backup og meta

ချိုချိုလေးနဲ့စားကောင်းတဲ့ ဂေါ်ရခါးသီး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချိုချိုလေးနဲ့စားကောင်းတဲ့ ဂေါ်ရခါးသီး

    ဂေါ်ရခါးသီး လို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဂေါ်ရခါးသီးကို ကြက်ဥ၊ ဘဲဥတွေနဲ့ ရောကြော်ပြီး စားကြသလို ကြက်သားနဲ့ ကာလသားချက်လေးလည်း ချက်စားတတ်သေးတယ်နော်။ မုန့်နှစ်နဲ့ ကြော်ပြီး အချဉ်လေးနဲ့ပဲ တို့စားစား၊ ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတာကတော့ အမှန်ပါပဲ။ စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုက ဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။

    ဂေါ်ရခါးသီး

    အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ စားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ ရေဓာတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။

    ဘာဓာတ်တွေပါလဲ

    ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။

    ဂေါ်ရခါးသီးစားပေးရင် ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ

    ဂေါ်ရခါးသီးက စားကောင်းသလို အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။

    ဝိတ်ကျစေတယ် – ဂေါ်ရခါးသီးက ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် ကိုယ်အလေးချိန်ချချင်နေသူတွေ စိတ်ကြိုက်စားပေးလို့ရပါတယ်။

    မွေးရာပါ ချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ် – ဂေါ်ရခါးသီးမှာ ဗီတာမင်B complex၊ ဖောလိတ်တို့လိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ချိုချိုလေးနဲ့စားကောင်းတဲ့ ဂေါ်ရခါးသီး

    သွေးတွင်းကိုလက်စထရော ကျစေနိုင်တယ် – ဂေါ်ရခါးသီးက ပြည့်ဝဆီ လုံးဝမပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မတက်စေဘဲ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

    သက်လုံကောင်းစေနိုင်တယ် – ဂေါ်ရခါးသီးမှာ ပိုတက်ဆီယမ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သက်လုံကောင်းစေပြီး အမောခံနိုင်စေပါတယ်။

    အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ် – ဂေါ်ရခါးသီးမှာ ဖလေဗာနွိုက်ပါဝင်တာကြောင့် ခန္ဓာကိုယ်နဲ့ အရေပြားဆဲလ်တွေကို ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ရခါးသီး ပုံမှန်စားပေးခြင်းက အရွယ်တင်နုပျိုစေမယ့် နည်းလမ်းတစ်ခုပေါ့။

    ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ် -လေ့လာတွေ့ရှိချက်တွေအရ ကျောက်ကပ်ကျောက်တည်နေသူတွေအနေနဲ့ ဂေါ်ရခါးသီး စားပေးမယ်ဆိုရင် သက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

    ဝမ်းချုပ်တာကို သက်သာစေနိုင်တယ် – ဂေါ်ရခါးသီးမှာ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အမျှင်ဓာတ် များစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

    ချိုချိုလေးနဲ့စားကောင်းတဲ့ ဂေါ်ရခါးသီး

    သွေးတိုးကျစေနိုင်တယ် – ဂေါ်ရခါးသီးက ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးရှိသူတွေ၊ သွေးတိုးကာကွယ်ချင်သူတွေ စားပေးသင့်ပါတယ်။

    နှလုံးရောဂါ ကာကွယ်ပေးနိုင်တယ် –ဂေါ်ရခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    သွေးအားနည်းရောဂါ -သွေးတွင်းမှာ သွေးနီဥဆဲလ်တွေ နည်းနေတာကြောင့် သွေးအားနည်းရောဂါ ဖြစ်ရတာပါ။ ဂေါ်ရခါးသီးမှာ သံဓာတ်နဲ့ ဗီတာမင် B2 တို့ပါဝင်နေတာကြောင့်သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပြီး သွေးအားမနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဂေါ်ရခါးသီး ချိုချိုလေးကို အရသာရှိတဲ့ ဟင်းတစ်ခွက်အဖြစ် ပြောင်းလဲလို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းနိုင်ကြပါစေကြောင်း…..

    ချိုချိုလေးနဲ့စားကောင်းတဲ့ ဂေါ်ရခါးသီး

    ဂေါ်ရခါးသီးက စားကောင်းသလို အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။
    • ဝိတ်ကျစေတယ်
    • မွေးရာပါ ချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ်
    • သွေးတွင်းကိုလက်စထရော ကျစေနိုင်တယ်
    • သက်လုံကောင်းစေနိုင်တယ်
    • အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ်
    • ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ်
    • ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်
    • သွေးတိုးကျစေနိုင်တယ်
    • နှလုံးရောဂါ ကာကွယ်ပေးနိုင်တယ်
    • သွေးအားနည်းရောဂါတွေကို ကာကွယ်ပေးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement