backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chaste tree (ကြောင်ပန်းပင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ကြောင်ပန်းပင် ကို ဘာအတွက်အသုံးပြုကြသလဲ

ကြောင်ပန်းပင်ကို ‘အမျိုးသမီးတွေအတွက်ဆေးပင်’ လို့တောင် ခေါ်လို့ရပါတယ်။ ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာမလာမီနဲ့ သွေးဆုံးပြီးချိန် ရတတ်တဲ့ ရောဂါလက္ခဏာတွေအတွက်သုံးနိုင်တယ်။ ရင်သားအကျိတ်၊ အမျိုးသမီးတွေမှာ မျိုးပွားနိုင်နှုန်းနည်းတဲ့အခါ၊ မိန်းမဟော်မုန်းနည်းတဲ့အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျမှုကိုတားဆီးရန်၊ မီးဖွားပြီးချိန် သွေးဆင်းမှုကို ထိန်းချုပ်ရန်နဲ့ အချင်းကျခြင်းကိုကူညီရန်၊ နို့ထွက်ကောင်းစေရန် စသည့်ဖြင့်လည်း အသီးသီးသုံးတတ်ပါသေးတယ်။

တချို့အမျိုးသားတွေမှာ ဆီးကောင်းအောင်၊ ဆီးကျိတ်ရောဂါ၊ လိင်ဆန္ဒလျော့နည်းအောင် တို့အတွက်လည်း သုံးကြပါသေးတယ်။

ဝက်ခြံ၊ ရူးသွပ်ခြင်း၊ တုန်လှုပ်ခြင်း၊ အဆစ်အမြစ်ရောဂါ၊ အအေးမိခြင်း၊ ဗိုက်မကောင်းခြင်း၊ ဘေလုံးမကောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းအပြင်းအထန်ကိုက်ခြင်း၊ မျက်လုံးနာခြင်း၊ ခန္ဓါကိုယ်မှရောင်ရမ်းခြင်း ဖောခြင်း များအတွက်လည်းသုံးပါတယ်။

တချို့တွေကတော့ ကပ်ပါးကောင်များရှင်းထုတ်ရန်၊ အင်းဆက်ကိုက်ခြင်း ထိုးခြင်းများအတွက် ကာကွယ်ရန် လည်းသုံးပါသေးတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ထိုဆေးဘက်ဝင်အပင်လုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။်

ဒါပေမယ့် ပရိုလက်တင်(prolactin) လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးထွက်ခြင်းကို တားဆီးလျှော့ချပေးတယ်လု့ိ တချို့လေ့လာမှုတွေကဆိုပါတယ်။ အမျိုးသမီးများတွင် သားဥကြွေခြင်းအဆင့်နဲ့ပတ်သတ်တဲ့ အခြေအနေအားလုံးမှာ ကောင်းကျိုးပေးနိုင်တယ်လို့လည်း ဆိုကြပါသေးတယ်။

PMTS လို့ခေါ်တဲ့ ဓမ္မတာမလာမီ ခံစားရတတ်တဲ့ လက္ခဏာတွေကိုလျှော့ချပေးနိုင်တယ်လို့လည်း လေ့လာမှုတစ်ရပ်ကဆိုပါသေးတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကြောင်ပန်းပင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အပူ၊ စိုထိုင်းမှုမှဝေးရာ အေးမြခြောက်သွေ့သောနေရာများတွင် သိမ်းဆည်းပါ။

ကြောင်ပန်းပင်နဲ့ပတ်သတ်လို့ လေ့လာအတည်ပြုချက်တွေလည်း ရှိပါတယ်။

ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာမလာမီခံစားရရှိသော လက္ခဏာများ၊ သားအိမ်သွေးယိုခြင်း၊ သွေးဆင်းများခြင်း တို့အတွက်အသုံးပြုကြပါတယ်။

ဆေးဖက်ဝင်ဖြည့်စွတ်စာတွေရဲ့ စည်းမျဉ်းတွေက ဆေးတွေလောက် စည်းကမ်းမတင်းကြပ်ပါဘူး။ ဘေးကင်းမှုကို ထောက်ခံပေးဖို့က လေ့လာမှုတွေအများကြီးလိုအပ်ပါတယ်။ ထိုကဲ့သို့ဆေးဖက်ဝင်ဖြည့်စွတ်စာတွေကို မမှီဝဲမီ ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ချင့်ချိန်သင့်တယ်။ ဒါကြောင့် ဆရာဝန် သို့မဟုတ် ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးကြည့်ပါ။

ကြောင်ပန်းပင် က ဘယ်လောက်စိတ်ချရလဲ

လေ့လာမှုတွေမသေချာသေးသ၍ ကလေးငယ်တွေမှာ မသုံးပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်နေစဉ်ကာလတွေမှာ အသုံးပြုခြင်းဟာ ဘေးမကင်းနိုင်ပါဘူး။ ဟော်မုန်းတွေကို အနှောင့်အယှက်ဖြစ်နိုင်တယ်လို့လည်း တချို့လေ့လာသူတွေထင်ကြပါတယ်။

ဘေးထွက်ဆိုးကျိုးများ

ကြောင်ပန်းပင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ယေဘုယျအားဖြင့်တော့ ဘေးကင်းတယ်လို့ ပြောလို့ရပါတယ်။ ယားယံခြင်း၊ ယားဖုများပေါ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ ဓမ္မတာလာခြင်းမှာ အနှောင့်အယှက်အနည်းငယ်ဖြစ်ခြင်းများကဲ့သို့ သေးငယ်နည်းပါးတဲ့ ဘေးထွက်ဆိုးကျိုးတွေသာဖြစ်နိုင်ပါတယ်။

တချို့အမျိုးသမီးတွေဟာ ထိုကြောင်ပန်းပင်သုံးစွဲမှီဝဲမှ ရာသီလာခြင်းအပြောင်းအလဲတချို့ကို သတိပြုမိတတ်ပါတယ်။

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ကြောင်ပန်းပင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာဝန်ကိုပြောပြတိုင်ပင်ပါ။

စိတ်ပိုင်းဆိုင်ရာဆေးများ- ထိုဆေးတွေရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်

Beta-blockers- သွေးပေါင်ဆောင့်တက်သွားစေနိုင်ပါတယ်

သန္ဓြေတားဆေးများနဲ့တွဲသုံးမိပါက သန္ဓြေတားဆေးအာနိသင်ကိုလျော့ကျစေပါတယ်။

သွေးတွင် ပရိုလက်တင်(prolactin) ပမာဏကျစေပါတယ်။

စိတ်ပိုင်းဆိုင်ရာဆေးများ- ထိုဆေးတွေရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်

Beta-blockers- သွေးပေါင်ဆောင့်တက်သွားစေနိုင်ပါတယ်

သန္ဓြေတားဆေးများနဲ့တွဲသုံးမိပါက သန္ဓြေတားဆေးအာနိသင်ကိုလျော့ကျစေပါတယ်။

သွေးတွင် ပရိုလက်တင်(prolactin) ပမာဏကျစေပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ကြောင်ပန်းပင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Daily doses of chaste tree fruit extract are typically 20 to 40 mg.

လူနာအသီးသီးအတွက် ပမာဏအသီးသီးဖြစ်နိုင်တယ်။ အသက်၊ ကျန်းမာရေးအခြေအနေ နဲ့ တခြားအချက်တွေ အများအပြားပေါ်မူတည်နိုင်ပါတယ။် ကျန်းမာရေးဖြည့်စွတ်စာတွေဟာ အမြဲဘေးကင်းနေတာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။

ကြောင်ပန်းပင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဆေးတောင့်၊ ဆေးရည်၊ ဆေးမှုန့်၊ ဆေးခဲ၊ လက်ဖက်ရည် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement