Feverfew

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသုံးပြုပုံများ

Feverfewကို ဘာအတွက်အသုံးပြုကြသလဲ

Feverfew ကို သုံးတဲ့ အကြောင်းရင်းတွေ အမြောက်အမြားရှိပါတယ်။ ဒါပေမယ့် အချို့သူတွေမှာတော့ သူဟာ ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးဖို့ အတွက်ပဲ အသုံးဝင်ပါတယ်။
Feverfew ကို ဖျားနာခြင်း၊ ရာသီမမှန်ခြင်း၊ အဆစ်ရောင်ခြင်း၊ Psoriasis၊ ဓါတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်၊ နားအတွင်းအသံကြားနေရခြင်း၊ ခေါင်းမူးခြင်းနဲ့ ပျို့အန်ခြင်းတွေ အတွက်လည်း အသုံးဝင်ပါတယ်။
အချို့သူတွေဟာ ကိုယ်ဝန်ရရှိဖို့ ခက်ခဲတဲ့အတွက် Feverfew ကို အသုံးပြုကြပါတယ်။ သူ့ကို သွေးအားနည်းခြင်း၊ ကင်ဆာ၊ အအေးမိခြင်း၊ နားနာခြင်း၊ အသည်းရောဂါ၊ ကလေးပျက်ကျခြင်းကို ကာကွယ်ဖို့၊ ကြွက်သားတင်းမာခြင်း၊ အရိုးရောဂါများ၊ ခြေထောက်ရောင်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနဲ့ အူအတွင်းလေထခြင်းတွေမှာ အသုံးပြုကြပါတယ်။Feverfew ကို ရောဂါပိုးတွေကို သတ်ဖို့အတွက် အရေပြားပေါ် လိမ်းပေးနိုင်ပြီး သွားနာခြင်းတွေအတွက် သွားဖုံးကို တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။

Feverfewဘယ်လိုအလုပ်လုပ်လဲ

Feverfew ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် အချို့လေ့လာမှုတွေကတော့ Feverfew မှာ မတူညီတဲ့ ဓါတုပစ္စည်းတွေပါဝင်ပြီး တစ်ခုကိုတော့ parthenolide လို့ ခေါ်ပါတယ်။ Partenolide (သို့) အခြားဓါတုပစ္စည်းတွေဟာ ကိုယ်ခန္ဓါအတွင်းမှာ ရှိတဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်ပွားစေတဲ့ အရာတွေကို လျော့ကျစေပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Feverfewအသုံးမပြုခင် ဘာတွေသိသင့်သလဲ

Feverfew ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။
ဓါတ်မတည့်တဲ့ လက္ခဏာတွေ၊ ပါးစပ်အတွင်း အနာပေါက်မှုနဲ့ ကြွက်သား၊ အရိုးတွေ နာကျင်မှု (သို့) တောင့်တင်းမှုတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။ ရှိလာခဲ့ရင် Feverfew ကို အသုံးမပြုသင့်တော့ပဲ antihistamine (သို့) အခြားသင့်လျော်တဲ့ နည်းတစ်ခုခုကို အသုံးပြုသင့်ပါတယ်။
စီစဉ်ထားတဲ့ ခွဲစိတ်မှု မတိုင်ခင် အနည်းဆုံး နှစ်ပတ်လောက်ကြိုပြီး Feverfew အသုံးပြုခြင်းကို ရပ်တန့်သင့်ပါတယ်။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Feverfewက ဘယ်လောက်စိတ်ချရလဲ

Feverfew ကို ကလေးတွေအတွက် အသုံးမပြုသင့်ပါဘူး။ ကိုယ်ဝန်ရှိနေရင် (သို့) ကလေးနို့တိုက်နေရင်လည်း သူ့ကို မသုံးသင့်ပါဘူး။ Feverfew နဲ့ ဓါတ်မတည့်သူတွေမှာလည်း အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးများ

Feverfewကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Feverfew ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
• ခေါင်းမူးခြင်း
• ပါးစပ်အနာ
• ပျို့အန်ခြင်း၊ အစာမစားလိုခြင်း၊ အရေပြားရောင်ခြင်း
• ကြွက်သားနာကျင်ခြင်း၊ တောင့်တင်းခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Feverfewကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Feverfew ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အောက်ဖေါ်ပြပါ ဆေးတွေ၊ အပင်တွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။
• သွေးခဲမှုကို တားမြစ်တဲ့ ဆေးတွေနဲ့ အပင်တွေ (anisindione, dicumarol, heparin, warfarin)၊ antiplatelets ၊ အကိုက်အခဲပျောက်ဆေး
• သံဓါတ်အားဖြည့်ဆေး
Platelet တွေ စုစည်းခြင်း၊ prothrombin time၊ နဲ့ plasma partial prothrombin time test အစရှိတာတွေကို ပြောင်းလဲနိုင်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Feverfewအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ခေါင်းကိုက်ခြင်းကိုကာကွယ်ဖို့အတွက် နေ့စဉ် 50-100mg ကို အသုံးပြုသင့်ပါတယ်။
Feverfew ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Feverfewက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Feverfew ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• ဆေးတောင့်
• Crude herb (fresh);
• Extract;
• သောက်ဆေးပြား
• တင်ချာရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 နဲ့ အစာအိမ်၊ အူလမ်းကြောင်းပြဿနာ

COVID-19၊ ကိုရိုနာဗိုင်းရပ်စ်၊ အစာအိမ်၊ အူလမ်းကြောင်း၊ အဆုတ်၊ အာရုံကြောစနစ်၊ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ သွေးကြော၊ ဝမ်းပျက်၊ ဝမ်းလျှော၊ အော့အန်၊ ဗိုက်အောင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ

ဦးနှောက်အမြှေးရောင်ရောဂါ အသက်အန္တရာယ် ဦးနှောက် အာရုံကြောမကြီး ပိုးဝင်ကူးစက်မှု ရောင်ရမ်းမှု ဗိုင်းရပ်စ် ဘက်တီးရီးယား အာရုံရှုပ်ထွေး အဖျား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဘေဘီလေးမှာပေါက်တဲ့ ရေကျောက် သက်သာစေဖို့

ဘေဘီလေးမှာပေါက်တဲ့ ရေကျောက် သက်သာစေဖို့ အဖျားတက် အဖုအပိမ့်တွေ ခေါင်းကိုက် လည်ချောင်းနာ ဗိုက်အောင့် ကိုယ်အပူချိန် အရည်ကြည်ဖု အင်းဆက် ကိုယ်ခံအားနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပိုးဟပ်တွေနဲ့ မိသားစု ကျန်းမာရေးအန္တရာယ်

ပိုးဟပ် ကျန်းမာရေး ဓာတ်မတည့် အစာအိမ် အူလမ်းကြောင်း ရောဂါ ပန်းနာရင်ကျပ် အိမ်သန့်ရှင်းရေး ဝမ်းပျက်ဝမ်းလျှော ဝမ်းကိုက် သွေးဝမ်း ကလေး အသက်ရှူလမ်းကြောင်း အင်ပျဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ချက်တဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 2 mins read

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

သင် ဘာလို့ ခဏခဏ ဖျားနာနေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

ရေသောက်လွန်ကဲပြီး ရေဆိပ်သင့်ခြင်း (Water Intoxication)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020 . 2 mins read