backup og meta

သပြေသီးမှည့်လေး ကောက်ရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သပြေသီးမှည့်လေး ကောက်ရအောင်

    “ ဝါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးတောင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ” ဒါက ဆရာကြီး မင်းသုဝဏ်ရေးထားတဲ့ ကဗျာစာသားလေးပါ။ ငယ်ငယ်မိုးရေထဲမှာ ဒီကဗျာလေးကို အားရပါးရအော်ဆိုရင်း အရောင်လှလှသပြေသီးတွေကိုကောက်ပြီး သူငယ်ချင်းတွေနဲ့ တူတူစားခဲ့ကြသေးလား။ ဒီပျော်စရာလေးတွေကို ဖန်တီးပေးတဲ့ သပြေသီးလေးတွေက ကျန်းမာရေးအကျိုးအာနိသင်လေးတွေရှိနေပါတယ်တဲ့။ သိချင်ရင်တော့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။

    သပြေသီးမှည့်

    သပြေသီးမှည့်ဆိုတာက သပြေပင်ရဲ့ အသီးပါ။ သပြေပင်က အစေ့၊အရွက်၊အသီး၊အခေါက်အားလုံးကဆေးဖက်ဝင်ပါတယ်။ အရောင်က ခရမ်းရောင်စိစိုတောက်တာက်လေးပါ။ အခုလို မိုးဦးကျကာလက သပြေသီးပေါ်တဲ့အချိန်ပါ။ သပြေပင်က အပင်ကြီးမျိုးရင်းဝင်ဖြစ်ပြီး အမြင့်ပေ ၃၀လောက်ထိမြင့်တတ်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဇုံတွေမှာ အများအပြားပေါက်ရောက်တတ်ကြပါတယ်။ အိန္ဒိယမျိုးရင်းပင်တစ်မျိုးပါ။ ရုတ်တရက်ကြည့်လိုက်ရင် စပျစ်သီးရှည်ရှည်လေးတွေနဲ့တောင် ခပ်ဆင်ဆင်ပါ။

    ဘယ်လိုအာဟာရဓါတ်တွေပါဝင်လဲ………

    သပြေသီးမှည့်လေးတွေမှာ အခုလို အာဟာရဓါတ်လေးတွေပါဝင်ပါတယ်။

    ဘယ်လိုများဆေးဖက်ဝင်တာလဲ

    ခရမ်းရောင်စိုစိုတောက်တောက်သပြေသီးလေးတွေစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့…..

    သွေးတွင်းကိုလက်စထရောကျစေနိုင်တယ်

    သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်ပါတယ်။ ဖလေဗာနွိုက်ပါဝင်တာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။

    ပိုးတွေသေစေနိုင်တယ်

    ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအပါအဝင် ခန္ဓါကိုယ်ကိုရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

    သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်
    သပြေသီးက ပန်ကရိယကို ကျန်းမာစေနိုင်တာကြောင့် အင်ဆူလင် ထွက်ရှိမှုကို တိုးစေနိုင်ပြီးသွေးတွင်းသကြားဓတာ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။သွေးတွင်းသကြားဓါတ်ကျတတ်သူတွေအတွက်တော့ နည်းနည်းလောက်ပဲ စားသင့်ပါတယ်။
    အစာအိမ်ကျန်းမာစေနိုင်တယ်
    အစာအိမ်အက်ဆစ်ထွက်များတဲ့သူတွေ၊ အစာအိမ်အနာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ အစာအိမ်ရောဂါရှိသူတွေ စားပေးသင့်တဲ့ သဘာဝဓါတ်စာပါ။
    အသည်းကျန်းမာစေနိုင်တယ်
    သပြေသီးမှာ ပါတဲ့ အင်ဇိုင်းတွေက အသည်းကို ကျန်းမာစေနိုင်ပါတယ် အသည်းကြီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
    ကင်ဆာကာကွယ်ပေးတယ်
    အထူးသဖြင့် သပြေသီးမှည့်က ရင်သား ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ သပြေသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။
    ဆီးချိုကာကွယ်ပေးတယ်
    သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုကာကွယ်ဖို့အတွက် စားပေးလို့ရသလို ကုသမှုတစ်ရပ်အနေနဲ့လည်း စားပေးလို့ရပါတယ်။
    လိပ်ခေါင်းသက်သာစေနိုင်တယ်
    မနက်ခင်းတိုင်းမှာ သပြေသီးမှည့်ကို ဆားလေးနဲ့ တို့စားပေးမယ်ဆိုရင် လိပ်ခေါင်းကိုသက်သာစေနိုင်မှာပါ။ ပျားရည်လေးနဲ့ တွဲစားပေးလို့လည်းရပါတယ်။
    ဝမ်းပျက်ဝမ်းလျှောသက်သာစေနိုင်တယ်
    ဝမ်းပျက်နေတဲ့အခါ သပြေသီးမှည့်အစေ့ကို ကြိတ်ခြေလို့နို့နဲ့သောက်ပေးရင် ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။
    အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် သင့်တင့်ရုံစားပေးရင် ဝမ်းမှန်စေမှာပါ။ အများကြီးစားရင်တော့လေချုပ်နိုင်တာကြောင့် သတိထားစေချင်ပါတယ်။
    လည်ချောင်းနာတာ သက်သာစေတယ်
    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။
    နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်
    အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းတာအပါအဝင် ခန္ဓါကိုယ် အစိတ်အပိုင်းတွေမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

    တန်ဆေးလွန်ဘေးပါ

    သပြေသီးက သင့်တင့်ရုံစားရင် ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် အများကြီးစားမယ်ဆိုရ်ငတော့သွေးတွင်းသကြားဓါတ်ကျတာ၊ လေချုပ်တာ၊သွေးကျဲတာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    ကျန်းမာရေးအတွက် အကျိုးများတဲ့ သပြေသီးမှည့်လေးတွေကိုပျော်ပျော်ကြီးကောက်ပြီး စားရအောင်လား Helloဆရာဝန်ပရိသတ်ကြီးရေ………
    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement