ခံတွင်းတွေ့စေမယ့် သပြုသီးလေးက ပေးစွမ်းတဲ့ ကျန်းမာရေးအာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

သပြုသီးက ကြည့်လိုက်ရင် အရသာရှိမယ်လို့ သိပ်မထင်ရပေမယ့် စားလိုက်တဲ့အခါ သူ့ရဲ့ ချဉ်ပြုံးပြုံးအရသာလေးကတော်တော်လေးစားကောင်းပါတယ်။ ခံတွင်းရှင်းသလို လန်းဆန်းမှုလည်းရစေပါတယ်။ ဟင်းချက်တဲ့အခါ အချဉ်အရသာရအောင် ထည့်ချက်ကြတဲ့ မရမ်းသီး၊ မန်ကျည်းသီးတို့နဲ့မတူဘဲ သပြုသီးချဉ်တဲ့အရသာလေးက စားရတာခံတွင်းတွေ့လှပါတယ်။

သပြုသီးဆိုတာ

သပြုသီးရဲ့ သိပ္ပံနာမည်ကDillenia indicaဖြစ်ပြီး အရှေ့တောင်အာရှဒေသ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နဲ့မြန်မာနိုင်ငံတို့မှာပေါက်ရောက်ကြပါတယ်။ သပြုပင်က ပူနွေးစိုစွတ်သောရာသီဥတုမှာပေါက်ရောက်တတ်ကြပြီး အမြဲစိမ်းအပင်တစ်မျိုးပါ။ အပင်ကြီးတစ်မျိုးဖြစ်ပြီးပေ ၃၀ ကနေ ၈၀ အထိမြင့်တတ်ကြပါတယ်။ သပြုပင်ကအရွက်၊အသီး၊အခေါက်အားလုံးနီးပါးက အသုံးတည့်ကြတာပါ။

သပြုသီးမှာပါတဲ့ အာဟာရဓါတ်တွေက ဘာတွေလဲ………..

သပြုသီးမှာ

သပြုသီးက ဘယ်လိုဆေးဖက်ဝင်လဲ……

သပြုသီးကို စားသုံးပေးတာက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ပါဝင်မှုမများပေမယ့် သပြုသီးကသွေးပေါင်ချိန်ကိုကောင်းကောင်းထိန်းညှိပေးနိုင်ပါတယ်။သွေးတိုးရှိသူတွေအတွက် အဆင်ပြေသလိုသွေးတိုးမဖြစ်အောင် ကာကွယ်ချင်သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။သွေးပေါင်ချိန်ကိုထိန်းညှိပေးသလိုသွေးတွင်းကအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

မျက်လုံးကျန်းမာစေနိုင်ပါတယ်

သပြုသီးမှာ မျက်လုံးအတွက် အရေးပါတဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် မျက်စိကျန်းမာစေနိုင်ပါတယ်။ အမြင်အာရုံဝေဝါးတာ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့ယွင်းတာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ မျက်လုံးကျန်းမာရေးကိုစောင့်ရှောက်တဲ့အနေနဲ့လည်း သပြုသီးကို စားပေးလို့ရပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံးတိုးမြှင့်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်ကို အအေးမိဖျားနာတာတွေကနေ အထိရောက်ဆုံးကာကွယ်ပေးပြီး အခြားသောရောဂါတွေကူစက်ဝင်ရောက်မခံရအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။

အသားအရေကျန်းမာစေနိုင်တယ်

အရေပြားကို အိုမင်းရင့်ရော်စေနိုင်တဲ့free radicalsတွေကို တိုက်ထုတ်ပေးတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို အကောင်းဆုံးတားဆီးပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်ပြီး အရွယ်တင်နုပျိုစေချင်ရင်တော့ သပြုသီးစားပေးလို့ရပါတယ်။

ခန္ဓါကိုယ်ကို အင်အားပြည့်စေနိုင်တယ်

ဗီတာမင် B ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓါကိုယ်မှာ အားမရှိတာ၊ခြေကုန်လက်ပမ်းကျတာမျိုးတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ပင်ပန်းလွယ်သူတွေစားသုံးပေးသင့်ပါတယ်။ ဦးနှောက်နဲ့အာရုံကြောဆဲလ်တွေကိုလည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးတယ်

ခန္ဓါကိုယ်ကျန်းမာစေဖို့ လိုအပ်တဲ့ဓါတ်တစ်မျိုးဖြစ်တဲ့ သံဓါတ်ကိုလည်းပြည့်ဝအောင်ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် သံဓါတ်အားနည်းပြီးသွေးအာနည်းရောဂါမဖြစ်စေဖို့ဆိုရင် သပြုသီးကို စားပေးလို့ရပါတယ်။သွေးအားကောင်းသလို၊သွေးကြောလေးတွေကို ကျန်းမာစေပြီးသွေးတွင်းအဆိပ်အတောက်ကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

ဒါတွေအပြင် သပြုသီးက အစာအိမ်အနာကိုသက်သာစေသလို၊ ဆံသားကိုကျန်းမာစေပြီးဗောက်ပျောက်စေနိုင်ပါတယ်။ နှလုံးနဲ့အသည်းကိုကျန်းမာစေနိုင်သလို ဆီးချိုရောဂါကိုလည်း သက်သာစေနိုင်ပါသေးတယ်။ စမ်းသပ်ဆဲရလဒ်တစ်ခုအရကတော့ ကင်ဆာကိုပါ ကာကွယ်ပေးတယ်လို့ဆိုပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမြင်အာရုံအတွက် အမှားတစ်ရံနဲ့ အမှန်တရားများ

အမြင်အာရုံ အဝေးမှုန် မျက်မှန် မျက်လုံး အမြင်အာရုံ ဝေဝါးခြင်း ဆေးအမျိုးအစား နေရောင်ခြည် ဗီတာမင် အေ နေရောင်ခြည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

ကိုယ်လက်လှုပ်ရှားမှု ခန္ဓာကိုယ် ဦးနှောက်နဲ့အာရုံကြော သားသားမီးမီး လေ့ကျင့်ခန်း နှလုံး နှလုံး ကြွက်သား သွေးကြောပိတ်ဆို့မှု ခန္ဓာကိုယ် လေဖြတ် အဆုတ် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

အဆင်အသွေး ယုဇနပန်း ရာသီဥတု ကျန်းမာရေး အသားအရေ အရေပြား သွားကိုက် သွားပိုးပေါက် သွားဖုံး သွားကိုက်သွားနာ မွေးကျွတ်နာ ကိုယ်အလေးချိန် အနာ မနက်ခင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ကျန်းမာရေး စိုထိုင်းဆ ရာသီဥတု စိတ်ဖိစီးမှု စိတ်ဓာတ်ကျ ဖျော်ရည် အရိုး ကယ်လ်ဆီယမ် အရိုးပွ ကင်ဆာ အသားအရေ အစာကြေ ကျန်းမာရေးပြဿနာ အစာခြေစနစ် အမျှင်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။

ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020