Ackee (အက်ခ်ခီး)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသုံးပြုပုံများ

အက်ခ်ခီး ကို ဘာအတွက်အသုံးပြုကြသလဲ

Ackee ကို West Africa, the Carribbean, southern Florida, နဲ့ Central America တွေမှာ တွေ့ရပါတယ်။ သူ့ကို အအေးမိခြင်း၊ ဖျားခြင်း၊ ဖေါရောင်ခြင်းနဲ့ တက်ခြင်းတွေကို ကုသဖို့ အသုံးပြုကြပါတယ်။

Ackee ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Ackee ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အက်ခ်ခီး အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

  • ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
  • အခြားဆေးတွေသောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးတွေကို ဆိုလိုပါတယ်။
  • Ackee နဲ့ပတ်သက်တဲ့ ဆေးတွေ၊ အခြားဆေးတွေ၊ အခြား herbal တွေနဲ့ မတည့်ရင်။
  • သင့်မှာ အခြားရောဂါတွေ၊ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်
  • ဓါတ်မတည့်ခြင်းတွေဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အက်ခ်ခီး က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်

ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကလေးငယ်တွေမှာ

ဒီ Herbal ကို ကလေးငယ်တွေမှာ လုံခြုံစိတ်ချရမှု၊ ဆေးစွမ်းထက်မှု၊ ဆေးပမာဏ တွေကို သေချာ စမ်းစစ်ထားခြင်း မရှိသေးပါဘူး။

ခွဲစိတ်မှု

အသုံးပြုခြင်းကို စီစဉ်ထားတဲ့ ခွဲစိတ်မှုမတိုင်မီ နှစ်ပတ်အနည်းဆုံးကြိုပြီး ရပ်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

အက်ခ်ခီး ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Ackee ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

  • အသည်း ပျက်စီးခြင်း
  • ဗိုက်နာခြင်း
  • ဝမ်းခဏခဏ လျှောခြင်း
  • ကြွက်သား တင်းအားလျော့နည်းခြင်း
  • အားနည်းခြင်း
  • ပျို့အန်ခြင်း
  • မိန်းမောခြင်း၊ သတိလစ်ခြင်း
  • သွေးထွက်ခြင်း
  • စိတ်ရှုပ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • တက်ခြင်း
  • အသက်ရှူမြန်ခြင်း
  • နှလုံးခုန် မြန်ခြင်း
  • အလွန်ယားယံခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

အက်ခ်ခီး ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Ackee ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Ackee ဟာ သွေးသကြားဓါတ်ကို နည်းစေနိုင်ပါတယ်။ ဆီးချိုဆေးသောက်နေသူလူနာတွေကို ကျွမ်းကျင်သူ ပညာရှင်က သေချာစောင့်ကြည့်နေသင့်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အက်ခ်ခီး အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

Ackee ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အက်ခ်ခီး က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Ackee ကို ဖြည့်စွက်ပစ္စည်းအဖြစ် ရရှိနိုင်ခြင်း မရှိပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သောက်ဆေးနဲ့ ဓာတ်မတည့်တဲ့အခါ ဘာလုပ်သင့်လဲ

ဓာတ်မတည့်ခြင်း သောက်ဆေး ပိုးသတ်ဆေး အကိုက်အခဲပျောက်ဆေး ကင်ဆာရောဂါ ကင်ဆာကုထုံး ဓာတ်မှန်ရိုက်ခြင်း အင်ပျဉ်ထခြင်း သတိလစ်ခြင်း ဘေးထွက်ဆိုးကျိုး ကုသနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Alpha-Linolenic Acid (အဲလ်ဖာ-လီနိုလန်းနင့် အက်စစ်)

အသုံးပြုပုံများအဲလ်ဖာ-လီနိုလန်းနင့် အက်စစ် ကို ဘာအတွက်အသုံးပြုကြသလဲ Alpha-Linolenic Acid ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr . Phyu Mon Latt

Alder Buckthorn (အဲလ်ဒါဘက်ခ်သွန်း)

အသုံးပြုပုံများအဲလ်ဒါဘက်ခ်သွန်း ကို ဘာအတွက်အသုံးပြုကြသလဲ Alder Buckthorn ကို အောက်ပါအခြေအနေတွေအတွက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr . Phyu Mon Latt

Aletris (အလတ်ထရစ်)

အသုံးပြုပုံများအလတ်ထရစ် ကို ဘာအတွက်အသုံးပြုကြသလဲ Aletris ကို အောက်ပါအခြေအနေတွေအတွက် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr . Phyu Mon Latt

သင့်အတွက် ရွေးချယ်ထားသည်

မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ

မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 10, 2020 . 2 mins read
Heat Stroke (သို့) အပူ ဒဏ်ကြောင့် သတိလစ်ခြင်း ကို ကာကွယ်ကြမယ်။

Heat Stroke(သို့)အပူ ဒဏ်ကြောင့် သတိလစ်ခြင်းကို ကာကွယ်ကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 1, 2020 . 2 mins read
အပူဒဏ် အန္တရာယ် ကာကွယ်ပါ

အပူဒဏ် အန္တရာယ် ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မတ် 25, 2020 . 2 mins read

ဓာတ်မတည့်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်တာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2020 . 2 mins read