Avocado (ထောပတ်သီး)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ထောပတ်သီးကနေ ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ

နှလုံး

ထောပတ်သီးမှာmonounsaturated fat တွေနဲ့ polyunsaturated fatတွေကသွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။

အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ homocysteine ပရိုတင်းပမာဏ များလွန်းတာက နှလုံးရောဂါတွေခံစားရနိုင်ခြေကိုတိုးစေနိုင်တယ်ဆိုပေမယ့်ထောပတ်သီးမှာ ဗီတာမင် B6 နဲ့ဖောလစ်က်ဆစ်ကြွယ်ဝပါဝင်မှုကhomocysteine ပရိုတင်းချေဖျက်ရာကနေထွက်လာတဲ့ အမိုင်နိုအက်ဆစ်ကိုထိန်းညှိပေးပါတယ်။

ထောပတ်သီးကလေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေနဲ့ဆီးချိုဖြစ်ပေါ်ခံစားရနိုင်ခြေတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေခြင်း

ထောပတ်သီးမှာရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ထောပတ်သီးမှာphytosterols ၊ ကာရိုတီးနွိုက်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊omega 3 fatty acids နဲ့ polyhydroxolated fatty alcoholတွေပါဝင်တာကြောင့် အဆစ်အမြသ်ရောင်ရမ်းနာနဲပလေးဖက်နာဝေဒနာတွေကို သက်သာစေပါတယ်။

သွေးတွင်းကိုလက်စထရောကျဆင်းစေခြင်း

ထောပတ်သီးကသွေးတွင်းကအကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောကို တိုးစေပါတယ်။သွေးတွင်းကိုလက်စထေရောမင့်တဲ့သူတွေအနေနဲ့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာထောပတ်သီးကိုထည့်သွင်းစားသုံးမယ်ဆိုရင် တစ်ပတ်ကြာတဲ့အခါ ကိုယ်တွင်းက အကျိုးမပြုကိုလက်စထရော ၂၂ ရာခိုင်နှုန်းကျဆင်းပြီး အကျိုးပြုကိုလက်စထရော ၁၁ ရာခိုင်နှုန်းတိုးလာစေပါတယ်၊လို့ဆေးဘက်ဆိုင်ရာ လေ့လာမှုတစ်ရပ်မှာတွေ့ရှိခဲ့ပါတယ်။သွေးတွင်းကိုလက်စထရာပမာဏကောင်းမွန်သူတေါမှာလည်း ပိုမိုကောင်းမွန်အောင်ထောပတ်သီးက အထောက်အကူပြုပေးပါတယ်။

သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်း

ထောပတ်သီးမှာ monounsaturated fat ကြွယ်ဝစွာပါဝင်တာကြောင့် အင်ဆူလင်ဓါတ်တုံ့ပြန်နိုင်စွမ်းမရှိခြင်း (insulin resistance) ကိုရပ်တန့်အောင်လည်း အထောက်အကူပြုပါတယ်။သွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။ ထောပတ်သီးမှာပါတဲ့ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ် ကသွေးတွင်းသကြားဓါတ်ပမာဥကို တည်ငြိမ်အောင်လည်း ထိန်းညှိပေးပါတယ်။ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး အချိုဓါတ်ပါဝင်မှုနည်းတာကလည်းသွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

ထောပတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်မှုသွေးပေါင်ချိန်ကိုထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ ပိုတက်ဆီယမ်ဓါတ်က ဆားစားသုံးမှုကြောင့်သွေးတိုးတာကို ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။

အမြင်အာရုံ

ထောပတ်သီးမှာ မျက်လုံးကြွက်သားတွေ ယိုယွင်းပျက်စီးတာနဲ့ရေတိမ်ဖြစ်တာတွေကိုလျော့ကျစေနိုင်တဲ့carotenoid lutein ပါဝင်တာကြောင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။

ကိုယ်ခံအားစနစ်

Glutathione က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ အင်အားပြည့်ဝတဲ့ ဓါတ်တိုးဆန့်က်ျပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ပြန်ရည်ကြောဆဲလ်တွေထဲမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့glutathione ပမာဏက သင့်တင့်တဲ့အနေအထားရှိနေမယ်ဆိုရင် ကိုယ်ခ့အားစနစ်က အကောင်းမွန်ဆုံးအနေအထားမှာရှိနေမှာဖြစ်ပါတယ်။ထောပတ်သီးမှာglutathione ကြွယ်ဝစွာပါဝင်နေပါတယ်၊ လို့ အမေရိကန်အမျိုးသား တက္ကသိုလ်ကဖော်ပြခဲ့ပါတယ်။

သန္ဓေသားမှာမွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း

ထောပတ်သီးက မိခင်တွေရွေးချယ်စားသုံးသင့်တဲ့ အသီးတစ်မျိုးပါ။ထောပတ်သီးမှာဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။ဖောလစ်အက်ဆစ်က အာရုံကြောပြွန်ချွတ်ယွင်းလိုမျိုး ကလေးငယ်တွေမှာ မွေးရာပါချွတ်ယွင်းချက်မဖြစ်အောင်ကာကွယ်ပေးနိုင်တာြော့င့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ထောပတ်သီးကိုစားသုံးသင့်ပါတယ်။

ကင်ဆာ

ထောပတ်သီးက ခံတွင်းကင်ဆာ၊ အရေပြားကင်ဆာနဲ့ဆီးကျိတ်ကင်ဆာတွေအပါအဝင်ကင်ဆာရောဂါတော်တော်များများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ထောပတ်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာနဲ့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစာမ်းသတ္တိတွေက ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ထောပတ်သီးမှာပါတဲ့ phytochemical ကကင်ဆာဆဲလ်တွေပြန့်ပွားမှုမဖြစ်အောင်တားဆီးပေးသလို ကင်ဆာဆဲလ်တွေကိုသေစေနိုင်စွမ်းရှိပါတယ်။

အစာကြေစေခြင်း

ထောပတ်သီးမှာအမျှင်ဓါတ်ကြွယ်ဝစွာပါရှိမှုက အစာချေလမ်းကြောင်းကိုကောင်းမွန်အောင်အထောက်အကူပြုသလို၊ ဝမ်းမှန်စေပြီး အူလမ်းကြောင်းကိုကျန်းမာစေပါတယ်။ ကိုယ်အလေးချိန်ကိုလည်းထိန်းညှိပေးနိုင်ပါသေးတယ်။

အရေပြား

ထောပတ်သီးမှာပါတဲ့ ဗီတာမင် စီ နဲ့ဗီတာမင် အီး (Vitamin E) အရေပြားကိုအာဟာရပြည့်စေပြီး ဝင်းလက်တောက်ပစေပါတယ်။ထောပတ်သီးကို အရေပြားမှာ အနီအပိန့်တေါထွက်တာကို သက်သာစေဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။

သတိပြုရမယ့်အချက်များ

-ထောပတ်သီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။

-ထောပတ်သီးက အစာခြေဖျက်ရတာကြာတာကြောင့်တော်တော်ကြာတဲ့အထိ ဗိုက်ဆာတယ်လို့မခံစားရစေတာကြောင့် ထောပတ်သီးကိုအလွန်အကျွံစားသုံးပါကအာဟာရချို့တဲ့မှုကိုခံစားရနိုင်ပါတယ်။

-latex allergy ရှိသူတွေအနေနဲ့ထောပတ်သီးကိုစားသုံးမယ်ဆိုရင် ဓါတ်မတည့်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

-ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့ထောပတ်သီးကဘေးကင်းရဲ့လားဆိုတာကိုသေချာမသိရသေးတာကြောင့် မစားသုံးဘဲနေတာပိုကောင်းပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 14, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။