါတ်ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

ကျောက်ပွင့်ဆိုတာ

ကျောက်ပွင့်ဆိုတာက မှိုအမျိုးအစားတစ်ခုပေါ့။ လူကြိုက်များသလို အာဟာရလည်းကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ အဖြူရောင်လေးရှိပြီး အပွင့်ထူထူလေးနဲ့ အဖက်လေးတွေက အထပ်အထပ်လိုက်လေးတွေရှိနေတာပါ။ ပုံစံအတိအကျတော့မရှိပါဘူး။ အပူပိုင်းဒေသမှာအများဆုံးပေါက်ရောက်တတ်ကြပြီး သစ်ပင်တွေရဲ့ ပင်စည်တွေမှာ ကပ်ပြီးပေါက်ရောက်တတ်ကြပါတယ်။ ဘရာဇီးဒေသမျိုးရင်းပင်တစ်မျိုးဖြစ်ပြီးရှေးယခင်ကာလတွေကတည်းက တရုတ်နဲ့ အရှေ့တောင် အာရှဒေသတွေမျာဆေးဖော်စပ်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

ကျောက်ပွင့်လေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဝါးလိုက်တိုင်း အိအိလေးဖြစ်နေတဲ့ကျောက်ပွင့်လေးကို စားသုံးပေးမယ်ဆိုရင်

သွေးတွင်းကိုလက်စထရောကျစေမှာပါ

ကျောက်ပွင့်မှာပျော်ဝင်လွယ်တဲ့ အမျှင်ဓါတ်ရောပျော်ဝင်မလွယ်တဲ့ အမျှင်ဓါတ်ပါပါဝင်နေပါတယ်။သွေးတွင်းကအကျိုးမပြုကိုလက်စထရောတွေကိုချေဖျက်ပေးနိုင်သလို နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်မှာပါ

ကျောက်ပွင့်မှာPolysaccharides နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်တွင်းမှာ ပရိုတင်းပမာဏကို တိုးမြှင့်ပေးပြီး အသည်းကိုပုံမှန်လုပ်ဆောင်နိုင်အောင် အကောင်းဆုံးအားဖြည့်ပေးနိုင်တာကြောင့် ခန္ဓါကိုယ်မှာ အားမရှိသလို ခံစားရတာတွေကို သက်သာစေနိုင်မှာပါ။ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကိုလည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။

နာကျင်ရောင်ရမ်းမှုကို သက်သာစေမှာပါ

ကျောက်ပွင့်မှာပါတဲ့ polysaccharides နဲ့ အခြားသောbioactiveဒြပ်ပေါင်းတွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်မှာဖြစ်ပေါ်နေတဲ့ နာကျင်ရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်မှာပါ။

အဝမလွန်အောင်ကာကွယ်ပေးနိုင်မှာပါ

အာဟာရမြင့်များစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို အဝမလွန်အောင် အကောင်းဆုံးထိန်းပေးနိုင်ပါတယ်။ ဝိတ်ချချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်မှာပါ

ဆီးချိုရောဂါရှိသူတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပြီးသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

နာတာရှည်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ

ဓါတ်ဆိုးဆန့်ကျင်အာနိသင်တွေဖြစ်တဲ့polysaccharides၊ phenolic acids နဲ့ ဖလေဗာနွိုက်တို့ပါဝင်နေတာကြောင့် ခန္ဓါကိုယ်မှာfree radicalတွေကြောင့် နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။

အသားအရေကျန်းမာစေမှာပါ

အသားအရေကိုကြည်လင်စေပြီး အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ အသားအရေကိုဖြူဝင်းစေပြီး အသက်အရွယ်ကြောင့်ခံစားရနိုင်တဲ့ အရေပြားပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

ဦးနှောက်ကျန်းမာစေမှာပါ

ကျောက်ပွင့်က ဦးနှောက်နဲ့အာရုံကြောတွေကို ကျန်းမာစေနိုင်ပြီး ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကိုကောင်းမွန်စေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်အားနည်းတာတွေကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းမှာရော ဦးနှောက်ကိုပါအောက်ဆီဂျင်လုံလုံလောက်လောက်ရရှိစေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူး ဆေးဖက်ဝင် ပြောင်းဖူးမွှေး အပင်ဒြပ်ပေါင်း ဆီးလမ်းကြောင်း ပိုးဝင်တာ ကိုယ်တွင်းက အဆိပ်အတောက်တွေနှလုံး ထိခိုက်တာ ကျန်းမာရေးပြဿနာ ထိခိုက်ဒဏ်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပဲသီးလေး နဲ့ ကျန်းမာရေး

မုန့်ဟင်းခါး အကျိုးကျေးဇူးတွေ ကျန်းမာရေး ပရိုတင်း ဗီတာမင် B Complex ပင်ပန်းနွမ်းနယ် ခန္ဓာကိုယ် အမျှင်ဓာတ် ဇီဝကမ္မဖြစ်စဉ် ကယ်လ်ဆီယမ် အာရုံကြော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

ကော်ဖီ အချိန် နေ့စဉ် ကျန်းမာရေး အခါးဓာတ် ဓာတ်မတည့် သွေးအားနည်း ဆီးချို ရင်တုန် အိပ်ချိန် အားကစား စိတ်ဓာတ် ဟော်မုန်း ဦးနှောက် မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ

အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020