Evening Primrose Oil လေးရဲ့ အသုံးဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လေဒီလေးတွေ တော်တော်များများ အလှအပအတွက်သောက်ကြတဲ့ Evening Primrose အကြောင်းလေးနည်းနည်းလောက်ပြောပြချင်တာပါ။ Evening Primrose ကအလှအပအတွက်ပဲ အသုံးဝင်တာလားဆိုတော့ မဟုတ်ပါဘူး။ အခြားအသုံးဝင်တာတွေလည်းရှိပါသေးတယ်နော်။ ဒီဆောင်းပါးလေးကနေတဆင့် Evening Primroseလေးရဲ့ အသုံးဝင်ပုံလေးကိုပြောပြပေးပါရစေနော်။

Evening Primrose Oil ကိုဘယ်ကရ

ပန်းဝါဝါလေးတွေပွင့်တဲ့မြောက်အမေရိကမျိုးရင်းဝင်အပင်ရဲ့ အစေ့ကနေထုတ်ယူထားတဲ့ အဆီပါ။လေဒီလေးတို့အတွက် သဘာဝကပေးတဲ့ဆေးတစ်မျိုးပေါ့။ အများဆုံးတွေ့ရတာက Evening Primrose Oil ကို Omega 6 fatty acid နဲ့ရောစပ်လို့လေဒီလေးတို့ ကျန်းမာရေးအတွက်သောက်သုံးကြတာများပါတယ်။ တကယ်တော့ Evening Primrose Oil ကလေဒီလေးတို့ရဲ့ အလှအပအတွက်တင်မဟုတ်ဘဲ အခုလိုလေးတွေလည်း ဆေးဖက်ဝင်ပါသေးတယ်။

Evening Primrose Oil ရဲ့ဆေးဖက်ဝင်ပုံက

သဘာဝအဆီအနှစ်တစ်ခုဖြစ်တဲ့Evening Primrose Oilလေးက အခုလိုမျိုးဆေးဖက်ဝင်ပါတယ်နော်။

ဆီးချိုရှိသူတွေမှာ အာရုံကြောထိခိုက်ပျက်စီးတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်

ဆီးချိုရှိသူတွေအနေနဲ့နေ့စဉ်Evening Primrose Oil ကိုတစ်လုံးစီသောက်သုံးမယ်ဆိုရင် ဆီးချိုေကြာင့် အာရုံကြောတွေထိခိုက်တာကို သိသိသာသာသက်သာလာစေမှာပါ။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုလို့ရပါတယ်။

အရိုးပွတာကို ကာကွယ်ပေးတယ်

ငါးကြီးဆီ၊ ကယ်လ်ဆီယမ်တို့လိုမျိုးပဲ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ အသက်ကြီးတာကြောင့်ဖြစ်တဲ့ အရိုးဆုံးရှုံးမှုတွေကို ကာကွယ်ပေးသလို အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်နော်။

အရေပြားြပဿနာတွေ သက်သာစေတယ်

အရေပြားမှာဖြစ်တတ်တဲ့ ယားနာ၊ နှင်းခူတို့လိုမျိုး အရေပြားပြဿနာတွေကို သက်သာစေပြီး အသားအရေကို စိုပြည်လှပလာစေနိုင်ပါတယ်။ အသားလှချင်တဲ့လေဒီလေးတို့အတွက်ကတော့ မိတ်ဆွေကောင်းပေါ့။

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေကိုလျော့ပါးစေတယ်

ဝက်ခြံတွေထွက်၊ ကုတ်မိဖဲ့မိလို့ အမာရွတ်တွေဖြစ်နေတာကြောင့် စိတ်ညစ်နေလားလေဒီEvening Primrose Oilလေးရဲ့ အကူအညီယူလိုက်ပါနော်။ ဝက်ခြံတွေထွက်တာကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကို တဖြည်းဖြည်းချင်းလျော့ပါးလာစေမှာပါ။

သွေးမဆုံးခင်လက္ခဏာတွေကို သက်သာစေနိုင်တယ်

သွေးမဆုံးခင်မှာခံစားရတဲ့ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။သွေးဆုံးအကြိုလက္ခဏာအနေနဲ့ ခံစားရလေ့ရှိတဲ့ အသားတွေ ပူစပ်ပူလောင်ဖြစစ်တာ၊ အသားအရေနဲ့ဆံသားခြောက်သွေ့တာတွေကိုပါသက်သာစေနိုင်တာပါ။

အိပ်ပျော်စားဝင်စေတယ်

ညညကောင်းကောင်းအိပ်မပျော်တာက အလှပျက်စေသလိုနေ့စဉ်လုပ်ဆောင်မှုတွေကိုလည် ထိခိုက်စေနိုင်ပါတယ်။ ဒီပြဿနာတွေက ကင်းဝေးပြီး ညတိုင်းကောင်းမွန်စွာ အိပ်ပျော်ချင်တယ်ဆိုရင်တော့Evening Primrose Oil လေးက အသုံးဝင်ပါတယ်။

ခေါင်းအစခြေအဆုံးလှပစေဖို့Evening Primrose Oil လေးကို အသုံးပြုပြီး အခုပဲ အကောင်အထည်ဖော်လိုက်ရအောင်လား …………….

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

တံထွေး အလှအပ ခန္ဓာကိုယ် ကျန်းမာရေး အကျိုးကျေးဇူး ကျန်းမာရေး ခံတွင်း အရေပြား အနာကျက် ခံတွင်းသန့် ဘက်တီးရီးယား သွားနဲ့ခံတွင်း အက်ဆစ်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကျားလိင်အင်္ဂါမှာ ဝဲခြောက်ယားနာ ဖြစ်နေခဲ့ရင်

လိင်အင်္ဂါ ဝဲခြောက် ယားနာ အရေပြား ကျန်းမာရေး တစ်ကိုယ်ရေသန့်ရှင်းမှု အဝတ်အစား လိင်ဆက်ဆံခြင်း ကပ်ပါး ယားယံခြင်း အနာ ပေါင်ခြံ တင်ပါး အမျိုးသား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

ကီတိုDiet ကျန်းမာရေးကောင်းကျိုး ကိုယ်အလေးချိန် ဝိတ်ကျ ကစီဓာတ် အသားဓာတ် အဆီဓာတ် အစားအစာ ကြက်ဥ အစာအာဟာရ ဟင်းသီးဟင်းရွက် လေ့ကျင့်ခန်း ဆီးချို သကြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အဆီကို မြန်မြန်နဲ့ မှန်မှန်လေး ကျစေမယ့် အဓိကအချက် (၃) ချက်

အဆီ ဝိတ်ကျ ကိုယ်အလေးချိန် အဝလွန် အရပ်အမြင့် အသက်အရွယ် အလှအပ ကိုယ်ခန္ဓာ ကစီဓာတ် ပရိုတင်းဓာတ် အဆီဓာတ် ကယ်လိုရီ အိပ်ချိန် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

လေဒီလေးတိုင်း သိထားသင့်တဲ့ ရာသီအကြိုလက္ခဏာများ

လေဒီလေးတိုင်း သိထားသင့်တဲ့ ရာသီအကြိုလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 7, 2020 . 2 mins read
သစ်ကြံပိုးခေါက်၏ ကျန်းမာရေး အကျိုးပြုပုံ

သစ်ကြံပိုးခေါက်၏ ကျန်းမာရေး အကျိုးပြုပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 mins read
ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 mins read