Henna Plant (ဒန်းပင်)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Henna Plant (ဒန်းပင်)

ဒန်းပင်က အိန္ဒိယ၊လစ်ဗျား၊ဆော်ဒီအာရေဗျ၊ယီမင် နဲ့ အီဂျစ်နိုင်ငံတွေမှာပေါက်ရောက်တဲ့ ချုံပင်တစ်မျိုးဖြစ်ပါတယ်။ ဒန်းရွက်မှာပါတဲ့lawsone လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးက အရောင်ဆိုးဆေးလိုမျိုးလုပ်ပေးနိုင်ပါတယ်။ ဒန်းရွက်မှာmannitol၊ tannic အက်ဆစ်၊ mucilage၊ flavanoid၊ terpenoid၊ steroid၊ glycoside gallic အက်ဆစ်နဲ့ napthaquinoneတွေပါဝင်တာကြောင့် အသးစားဖျားနာမှုတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒန်းရွက်ရဲ့ အနှစ်မှာ မှိုပိုးတွေကိုသေစေနိုင်စွမ်းရှိသလို ဘက်တီးရီးယားတွေကိုသေစေနိုင်စွမ်းလည်းရှိပါတယ်။ ဒန်းပင်ကဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒန်းရွက်ကို ဆံပင်၊ အရေပြား၊ခြေသည်းလက်သည်းတွေကို အရောင်ဆိုးဖို့အသုံးပြုနိုင်သလို သားရေတွေနဲ့ သိုးမွှေးတွေကို အရောင်တင်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဒန်းကို သားရေပစ္စည်းတွေနဲ့ ပိတ်စတွေထုတ်လုပ်ရာမှာ မှိုသတ်ဆေး အဖြစ်အသုံးပြုနိုင်သလို တာရှည်ခံဆေးတွေအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ဆေးဘက်ဆိုင်ရာ အသုံးဝင်ပုံများ

  • ဒန်းရွက်မှာရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိတာကြောင့် အရောင်ကျဆေး၊ အဖျားရောဂါနဲ့ နာကျင်ကိုက်ခဲမှုတေါအတွက် အသုံးပြုတဲ့ဆေးဝါးတွေထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။
  • ဒန်းရွက်က ဆံပင်တွေကို သန်စွန်းစေနိုင်ပြီး ဦးရေပြားကိုအေးမြ သန့်စင်စေပါတယ်။ ဒန်းရွက်အဆီနဲ့ ဦးရေပြားကိုနှိပ်နယ်ပေးမယ်ဆိုရင် ဆံပင်တွေကို သန်စွမ်းလာစေမှာဖြစ်ပြီးဗောက်တွေကိုလည်း ကင်းစေမှာဖြစ်ပါတယ်။ ဦးရေပြားခြောက်သွေ့မှုကနေလည်း ကင်ဝေးမှာဖြစ်ပါတယ်။ ဆံပင်ပျော့ဆေးအဖြစ်လည်းသုံးနိုင်သလို ဆံပင်အရောင်တောက်ပစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။
  • ဒန်းရွက်ကိုကြီတ်ရေဖော်ပြီး မိတ်ရှိတဲ့နေရာတွေမှာ စွတ်ပေးမယ်ဆိုရင် မိတ်တွေကို သက်သာစေမှာဖြစ် ပါတယ်။
  • ဒန်းရွက်က နှင်းခူ၊မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားအနာတွေ၊ အနာစိမ်းနဲ့ အပူလောင်နာတွေလိုမျိုး အရေပြားဝေဒနာတွေကို ကုသရာမှာတော်တော့်ကိုထိရောက်ပါတယ်။
  • ဒန်းရွက်က အမျိုးသား ဒူလာရောဂါအတွက် အထောက်အကူပြုနိုင်သလိုရောင်ရမ်းတာ၊ အနာတွေနဲ့ နူနာရောဂါတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။
  • ဒန်းပင်အခက်အလက်တွေက ဝမ်းကိုက်တာ၊နဲ့အသားဝါတာ၊အသည်းကြီးတာလိုမျိုး အသည်းရောဂါတွေကို ကုသရာမှာအသုံးဝင်ပါတယ်။
  • ဒန်းရွက်နဲ့ ဒန်းပင်ကနေရရှိနိုင်တဲ့ အစေ့တွေက ရာသီသွေးဆင်းတာနဲ့ ပတ်သက်တဲ့ဝေဒနာတွေအတွက် အသုံးပြုနိုင်ပါတယ်။
  • ဒန်းပွင့်လေးတွေကို အနှစ်လုပ်ထားတဲ့ အနှစ်ကိုခေါင်းမှာ လူးပေးမယ်ဆိုရင်ခေါင်းကိုက်သက်သာစေမှာဖြစ်ပါတယ်။
  • ခံတွင်းအနာတွေအတွက်လည်း ဒန်းရွက်ကို အသုံးပြုလို့ရပါတယ်။
  • လည်ချောင်းနာသက်သာစေဖို့အတွက်လည်း ဒန်းရွက်ကိုအသုံးပြုလို့ရပါတယ်။
  • အိန္ဒိယမှာ မင်္ဂလာပွဲလိုမျိုး အရေးကြီးတဲ့ပွဲလမ်းသဘင်တွေကျင်းပတဲ့အခါမှာလည်း လက်တေါနဲ့ခြေထောက်တွေမှာ ဒန်းနဲ့အလှဆင်တာမျိုးတွေရှိပါတယ်။
  • ဒန်းရွက်ကို ဆံပင်ပျော့ဆေး၊ခေါင်းလျှော်ရည်၊ဆံပင်ဆိုးဆေး၊ ဆံပင် သန်ဆေးနဲ့ အရေပြားအလှကုန်တွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ဒန်းပင်ကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလက်လှမ်းမီသလောက်ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်ဆိုးဆေးအဖြစ်အသုံးပြုနိုင်ခြင်း

ဒန်းပင်ကို ဆံပင်ဆိုးဆေးအဖြစ်အသုံးပြုနိုင်တယ်။ လို့တော်တော်များများက သိထားကြပါတယ်။ ဒါပေမယ့် ဒန်းပင်က ဆံပင်ကို သန်စွမ်းစေနိုင်သလိုဘေးကင်းတဲ့ ဆံပင်အရောင်ဆိုးဆေးအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပြီး ဆံသားတွေကျိုးကျေတာကို ကာကွယ်ပေးတဲ့အပြင် ဆံပင်အရောင်ကိုတောက်ပစေပါတယ်။ဗောက်မထအောင်လည်း ကာကွယ်ပေးပါတယ်။ ဆံပင်ကျွတ်တာကိုလည်း သက်သာစေပါတယ်။ ဆံပင်ကျဲပါးတာကိုလည်း သက်သာစေပါတယ်။

လက်သည်းတွေကို ကျန်းမာသန်စွမ်းစေနိုင်ခြင်း

လူတွေက လက်သည်းကျန်းမာရေးကို ဂရုစိုက်ဖို့မေ့နေတတ်ပါတယ်။ လက်သည်းတွေရဲ့အောက်ဖက်မှာ ကူးစက်ရောဂါပိုးတွေနဲ့ ဘက်တီးရီးယားတွေရှိနေနိုင်ပါတယ်။ လက်သည်းတွေကျန်းမာစေဖို့ဘေးမဖြစ်ဘဲ အကောင်းဆုံးလုပ်ဆောင်နိုင်မယ့်နည်းက ဒန်းရွက်ကိုအသုံးပြုတာပဲဖြစ်ပါတယ်။ ဒန်းရွက်က လက်သည်းတွေကွဲအက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလိုခြေစွယ်ငုတ်တာမျိုးတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ခြေသည်းလက်သည်းတွေကို နာကျင်တာနဲ့ ပိုးကူးစက်တာတွေကိုကာကွယ်နိုင်ဖိုပအတွက်လည်း ဒန်းရွက်ကို အသု့းပြုလို့ရပါတယ်။

အရွယ်တင်စေနိုင်ခြင်း

ဒန်းရွက်မှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဒန်းရွက်ကနေရတဲ့ အရည်တွေနဲ့ အဆီတွေကို အရေပြားပေါ်မှာ လိမ်းကျံပေးမယ်ဆိုရင် အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးပြီး မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာစေမှာဖြစ်ပါတယ်။ အရေပြားပေါ်က အမာရွတ်တွေ နဲ့ အခြားအမဲကွက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒန်းရွက်မှာပါတဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်နဲ့ ပိုးမွှားတွေကိုသေစေနိုင်တဲ့ အာနိသင်တွေက အရေပြားကိုကာကွယ်ပေးပါတယ်။

အနာကျက်စေနိုင်ခြင်း

ဒန်းရွက်ရဲ့ လူသိအများဆုံးအသုံးဝင်ပုံတစ်ခုက အရေပြားကို ပိုးကူးစက်တာတွေ ကာကွယ်ပေးတာနဲ့ရောင်ရမ်းတာကိုလျော့ကျစေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဒန်းရွက်ကို အပူလောင်နာ၊ အနာတွေ၊နဲ့ ပွန်းပဲ့ဒဏ်ရာတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဒန်းရွက်မှာပါတဲ့အေးမြမှု အာနိသင်က အရေပြားပေါ်က အပူတွေကိုစုပ်ယူပေးနိုင်ပါတယ်။နေလောင်တာတွေအတွက်လည်း ဒန်းရွက်ကိုလူးပေးနိုင်ပါတယ်။

အဖျားကျစေနိုင်ခြင်း

ဒန်းရွက်က အဖျားကျစေနိုင်ပါတယ်။ အဖျားအရမ်းကြီးတဲ့အခါ ခန္ဓါကိုယ်ရဲ့ ဇီဝတွင်ဖြစ်ပျက်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့လုပ်ဆောင်မှုတွေကို အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်ကိုယ်လုံးကအဖျားကျသွားဖို့ကအရေးကြီးလှပါတယ်။ ဒန်းရွက်ချွေးထွက်စေပြီး အဖျားကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓါကိုယ်ကိုအေးမြစေပြီးဝေဒနာကိုသက်သာစေပါတယ်။

ခေါင်းကိုက်သက်သာစေနိုင်ခြင်း

ဒန်းရွက်ကိုအရည်ကြိတ်ထားတဲ့အရည်ကို အရေပြားပေါ်မှာ လူးပေးမယ်ဆိုရင်ခေါင်းကိုက်သက်သာစေမှာဖြစ်ပါတယ်။ ဒန်းရွက်မှာပါတဲ့ဒြပ်ပေါင်းကရောင်ရမ်းမှုကိုလျော့ကျစေနိုင်တာကြောင့် တင်းအားတွေပြေလျော့အောင် အထောက်အကူပြုပေးပြီး ဆံချည်မျှင်သွေးကြောလေးတွေထဲကိုသွေးစီးဆင်းမှုကောင်းမွန်အောင်တိုးမြှင့်ပေးတာကြောင့်ခေါင်းကိုက်တာနဲ့ခေါင်းတစ်ခြမ်းကိုက်တာကိုလျော့ပါးသက်သာစေပါတယ်။

ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ခြင်း

ဒန်းရွက်အဆီကို ဒူလာ နဲ့ အဆစ်ရောင်နာတွေအတွက် အသုံးပြုနိုင်ပါတယ်။ အရွယ်ရလာတာနဲ့အမျှ အဆစ်တွေက နာကျင်တာနဲ့ အရိုးနုတွေနဲ့ကြွက်သားတွေကို ထိခိုက်ပျက်စီးစေပါတယ်။ နာကျင်တဲ့နေရာတွေကို ဒန်းရွက်ဆီလူးပေးမယ်ဆိုရင် နာကျင်မှုတွေကို သက်သာစေမှာဖြစ်ပါတယ်။

အိပ်စက်မှုဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်ခြင်း

ဒန်းရွက်ဆီက အိပ်စက်မှု မူမမှန်တဲ့ဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အိပ်မပျော်ဘဲ မျက်စိကြောင် တတ်တဲ့သူတွေ၊ နာတာရှည် အိပ်မပျော်မှုဖြစ်နေတဲ့သူတွေအနေနဲ့ နေ့စဉ်အသုံးပြုနေတဲ့ လိမ်းဆေးလိုအရာထဲမှာ ဒန်းရွက်အဆီကို ထည့်ပြီးလူးပေးမယ်ဆိုရင် ခန္ဓါကိုယ်နဲ့စိတ်ကို အနားရစေပြီးကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပါတယ်။

သွေးဖိအားကိုထိန်းညှိပေးနိုင်ခြင်း

ဒန်းရွက်က နှလုံးကျန်းမာစေနိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ဒန်းရွက် နဲ့ ဒန်းစေ့မှာhypotensive effect ပါဝင်တာကြောင့်နှလုံးသွေးကြောစနစ်ပေါ်မှာ ဝန်ပိတာတွေကိုသက်သာစေပြီးသွေးဖိအားကိုလည်း ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဘေးထွက်ဆိုးကျိုးများ

ဒန်းရွက်ကို ကလေးငယ်တွေနဲ့ မွေးကင်းစကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားပေါ်မှာ ဒန်းရွက်ကိုလူးပေးမယ်ဆိုရင် ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေရဲ့ အရေပြားပေါ်မှာ ဒန်းရွက်လူးတာက ကလေးငယ်တွေရဲ့သွေးနီဥဆဲလ်တွေကိုပေါက်ကွဲစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ ဒန်းရွက်ကို စားသုံးတာကဘေးမကင်းပါဘူး။ ကိုယ်ဝန်ပျက်ကျတာမျိုးဖြစ်စေနိုင်ပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့လည်း မသုံးစွဲသင့်ပါဘူး။

ဒန်းနဲ့ ဓါတ်မတည့်သူတွေအနေနဲ့လည်း ဒန်းရွက်ကို မသုံးသင့်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 29, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။