backup og meta

ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ပဲကတ္တီပါ လို့ပြောလိုက်ရင်ကို ထွေထွေးထူးထူး သိပ်ပြောစရာမလိုအောင် လူတိုင်းသိထားပြီးသား ဖြစ်မယ်ထင်ပါတယ်နော်။ အညိုရောင်ရင့်ရင့်လေးဖြစ်ပြီး စားလိုက်ရင် ခပ်ဆိမ့်ဆိမ့်အရသာလေးနဲ့ စားကောင်းပါတယ်။ ပဲကတ္တီပါကို ပြုတ်ပြီး စားကြတာပါ။ ပြုတ်ပြီးသား ပဲကတ္တီပါကိုမှ ကြက်သွန်စိမ်းနဲ့ သုပ်စားတာဖြစ်ဖြစ်၊ ကြော်စားတာမျိုးဖြစ်ဖြစ် စားတတ်ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ စားသုံးကြပါတယ်။

    ပဲကတ္တီပါ မှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေတာလဲ

    ဒီစားကောင်းတဲ့ ပဲကတ္တီပါမှာ

    ခန္ဓာကိုယ်ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုနိုင်တဲ့ စားစရာတစ်ခုပါ။ ဆေးဖက်ဝင်တဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။

    ပဲကတ္တီပါကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

    ပဲကတ္တီပါမှာ L-dopa လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်တွေကို တိုးတက်ကောင်းမွန်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်ပါတယ်။ ဦးနှောက်ကိုကျန်းမာစေနိုင်ပြီး စိတ်ဖိစီးမှု ကင်းစေနိုင်ပါတယ်။

    အစာခြေစနစ်ကို ကောင်းကောင်းလည်ပတ်နိုင်စေဖို့အတွက် ထောက်ပံ့ပေးပြီး အူလမ်းကြောင်းတွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ တိုးတက်အောင်ကူညီပေးပါတယ်။ အစာခြေလမ်းကြောင်းတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝမ်းမှန်စေပါတယ်။

    ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    အာရုံကြောစနစ်ကိုကျန်းမာစေနိုင်ပြီး ပါကင်ဆန်ရောဂါ ခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။

    စိတ်ဓာတ်ကျတာ၊ စိတ်ခံစားမှု ပုံမှန်မဟုတ်တာမျိုးတွေအတွက် သင့်တော်ပါတယ်။ စိတ်ဓာတ်ကျတာကို သက်သာစေဖို့အတွက်လည်း စားသုံးပေးသင့်ပါတယ်။ နာတာရှည် စိတ်ဓာတ်ကျတာတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။

    ညဘက် ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် တစ်နေ့တာမှာ ခြေကုန်လက်ပမ်းကျပြီး ဘာမှ မလုပ်ချင်မကိုင်ချင်တာမျိုးခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသင့်တော်ဆုံးဖြစ်မယ့် စားစရာက ပဲကတ္တီပါပါ။ ဒါကြောင့် ညဘက်တိုင်းကောင်းကောင်းအိပ်ပျော်ပြီး တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင် ပဲကတ္တီပါ စားသုံးပေးပါနော်။

    ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    စရိတ်စကလည်း မများဘဲ စားရတာလည်းလွယ်တဲ့ ပဲကတ္တီပါကို စားသုံးပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement