backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ရှီတာကီမှို ကြိုက်ကြလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရှီတာကီမှို ကြိုက်ကြလား

အသားပေါင်းတွေမှာ ထည့်တတ်သလို ဟော့ပေါ့စားတဲ့အခါမှာဖြစ်ဖြစ် ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်တွေမှာဖြစ်ဖြစ် ထည့်စားလေ့ရှိကြတဲ့ ရှီတာကီမှို က စားလိုက်တိုင်းအရသာရှိမှုနဲ့အတူ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ပေးစွမ်းနေပါတယ်။ ရှီတာကီမှိုဆိုတာက အာရှဒေသမှာလူကြိုက်များတဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် လူကြိုက်အများဆုံးစားစရာစာရင်းမှာ နံပါတ် ၂ ဒါမှမဟုတ် နံပါတ် ၃လောက်ကိုရှိနေတဲ့ စားစရာတစ်မျိုးပေါ့။

ရှီတာကီမှို ဆိုတာ

ဝါးလိုက်ရင် အသားလိုမျိုးဝါးလို့ကောင်းပြီး မှိုဆိုတာထက်အရသာကို လေးလေးနက်နက်ပေးစွမ်းနိုင်တဲ့ ရှီတာကီမှိုက အညိုရောင်ရှိပြီး ခပ်ဝိုင်းဝိုင်းခပ်ထူထူသဏ္ဍာန်ရှိပါတယ်။ လတ်လတ်ဆတ်ဆတ်စားတာရှိသလို အခြောက်ခံပြီးမှ ရေပြန်စိမ်ပြီး စားတာမျိုးလည်းရှိပါတယ်။ အရှေ့အာရှဒေသမျိုးရင်းဝင်မှိုတစ်မျိုးပါ။ ဂျပန်မှာ အဓိကပေါက်ရောက်ပေမယ့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်ကာပူနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာလည်းပေါက်ရောက်ကြပါတယ်။

ရှီတာကီမှာပါတဲ့ အာဟာရဓာတ်တွေ

ရှီတာကီက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများသလို ဗီတာမင် B နဲ့ အခြားသတ္တုဓာတ်များစွားလည်းပါဝင်နေပါသေးတယ်။

  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အမျှင်ဓါဩာတ်
  • ရိုင်ဗိုဖလာဗင်
  • နီကာဆင်
  • ကော့ပါး
  • ဗီတာမင် B5
  • ဆီလီနီယမ်
  • မဂ္ဂနိစ်
  • ဇင့်
  • ဗီတာမင် B6
  • ဖောလိတ်
  • ဗီတာမင် D တို့ပါဝင်နေပါတယ်။

ရှီတာကီမှိုကပေးတဲ့ ကျန်းမာရေးအာနိသင်

ရှီတာကီမှိုကပေးတဲ့ ကျန်းမာရေးအာနိသင်

ရှီတာကီမှိုစားသုံးပေးတာကြောင့်

အဝလွန်တာကို ကာကွယ်နိုင်မယ်

ရှီတာကီမှိုမှာ eritadenine နဲ့ b-glucan တို့လိုမျိုး ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေတာကြောင့် အဆီကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ လေ့လာမှုတွေအရ b-glucan က ဗိုက်ပြည့်တယ်လို့ ခံစားရစေပြီး အစားစားချင်စိတ်ကို လျှော့ချပေးနိုင်သလို အဆီတွေဖြစ်ပေါ်မှုကို အကောင်းဆုံး ဟန့်တားပေးနိုင်ပါတယ်။ အစာတွေကို အများကြီးမစားမိစေသလို ကိုယ်တွင်းအဆီဖြစ်ပေါ်မှုကို ထိထိရောက်ရောက်ဟန့်တားပေးနိုင်တာကြောင့် အဝလွန်တာကို ကာကွယ်ပေးနိုင်မှာပါ။ ဝိတ်ချချင်သူတွေလည်း စားသုံးပေးလို့ရပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ရှီတာကီမှိုမှာ ကိုယ်ခံအားကောင်းစေနိုင်ပြီးရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို နာမကျန်းဖြစ်မှုတွေကနေ ကင်းဝေးစေမှာပါ။ ကျန်းမာရေးကောင်းချင်သူတွေအနေနဲ့ ပုံမှန် ရှီတာကီမှိုစားပေးသင့်ပါတယ်။

ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တယ်

ရှီတာကီမှိုက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တယ်။ ကင်ဆာကျိတ်တွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ကင်ဆာရှိသူတွေရော၊ ကင်ဆာကာကွယ်လိုသူတွေပါ စားသုံးပေးသင့်ပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

ရှီတာကီမှိုမှာပါတဲ့ sterolဒြပ်ပေါင်းက အသည်းက ကိုလက်စထရောထုတ်လုပ်မှုကို တားဆီးပေးနိုင်တာကြောင့် သွေးတွင်းကိုလက်စထရောမများအောင် ကာကွယ်ပေးပါတယ်။ သွေးကြောနံရံတွေမှာ အဆီတွေကြောင့် သွေးကြောနံရံထူတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးစီးဆင်းလည်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှုကောင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

ခံတွင်းထဲမှာပေါက်ဖွားတဲ့ ဘက်တီးရီယားလေးတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သွားဖုံးရောင်တာကို သက်သာစေနိုင်တယ်။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာစေဖို့အတွက် ရှီတာကီမှိုကို စားသုံးပေးလို့ရပါတယ်။

ခန္ဓာကိုယ်မှာ အားပြည့်စေတယ်

ဗီတာမင် B ပါဝင်နေတာကြောင့် စားသုံးလိုက်တဲ့ အစားအစာတိုင်းကို အားအင်အဖြစ် အထိရောက်ဆုံးပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်အားကိုဖြစ်ပေါ်စေပြီး အားပြည့်နေစေမှာပါ။

ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်တယ်

ရှီတာကီမှိုက ကိုယ်တွင်းဟော်မုန်းတွေကို မျှတနေအောင် ထိန်းညှိပေးနိုင်တာကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်သလို သိမြင်မှုစွမ်းရည်ကိုကောင်းစေနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ကိုလည်း ကောင်းစေနိုင်ပါတယ်။

ဗီတာမင် D ရရှိစေနိုင်တယ်

ဗီတာမင် D ကို နေရောင်ခြည်ကနေ အဓိကရတာဆိုပေမယ့် အရိုးတွေကို ကျန်းမာစေပြီး၊ နှလုံးရောဂါဖြစ်နိုင်ခြေ၊ ဆီးချိုရောဂါဖြစ်နိုင်ခြေနဲ့ ကင်ဆာရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဗီတာမင် D ကို ရှီတာကီမှိုကနေလည်း ရရှိနိုင်ပါတယ်။ လေဒီတွေအနေနဲ့ ရှီတာကီမှိုကို စားသုံးပေးမယ်ဆိုရင် အဆစ်ရောင်နာကို သိသိသာသာသက်သာစေနိုင်မှာပါ။

အသားအရေကျန်းမာစေနိုင်တယ်

အရေပြားအတွက် အရေးပါတဲ့ ဗီတာမင် A နဲ့ ဗီတာမင် E တို့ပါဝင်နေတာကြောင့် အသားအရေကို ကျန်းမာစေနိုင်ပြီး ဝက်ခြံ ကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သိသိသာသာသက်သာစေနိုင်ပါတယ်။ ရှီတာကီမှို စားသုံးတာက ဝက်ခြံသက်သာစေနိုင်တဲ့ သဘာဝဆေးနည်းတစ်ခုဆိုလည် မမှားပါဘူး။ အနာကျက်မြန်စေနိုင်သလို အသားအရေကို စိုပြေကျန်းမာစေမှာပါ။

ဘာတွေ သတိထားရမလဲ

ရှီတာကီမှိုက ကျန်းမာရေးနဲ့ ညီညွတ်သလို လူတိုင်းနဲ့လည်း တည့်ပါတယ်။ အလွန်အကျွံ မစားမိဖို့ပဲ လိုပါမယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ အများကြီး မစားပါနဲ့။ ဓာတ်မတည့်သူတွေ သတိထားဖို့ လိုပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement