မြန်မာနိုင်ငံရဲ့ trademark ပန်းလှလှလေးပွင့်တဲ့ ပိတောက်ရဲ့အစွမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

မြင်လိုက်တာနဲ့မြန်မာနိုင်ငံကို ကိုယ်စားပြုမှန်းသိသာတဲ့ ပန်းလေးတစ်မျိုးရှိပါတယ်နော်။ အရောင်ဝါဝါလေးနဲ့ အနံ့လည်းမွှေးတဲ့ပန်းလေးတစ်မျိုးပါ။မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလမှာမှ ပွင့်တတ်တဲ့ ပန်းကလေးပါနော်။ အပင်ကအရိပ်အာဝါသကောင်းသလို အနံ့လည်းမွှေးတဲ့ ပန်းကလေးဖြစ်တဲ့မြန်မာနိုင်ငံရဲ့ trademark တစ်ခုဖြစ်တဲ့ ပိတောက်ပန်းလေးပါ။ တန်ခူးလမှာပွင့်တဲ့ ပန်းပိတောက်က ကျန်းမာရေးအတွက်ကောင်းကျိုးပေးပါတယ်နော်။

ပိတောက်ပန်းဝါဝါလေးတွေပွင့်တဲ့ ပိတောက်ပင်က တစ်ပင်လုံးကိုဆေးဖက်ဝင်တာပါ။ အရိပ်ကောင်းသလို အရွက်နဲ့အစေးပါမကျန်ဆေးဖက်ဝင်တာပါ။ ဘယ်လိုရောဂါတွေအတွက်အသုံးဝင်လဲသိချင်ရင် ဒီဆောင်းပါးလေးမှာဖတ်ကြည့်ပါနော်။

ပိတောက်က ဒီလိုဆေးဖက်ဝင်တာပါ

နှစ်သစ်ကူးတဲ့ တန်ခူးလမှာမှ တစ်နှစ်တစ်ကြိမ်ပွင့်တဲ့ ပိတောက်က အခုလိုကျန်းမာရေးအာနိသင်ရှိပါတယ်။

သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်

ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပြီး ကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်။ ဆီးခဏခဏသွားတာမျိုး၊ အစားတွေအများကြီးစားတာမျိုး၊ အမြဲလိုလိုရေငတ်နေတာမျိုး၊ခြေလက်တွေထဲက ပူစပ်ပူလောင်ဖြစ်တာမျိုးတွေကို သက်သာစေနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောသက်သာစေတယ်

ပိတောက်ပင် အခေါက်က ဝမ်းပျက်ဝမ်းလျှောတာ၊လေနာလေအောင့်နဲ့ အစာခြေစနစ်ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

သွေးတိတ်စေနိုင်တယ်

ထိခိုက်တာတစ်ခုခုကြောင့်သွေးထွက်နေတဲ့အခါမျိုးမှာ ပိတောက်ပင်အခေါက်ကို အသုံးပြုပြီးသွေးတိတ်အောင်လုပ်ပေးလို့ရပါတယ်။

အူလမ်းကြောင်းထဲက ပိုးတွေကိုတိုက်ထုတ်ပေးနိုင်တယ်

အူလမ်းကြောင်းထဲက အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို ထိုက်ထုတ်ဖို့အတွက်လည်း ပိတောက်ပင် အခေါက်ကိုသုံးလို့ရပါတယ်။

အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်

အရေပြားပေါ်မှာဖြစ်တဲ့ပွေး၊ညှင်းတို့ကိုအပါအဝင် နာတာရှည် အရေပြားပြဿနာတွေကိုလျော့ပါးသက်သာစေနိုင်ဖို့အတွက် ပိတောက်ပင်အခေါက်ကိုသွေးပြီးလူးပေးလို့ရပါတယ်။ရေရှည်စွဲသုံးဖို့တော့လိုပါမယ်။ အပင်ရဲ့အခေါက်ကိုပြုတ်ပြီး အရေပြားပေါ်မှာလူးပေးလို့လည်းရပါတယ်။

ခံတွင်းကျန်းမာစေနိုင်တယ်

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တာကြောင့် သွားကိုက်သွားနာတာတွေကို သက်သာစေဖို့အသုံးပြုလို့ရပါတယ်။

ဘက်တီးရီးယားတွေကိုသေစေနိုင်တယ်

အနာကိုပိုးမဝင်အောင် ကာကွယ်ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ဘက်တီးရီယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အနာကိုဆေးတာမျိုးအတွက် အသုံးပြုလို့ရပါတယ်။

အဆီပိုတွေဖယ်ရှားပေးနိုင်တယ်

ခန္ဓါကိုယ်ပေါ်က မလိုတဲ့အဆီတွေကို ဖယ်ရှားဖို့အတွက်လည်း ပိတောင်ပင်ကအသုံးဝင်ပါသေးတယ်။ ကိုယ်ပေါ်ကအဆီပိုတွေကိုဘေးကင်းကင်းနဲ့ ဖယ်ရှားချင်တယ်ဆိုရင်တော့ ပိတောက်ပင်ရဲ့ အခေါက်ကို အားကိုးလိုက်ပါနော်။

သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်တယ်

သွေးတတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး သွေးတွင်းကိုလက်စထရောပမာဏကိုထိန်းညှိပေးပါတယ်။သွေးတွင်းကိုလက်စထရောထိန်းညှိဖို့ သဘာဝဆေးတစ်မျိုးပေါ့။

အဆစ်တွေနာကျင်တာကို သက်သာစေနိုင်ပါတယ်

ထိခိုက်ဒဏ်ရာတွေ၊ပြတ်ရှဒဏ်ရာတွေ ကိုသွေးတိတ်စေပြီးရောဂါပိုးမဝင်ဘဲ အနာကျင်မြန်အောင်လုပ်ဆောင်ပေးသလို အဆစ်အမြစ်တွေနာကျင်ကိုက်ခဲနေမယ်ဆိုရင်လည်းပိတောက်သားကိုသွေးလူးပေးလိုက်ပါ။ သက်သာလာပါလိမ့်မယ်။ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

အသည်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ်

ပိတောက်က အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အသည်းသန့်စေဖို့၊ အသည်းရောင်နေတာသက်သာစေဖို့အတွက် ပိတောက်ကို သုံးလို့ရပါတယ်။ အသည်းကျန်းမာဖို့အတွက် သဘာဝဆေးတစ်လက်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျောက်ကပ်မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ

ကျောက်ကပ်များဟာ သင့်သွေးထဲမှာ အရည်ဓာတ်တွေ ပိုနေတာမဖြစ်အောင်၊ အဆိပ်အတောက်တွေ စုဝေးမနေအောင် စစ်ထုတ်သန့်စင်ပေးတဲ့တာဝန် ထမ်းဆောင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အချိုကြိုက်လွန်းတဲ့ကလေးနဲ့ မိဘတွေရဲ့ စိုးရိမ်လွန်ကဲမှု

မိဘ စိုးရိမ်လွန်ကဲမှု ကျန်းမာရေး အာဟာရဓာတ် အချို ကိုယ်အလေးချိန် ခံတွင်း အဝလွန် ကလေး ဆီးချိုရောဂါ သကြားဓာတ် အအေး နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

အစားအသောက်ကို ရွေးချယ်မှီဝဲပြီး နှလုံးရောဂါကို ကာကွယ်ကြပါတယ်။ လူတိုင်းက နှလုံးရောဂါဖြစ်မှာကို မလိုလားကြပါဘူး။ နှလုံးကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read
ဖြည့်စွက်အားဆေးတွေ သောက်မယ်ဆိုရင်

ဖြည့်စွက်အားဆေးတွေ သောက်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
ဖန်ခါးသီးရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

ဖန်ခါးသီးရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 1 min read