backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Birch (ဘုစပတ်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

ဘုစပတ် ကို ဘာအတွက်အသုံးပြုကြသလဲ

Birch သည် ဘုစပတ်ပင်ဟု ခေါ်သော ဘယဆေးပင်တစ်မျိုးဖြစ်သည်။ ၎င်းအပင်၏ အရွက်သည် ဗီတာမင် စီ ကြွယ်ဝစွာပါဝင်ပြီး ဆေးပြုလုပ်ရာတွင် အသုံးပြုကြသည်။

၎င်းဆေးပင်ကို အကိုက်အခဲပျောက်ဆေး၊ ဆီးဆေး၊ ဆီလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်းနှင့် ဂေါက်ရောဂါတို့တွင် အသုံးပြုသည်။ အဆစ်အမြစ်ရောင်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် ကြွက်သားကျုံ့ခြင်း၊ လှုပ်ခြင်းများတွင် လိမ်းဆေးအဖြစ်လည်း အသုံးပြုကြသည်။ အနာများနှင့် အဖုများတွင်လည်း လိမ်းဆေးအနေဖြင့် အသုံးပြုကြသည်။

ဆံပင်ကျွတ်ခြင်းနှင့် အရေပြားယားယံအကွက်ထွက်ခြင်းများတွင်လည်း အသုံးပြုသည်။

ဘုစပတ် ဘယ်လိုအလုပ်လုပ်လဲ

ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ၎င်းဆေးပင်တွင် ဆီးဆေး၏ အာနိသင်များရှိကြောင်း ပြထားသော လေ့လာမှုအချို့ရှိသည်။ လေ့လာမှုအသစ်များတွင် ဆီးကျိတ်ကင်ဆာကို ကုသရာတွင် အကျိုးရှိသက်ရောက်မှုကို လေ့လာနေကြသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ဘုစပတ် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အသုံးပြုသည့်အခါ ဓါတ်မတည့်ခြင်း၊ အနီကွက်များထွက်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ရင်ကြပ်ခြင်းများကို စောင့်ကြည့်ရပါမည်။ ဖြစ်ခဲ့လျှင် သင့်တော်သော ကုသမှုခံယူရပါမည်။ နှလုံးအခြေအနေနှင့် သွေးတိုးခြင်းကို လည်း စောင့်ကြည့်စစ်ဆေးရပါမည်။

ပထမဆုံးသုံးသည့်အခါတွင် ဆေးပင်ကို လိမ်းဆေးအဆီများအနေဖြင့် အသားနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ပါ။ အရေပြားဒဏ်ရာပေါ်တွင် မလိမ်းပါနှင့်။ တည့်မတည့်ကို စမ်းသပ်ရန် မလိမ်းခင် အသားပေါ်တွင် နည်းနည်းစပ်သပ်ကြည့်ပါ။

ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဘုစပတ် က ဘယ်လောက်စိတ်ချရလဲ

သုတေသနများ မပြုလုပ်ရသေးခင်ထိ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များ နှင့် နို့တိုက်မိခင်များတွင် အသုံးမပြုသင့်ပါ။ ဓါတ်မတည့်ခြင်းရှိသော လူများ၊ နှလုံးရောဂါရှိသူများ၊ နှင့် သွေးတိုးရောဂါရှိသူများတွင် လည်း အသုံးမပြုသင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

ဘုစပတ် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဤဆေးပင်ကို အသုံးပြုခြင်းသည် များသောအားဖြင့် ဘေးထွက်ဆိုးကျိုးသိပ်မရှိပါ။ သို့သော် ဓါတ်မတည့်ခြင်းဖြစ်နှိုင်ချေ ရှိပါသည်။ ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

ဘုစပတ် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဤ ဆေးပင်သည် ဆီးဆေးများ၏ အာနိသင်ကို ကျစေပြီး၊ တရုတ်နံနံပင်နှင့် တွဲသုံးလျှင် ဓါတ်ပြုခြင်းကို ဖြစ်စေနှိုင်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

ဘုစပတ် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

သစ်ခေါက်၏ ၂ -၃ ဂရမ်ကို ရေဆူဆူထဲတွင် တစ်နာရီခန့် ထားပြီး လက်ဘက်ရည်ကဲ့သို့ တစ်နေ့သုံးကြိမ်သောက်ပါ။

လိမ်းဆေးအနေဖြင့် လိမ်းလိုသော နေရာကိုသာလိမ်းရပါမည်။

ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။

ဘုစပတ် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။

• ဆေးရည်

• သစ်ခေါက်

• လိမ်းဆေးအဆီ

• လက်ဘက်ရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement