ဆလတ်ရွက်စားပေးရင် ဆီးချိုဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ဆလတ်ရွက်မှာ ကယ်လိုရီပါဝင်မှုနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကို ထိန်းညှိနေရတဲ့ ဆီးချိုဝေဒနာသည်တွေအတွက်လည်း အထူးသင့်တော်ပါတယ်။ ဆလတ်ရွက်ကသွေးတွင်းသကြားဓါတ် ကိုထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။
ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ်
သွားဖုံးတွေရောင်ရမ်းပြီး သွားကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာနဲ့ အဆစ်တွေရောင်ရမ်းပြီး နာကျင်ကိုက်ခဲတာတွေကို သက်သာချင်တယ်ဆိုရင် ဆလတ်ရွက်စားသုံးပေးလို့ရပါတယ်။ ဆလတ်ရွက်မှာပါတဲ့ အဆီကရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာအောင်လုပ်ဆောင်ပေးပါတယ်။
ကင်ဆာရောဂါဆိုးရွားမှုအဆင့်ကို နှေးကွေးစေတယ်
ဆလတ်ရွက်မှာ ကင်ဆာရောဂါအမျိုးမျိုးကို ထိန်းချုပ်ရာမှာအထောက်အကူပြုနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။လေ့လာမှုတွေအရ ဆလတ်ရွက်ကသွေးကင်ဆာဆဲလ်တွေနဲ့ရင်သားကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ထိန်းချုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဆလတ်ရွက်မှာပါတဲ့ ဗီတာမင် အေ ကခံတွင်းကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုကျဆင်းစေနိုင်တယ်၊လို့လည်းသိရပါတယ်။
ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်
ဆလတ်ရွက်ကသွေးတွင်းကိုလက်စရောတွေကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာနဲ့ အခြားအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ရောဂါတွေခံစားရနိုင်ခြေကိုကျဆင်းစေနိုင်ပါတယ်။သွေးတွင်းမှာ အယ်လ်ဒီအယ်လ် ကိုလက်စထရောပမာဏ အရမ်းများနေတဲ့အခါ ရုတ်တရက် နှလုံးရပ်တာ နဲ့လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။ ဆလတ်ရွက်ပုံမှန်စားသုံးပေးတာကသွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေပြီး ခန္ဓါကိုယ်ကို ကျန်းမာနေစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။