backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Male fern (ဍပင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ဍပင် ကို ဘာအတွက်အသုံးပြုကြသလဲ

Male- fern ဆိုတာအဆိပ်ပြင်းတဲ့ အပင်ဖြစ်ပါတယ်။ စားရင်သေစေနိုင်ပါတယ်။ အချို့လူများကဆေးဝါးအတွက် အရွက်များနှင့်မြေပြင်အထက်ပေါက်သောအခြားအစိတ်အပိုင်းများအပြင် မြေအောက်ပင်စည် အမြစ်တွေ ကိုလည်း အသုံး ပြုပါတယ်။ အောက်ပါရောဂါတွေ ကုသဖို့သုံးပါတယ်။

– နှာခေါင်းသွေးလျှံခြင်း

– ရာသီသွေးထွက်များခြင်း

– ဒဏ်ရာများ

– ဖူးရောင်နာ

– သံကောင်, သံပြားကောင်

တိရစ္ဆာန်များမှာဖြစ်တဲ့ သံကောင်ရောဂါ

Male -fern ကို အခြားအသုံးပြုမှုများလည်းရှိပါတယ်။ ပိုမိုသိရှိလိုပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကို မေးကြည့်ပါ။

ဘယ်လိုအလုပ်လုပ်လဲ

ဒီဆေးဖက်ဝင်အပင်များ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုအလုံအလောက်လေ့လာမှုများမရှိပါ။ ပိုမိုသိရှိလိုပါက သင့်တိုင်းရင်းဆေးဆရာသို့မဟုတ်ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ။

သို့သော် male- fern မှာ tapeworms လိုအူလမ်းကြောင်းပိုးကိုသတ်နိုင်တဲ့ ဓါတုပစ္စည်းများပါဝင်တယ်လို့လေ့လာတွေ့ရှိရပါတယ်။ အဆိုပါသံကောင်တွေ သေပြီဆိုရင် အူလမ်းကြောင်းကနေရှင်းထုတ်ဖ်ု့ ဆားရေသောက်သုံးကြပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ဍပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိရင် သင့်တိုင်းရင်းဆေးဆရာသို့မဟုတ်ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ ။

သင်က ကိုယ်ဝန်ဆောင် သို့မဟုတ်နို့တိုက်မိခင် ဖြစ်နေမယ်ဆိုရင် , သင် ကလေးယူဖို့စဉ်းစားထားမယ် သို့မဟုတ်ကလေးနို့တိုက်ကျွေးမှုလုပ်နေတယ်ဆိုရင် ဆရာဝန်တစ်ဦး၏ထောက်ခံချက်ရှိမှ ဆေးသုံးစွဲသင့်ပါတယ်။

သင်ကအခြားဆေးဝါးများ ( ဥပမာ ဆေးဖက်ဝင်အပင်များနှင့်ဖြည့်စွက်ဆေးဝါးတွေလို ဆေးညွှန်းမပါဘဲဝယ်လို့ရရှိနိုင်သောဆေးများ )သုံးစွဲနေတယ်ဆိုရင် သတိထားသင့်ပါတယ်။

သင်ကmale – fern သို့မဟုတ်အခြားဆေးဝါးများနှင့် ဓါတ်မတည့်မှုရှိခြင်း

သင်က အခြားရောဂါ, သို့မဟုတ်ဆေးဝါးအခြေအနေများရှိခြင်း ။

သင်က အချို့အစားအစာများ, ဆိုးဆေးများ, ကြာရှည်ခံဆေးများ ဒါမှမဟုတ်တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုတွေရှိခြင်း .

ဆေးဖက်ဝင်အပင်များအတွက် စည်းမျဉ်းတွေက ဆေးဝါးများအတွက်စည်းမျဉ်းထက်တင်းကျပ်မှု လျော့နည်းပါတယ်။ ပိုများသောလေ့လာမှုများက ဘေးကင်းလုံခြုံမှုအတွက် လိုအပ်ပါတယ်။ ဆေးဖက်ဝင်အပင်တွေကို အသုံးပြုပြီးရတဲ့ အကျိုးက ဆိုးကျိုးထက်တော့ သာရပါမယ်။ ပိုမိုသိရှိလိုပါက သင့်တိုင်းရင်းဆေးဆရာသို့မဟုတ်ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ။

ဍပင် က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်များနှင့်နို့တိုက်မိခင်များ

မညိသည့်သောက်သူံးသူမဆို စိတ်မချရပါဘူး။ သင်သည် ကိုယ်ဝန်ဆောင် သို့မဟုတ်နို့တိုက်မိခင် ဖြစ်နေမယ်ဆိုရင်သင်ကလေးကိုရော ကိုယ့်ကိုယ်ကိုပါအန္တရာယ်ဖြစ်စေပါလိမ့်မယ်။

ဘေးထွက်ဆိုးကျိုးများ

ဍပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Male- fern ကနေ ရတဲ့ ဆိုးကျိုးတွေက ပြင်းထန်နိုင်ပါတယ်။ ဒါတွေကတော့

– အသက်ရှူခက်ခဲခြင်း

– မအီမသာဖြစ်ခြင်း

– ဝမ်းပျက်ခြင်း

– မူးဝေခြင်း

– ခေါင်းကိုက်ခြင်း

– ကတုန်ကယင်ဖြစ်ခြင်း

– အကြောဆွဲခြင်း

– နှလုံးနှင့်အဆုတ်ပျက်စီးခြင်း

– မျက်စိပျက်စီးခြင်း

– ကြွက်သားအားနည်းခြင်း

– မေ့မြောခြင်း

– ယာယီသို့မဟုတ် လုံးဝမျက်စိကွယ်ခြင်း

– သေဆုံးခြင်း

လူတိုင်း ဤဘေးထွက်ဆိုးကျိုးကို တွေ့ကြုံရတာမဟုတ်ပါ။ အထက်စာရင်းမှာမပါတဲ့ အချို့ဘေးထွက်ဆိုးကျိုးတွေရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ ဒီဆိုးကျိုးတွေနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ဍပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Male – fern က သင်လက်ရှိသုံးစွဲနေတဲ့ဆေးတွေနဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်မှာ အစာအိမ်နှင့်အူလမ်းကြောင်းအခြေအနေများရှိပါက သင့်ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာကို တိုင်ပင်ပါ။ ဒီလို အစာခြေချိန်ကြာတဲ့ အခြေအနေများက အူထဲမှာmale – fern စုပ်ယူတဲ့ ပမာဏကိုတက်စေတာကြောင့် ဖြစ်ပါတယ်။Male -fern ပမာဏများလေ ဆိုးကျိုးများလေ ဖြစ်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ဍပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဆေးရုံဆေးခန်းတွေမှာသုံးတဲ့ Male- fern အတွက် တိကျတဲ့ ဆေးပမာဏမရှိသေးပါ။ ယခင် သံကျဆေးများအတွက်အသုံးပြုမှုကတော့ oleoresin မှထုတ်ယူတဲ့ဆေး ၅ခွက်မှ ၈ခွက် အထိသုံးစွဲကြပါတယ်။

ဒီဆေးဖက်ဝင်အပင်များရဲ့ သုံးစွဲ ဆေးပမာဏက လူနာကိုလိုက်ပြီး ကွဲပြားခြားနားနိုင်ပါတယ်။ သင်သုံးတဲ့ ဆေးပမာဏက သင့်ရဲ့အသက်, ကျန်းမာရေး, နှင့်အခြားအခြေအနေများပေါ်တွင်မူတည်ပါတယ်။ ဆေးဖက်ဝင်အပင်တွေက အများအားဖြင့် စိတ်ချလုံခြုံမှု မရှိကြပါဘူး။ သင့်နဲ့သင့်လျော်တဲ့ သောက်သုံးမှုအတွက် သင့်တိုင်းရင်းဆေးဆရာ ဆရာသို့မဟုတ်ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ။

ဍပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အောက်ပါပုံစံများအတိုင်း ရရှိနိုင်ပါတယ်။

– ပြုတ်ရည်

– သတ္တုရည်

– ဆေးမှုန့်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement