Astragalus

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အသုံးပြုပုံများ

Astragalusကို ဘာအတွက်အသုံးပြုကြသလဲ

Astragalus ကို ခေတ်ပြိုင်တရုတ် ဆေးပညာမှာ ကြာရှည်စွာ အသုံးပြုခဲ့ကြပြီး အခြား model တွေမှာလည်း ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေဖို့ အသုံးပြုကြပါတယ်။ Astragalus ဟာ ကာမ အားတိုးစေပြီး သုက်ပိုးတွေရဲ့ လှုပ်ရှားမှုကို တိုးတက်စေနိုင်ပါတယ်။

Astragalus ကို အအေးမိခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ရောဂါပိုးဝင်ခြင်း၊ ဓါတ်မတည့်ခြင်း၊ fibromyalgia၊ သွေးအားနည်းခြင်းနဲ့ HIV/ AIDS လူနာတွေမှာ ကိုယ်ခံအား ကောင်းစေဖို့ အသုံးပြုကြပါတယ်။ သူ့ကို CFS၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနဲ့ သွေးပေါင်တက်ခြင်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

Astragalus ဟာ ကိုယ်ခန္ဓါကို ကင်ဆာနဲ့ ဆီးချိုကနေ ကာကွယ်ပေးပါတယ်။ သူ့မှာ antioxidants တွေပါဝင်ပြီးတော့ ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Astragalus ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် အချို့လေ့လာမှုတွေက Astragalus ကို တစ်ခုတည်း (သို့) အခြားအပင်တွေနဲ့ ပေါင်းစပ် အသုံးပြုခြင်းဟာ ကိုယ်ခံအားစနစ်၊ နှလုံးနဲ့ အသည်းရဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။ သူ့ကို ကင်ဆာခွဲစိတ်ကုသအပြီးမှာ ကုသနည်းအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေက Astragalus ဟာ ကိုယ်ခံအားစနစ်ရဲ့ အချက်အလက် အများအပြားကို လှုံ့ဆော်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ ဓါတ်ခွဲ စစ်ဆေးမှုတွေမှာ Astragalus ဟာ monocytes, natural killer cells နဲ့ lymphocytes တွေရဲ့ လှုပ်ရှားမှု ကို steroid အစရှိတဲ့ ဆေးတွေသောက်နေရင်တောင်မှ မြှင့်တင်ပေးတယ်လို့ ဆိုပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Astragalusအသုံးမပြုခင် ဘာတွေသိသင့်သလဲ

ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း ရှိမရှိ စစ်ဆေးသင့်ပါတယ်။ Astragalus ကို ရောဂါပိုးဝင်ခြင်း၊ အဖျားတက်ခြင်း၊ ရောင်ရမ်းခြင်းတွေမှာ မသုံးသင့်ပါဘူး။

Astragalus ကို တင်ချာရည်၊ အရည်၊ ဆေးတောင့်ပုံစံနဲ့ ရရှိနိုင်ပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နှလုံးရောင်ခြင်းကိုကုသဖို့ Astragalus ကို ထိုးဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Astragalusက ဘယ်လောက်စိတ်ချရလဲ

Astragalus ကို နို့တိုက်နေတဲ့ အမျိုးသမီးတွေမှာ အသုံးပြုလို့ရတယ်ဆိုတဲ့ သက်သေမရှိပါဘူး။ ဆေးတွေ၊ အပင်တွေ အသုံးမပြုခင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။
Astragalus ကို ရောဂါပိုးရုတ်တရက်ဝင်ခြင်း၊ အဖျားတက်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေ ရှိရင် အသုံးမပြုသင့်ပါဘူး။
Astragalus ကို ကလေးတွေမှာ အသုံးပြုနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Astragalusကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Astragalus ကနေ ဘယ်လိုဆိုးကျိုးတွေ ရနိုင်ပါသလဲ။

Astragalus ဟာ လူကြီးတွေအတွက် စိတ်ချရတယ်လို့ ယူဆနိုင်ပါတယ်။ Astragalus ကို အခြားအပင်တွေနဲ့ ပေါင်းစပ်အသုံးပြုတာကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကိုတော့ သေချာ သိရှိခြင်း မရှိပါဘူး။

Astragalus ဟာ ကိုယ်ခံအားစနစ်ကို ပိုမိုအားကောင်းစေတာကြောင့် auto-immune disease တွေဖြစ်တဲ့ multiple sclerosis (MS), lupus (systemic lupus erythematosus, SLE), rheumatoid arthritis (RA) တွေကို ပိုမို ဆိုးရွားစေပါတယ်။

လူတွေအသုံးပြုတဲ့ စားသောက်တဲ့ အထဲမှာ ပါဝင်လေ့မရှိတဲ့ Astragalus အချို့မျိုးတွေကတော့ အဆိပ်သင့်နိုင်ပါတယ်။

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Astragalusကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Astragalus ဟာ ကိုယ်ခံအားကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် ကိုယ်ခံအားကျဆင်းစေတဲ့ ဆေးတွေဖြစ်တဲ့ cyclosporine နဲ့ cortisone ဆေးတွေရဲ့ အာနိသင်ကို နှောင့်ယှက်နိုင်ပါတယ်။ သူတို့တွေနဲ့ အတူ Astragalus ကို သောက်သုံးခြင်း မပြုသင့်ပါဘူး။ အခြား ကိုယ်ခံအားအပေါ် သက်ရောက်မှု ရှိတဲ့ ဆေးတွေနဲ့လည်း အတူ မသောက်သင့်ပါဘူး။
Lithium – Astragalus ဟာ ကိုယ်ခန္ဓါက lithum ထုတ်လုပ်ခြင်းကို ခက်ခဲစေတာမို့ ဒီဆေးတွေ ကိုယ်ခန္ဓါအတွင်း များပြားစေပါတယ်။
ဒီ herbal supplement ဟာသင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Astragalusအတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Astragalus ထုတ်ကုန်တွေကို အသုံးပြုရမယ့် ပမာဏကို သေချာစွာ သိရှိခြင်း မရှိပါဘူး။ ဒါပေမယ့် အမှုန့်ကြိတ်ထားတဲ့ အမြစ်ကို 2-6g ကို သောက်သုံးဖို့ ညွှန်းလေ့ရှိပါတယ်။
Astragalus ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Astragalusက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Astragalus ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
Astragalus ပင်ရဲ့ အမြစ်ကို စွပ်ပြုတ်၊ လက်ဖက်ရည်၊ extracts၊ သောက်ဆေးတောင့် အနေနဲ့ ရရှိနိုင်ပါတယ်။
Astragalus ကို ပုံမှန်အားဖြင့် အခြား အပင်တွေဖြစ်တဲ့ ginseng, angelica နဲ့ licorice တို့နဲ့ အတူ အသုံးပြုနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သန်ကောင် တွေရဲ့ အန္တရာယ်ကနေ ကင်းဝေးအောင် နေကြမယ်။

သန်ကောင် သန်လုံးကောင် သန်ပြားကောင် ဝမ်းပျက်ဝမ်းလျှော အရေပြားယားယံမှု သွေးအားနည်းခြင်း သန်ချဆေး အသားစိမ်း ရေကိုကျိုချက် ဖိနပ်စီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ဖောလိတ် ချို့တဲ့ခြင်းအကြောင်း

ဖောလိတ် ဖောလစ်အက်ဆစ် အရက်သောက်ခြင်း သွေးအားနည်းခြင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အစားအသောက် ဘယ်လိုကာကွယ်မလဲ ဆေးဝါးများ မျိုးရိုးဗီဇ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ပိုးဟပ်တွေနဲ့ မိသားစု ကျန်းမာရေးအန္တရာယ်

ပိုးဟပ် ကျန်းမာရေး ဓာတ်မတည့် အစာအိမ် အူလမ်းကြောင်း ရောဂါ ပန်းနာရင်ကျပ် အိမ်သန့်ရှင်းရေး ဝမ်းပျက်ဝမ်းလျှော ဝမ်းကိုက် သွေးဝမ်း ကလေး အသက်ရှူလမ်းကြောင်း အင်ပျဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဓာတ်မတည့်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်တာကို သက်သာစေဖို့

ဓာတ်မတည့်ခြင်း အစားအစာ ဖုန်မှုန့် အသက်ရှူလမ်းကြောင်း အူလမ်းကြောင်း ကျန်းမာရေး သောက်ဆေး ထိုးဆေး ကာကွယ်ဆေး အင်ပျဉ်ထခြင်း သတိလစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read

သင် ဘာလို့ ခဏခဏ ဖျားနာနေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read
တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

တော်ရုံ အအေးဒဏ် ကို မခံနိုင်ရတဲ့ အကြောင်းရင်း (၇) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020 . 2 mins read