Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

မိုးအေးအေးလေးမှာ Hot Potလေးစားလိုက်ရရင် သိပ်အရသာရှိမှာပဲနော်။ Hot Pot စားတဲ့အခါ အသား၊ အသီးအရွက်၊မှို၊ ကြက်ဥကစလို့ နှစ်သက်ရာတွေကို ထည့်စားကြတယ်မဟုတ်လား။ ဒီလိုထည့်စားတဲ့အရာတွေထဲမှာတော်တော်လေး ခံတွင်းတွေ့စေတဲ့ မှိုတစ်မျိုးဖြစ်တဲ့ အပ်မှိုက အရသာတင်ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။

အပ်မှိုမှာပါဝင်တဲ့ အာဟာရဓါတ်တွေက

စားလို့ကောင်းပြီးအရသာရှိတဲ့ အပ်မှိုကို စားသုံးပေးရင် ရရှိမယ့် အာဟာရဓါတ်တွေက –

  • Conjugated Linoleic Acid
  • Copper
  • သံဓါတ်
  • Isoleucine
  • Leucine
  • လိုင်စင်း
  • ပိုတက်ဆီယမ်
  • Phosphorus
  • ပရိုတင်း
  • ဆီလီယမ်
  • Threonine
  • Trytophan
  • ဗီတာမင် B1 (Thiamine)
  • ဗီတာမင် B2 (Riboflavin)
  • ဗီတာမင် B3 (Niacin)
  • ဗီတာမင်B5 (Pantothenic Acid)
  • ဗီတာမင် B6 (Pyridoxine)
  • ဗီတာမင် B9 (Folate)
  • ဗီတာမင် B12 (Folic Acid)
  • ဇင့် တို့ပါ။

အပ်မှိုစားရင်ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက

ကိုယ်ခံအား ကောင်းစေတယ်

အပ်မှိုမှာ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ဓါတ်တိုးဆန့်ကျင် အာနိသင်တွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေတဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အပ်မှိုမှာပါဝင်တဲ့ အခြားဓါတ်တွေက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသည်းရောဂါကိုလက်စထရောများတာ၊သွေးတိုးတာနဲ့ အသည်းရောဂါကို သက်သာစေနိုင်ပါတယ်။

အဆီကျေစနိုင်တယ်

အပ်မှိုမှာconjugated linoleic acid (CLA) ပါဝင်နေတာကြောင့် ခန္ဓါကိုယ်က အဆီတွေကိုလျော့ကျစေနိုင်တဲ့အတွက် ပိန်ချင်သူတွေ စားသုံးပေးသင့်ပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်

နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓါတ်ပါဝင်မှုများလေလေသွေးတွင်းကိုလက်စထရော ကျလေလေဖြစ်ပြီး ခန္ဓါကိုယ်အလေးချိန်ကို ကျစေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ အမျှင်ဓါတ်များများစားလေလေသွေးတွင်းသကြားဓါတ်ထိန်းချုပ်နိုင်မှု ကောင်းလေလေပေါ။ ဆီးချိုရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိနိုင်စေဖို့အတွက် အပ်မှို စားသုံးလို့ရသလို ဆီးချို ကာကွယ်ချင်သူတွေအနေနဲ့လည်း အပ်မှို စားသုံးပေးလို့ရပါတယ်။

ဝမ်းမှန်စေနိုင်တယ်

အပ်မှိုမှာပါဝင်တဲ့ အမျှင်ဓါတ်တွေက ဝမ်းမှန်စေနိုင်ပြီး ဝမ်းချုပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အပ်မှိုကိုနေ့စဉ် ပုံမှန်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေမှာပါ။ ဝမ်းမချုပ်စေဖို့အတွက်နေ့စဉ်လုံလောက်တဲ့ အမျှင်ဓါတ်ရရှိအောင် ဂရုစိုက်စားသုံးပေးပါ။

မှတ်ဉာဏ်ေကာင်းမွန်စေနိုင်တယ်

အပ်မှို မှာ အမိုင်နိုအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ အတွက် အာရုံကြောတွေကိုကောင်းမွန်စေနိုင် သလို မှတ်ဉာဏ်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို အပ်မှိုကျွေးပေးမယ်ဆိုရင်လည်း ကလေးဟာ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကောင်းမှာ အသေအချာပါ။

ဓါတ်မတည့်တာကို ကာကွယ်ပေးနိုင်တယ်

မကြာခဏ အပ်မှိုကို စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ဖြစ်တာ နဲ့ အရေပြားမှာ နီမြန်းယားယံတာ၊ နှင်းခူဖြစ်တာလိုမျိုး ဓါတ်မတည့်ခြင်းတွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အပ်မှိုကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်လာမှာဖြစ်သလို ဓါတ်မတည့်မှုတွေလည်း ကင်းဝေးစေမှာပါ။

နှလုံးကျန်းမာစေနိုင်တယ်

အပ်မှိုစားသုံးပေးတာကသွေးတွင်း အဆီဓါတ်များတာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။သွေးတွင်း ကိုလက်စထရောမြင့်တက်မှုက နှလုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းပါ။ အပ်မှိုကသွေးတွင်းကိုလက်စထရောပမာဏ အရမ်းမများအောင် ထိန်းထားတာက နှလုံးရောဂါမဖြစ်အောင်ကာကွယ်နိုင်တဲ့ ထိရောက်တဲ့နည်းလမ်းပါ။

ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်

အပ်မှိုစားသုံးပေးတာက ခန္ဓါကိုယ်ရဲ့ ဇီဝတွင်းဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး လိုအပ်တဲ့ အာဟာရဓါတ်တွေ စုပ်ယူမှုကို တိုးတက်စေနိုင်တာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာ ဖွံ့ဖြိုးေစနိုင်ပါတယ်။

အရသာရှိတဲ့ အစားစားရင်း ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိမယ်ဆိုတော့ သင်ရော ဘယ်လိုစဉ်းစားလဲ ……

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 16, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။