သင်္ဘောရွက်အကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သဘာဝတရားကြီးက သက်ရှိတွေကို အကောင်းဆုံးတွေပဲပေးထားတာပါ။ သဘာဝမှာ အလေ့ကျလိုပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေအတွက် အထောက်အပံ့ပေးတယ်ဆိုတဲ့ သင်္ဘောရွက်လေးအကြောင်းပြောပြပေးချင်ပါတယ်။

သင်္ဘောရွက်

ထွေထွေထူးထူးပြောနေစရာမလိုအောင်မြင်ဖူးကြမှာပါ။ သင်္ဘောပင်ရဲ့ အရွက်ရဲ့ခပ်ဖားဖား စိမ်းစိမ်းအရွက်တွေပါ။ အာရှတိုက်သေတော်တော်များများနဲ့ အမေရိကတိုက်တို့မှာတွေ့ရနိုင်ပါတယ်။ သင်္ဘောပင်က အသီးကိုစားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ် လက်ဖက်နဲ့စားတာဖြစ်ဖြစ် စားလို့ရပါတယ်။ သင်္ဘောရွက်မှာ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်နေသလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝပါတယ်။ဆေးဖက်ဝင်သလို ဟင်းလာတစ်ခုအဖြစ်နဲ့တောင် စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ဓါတ်နဲ့ အခြားသော အကျိုးပြုအင်ဇိုင်းတွေပါဝင်နေပါတယ်။

ကျန်းမာရေးအတွက် ဘယ်လိုများအထောက်အကူပြုလဲ

အာဟာရဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ သင်္ဘောရွက်က အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ ဓါတ်က အဆီတွေ၊ကာဗိုဟိုက်ဒရိတ်တွေ ပရိုတင်းတွေကိုဖြိုခွဲပေးပြီး အဆီပိုတွေကိုဖယ်ရှားပေးသလို အစာခြေစနစ်ကို ကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။ ပါတိန်းလို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးက ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

အစာကြေစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့chymopapain၊ papain၊ protease နဲ့ amylase တို့လိုမျိုး အင်ဇိုင်းတွေပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်နဲ့ အူမကြီးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်

သင်္ဘောရွက်မှာပါတဲ့acetogenin လို့ခေါ်တဲ့ဒြပ်ပေါင်းက အဆုတ်၊ ပန်ကရိယ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေတို့ကိုလျှော့ကျစေနိုင်ပါတယ်။ ကင်ဆာဖြစ်နေသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

အသည်းကျန်းမာစေနိုင်ပါတယ်

အသည်ကို သန့်စင်ပေးခြင်းက အသည်းထိခိုကနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ အသည်းသန့်စင်ပေးနိုင်တဲ့ သဘာယပစ္စည်းအများအပြားထမြာ သဘော်ရွက်ကလည်း တစ်ခု အပါအဝင်ပါ။ ဒါကြောင့် အသည်းကျန်းမာပြီး အသည်းရောဂါကင်းစေဖို့အတွက်က သဘာဝဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တဲ့ သင်္ဘောရွက်ကို စားပေးလို့ရပါတယ်။

ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်တယ်

ရာသီလာစဉ်နာကျင်ကိုက်ခဲမှုက ပျိုမေလေးတို့ကိုတော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတာပါ။ ဒီပြဿနာကို ကင်းစေဖို့ကဟော်မုန်းတွေကို ထိန်းညှိနိုင်ဖို့လိုပါမယ်။ ကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ဆိုရင်တော့ သင်္ဘောရွက်လေးက အသုံးတည့်မှာ အသေအချာပါ။

နှင်းခူသက်သာစေနိုင်တယ်

အရေပြားပြဿနာတစ်ခုဖြစ်တဲ့ နှင်းခူသက်သာစေနိုင်ဖို့အတွက် သင်္ဘောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နှင်းခူဖြစ်နေတဲ့ နေရာပေါ်ကိုဆေးကြောသန့်စင်ထားတဲ့ သင်္ဘောရွက်ကိုကြိတ်ခြေပြီး အရည်ဆွတ်လို့ ကပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး နှင်းခူကိုပျောက်ကင်းစေမှာပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

အစာခြေစနစ်မှာ အကျိုးမပြုဘက်တီးရီးယားတွေ များနေတာက ခန္ဓါကိုယ်ကျန်းမာမှုကိုတော်တော်လေးထိခိုက်စေနိုင်တာပါ။ သင်္ဘောရွက်မှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအကျိုးပြုဘက်တီးရီးယားတွေရော၊ အကျိုးမပြုဘက်တီးရီးယားတွေကိုပါ ဟန်ချက်ညီမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးပွားစေပြီး ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။

ဆံသားကျန်းမာစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့ ဓါတ်တွေက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီးဗောက်မထအောင် ကာကွယ်ပေးပါတယ်။

အသားအရေကျန်းမာစိုပြေစေတယ်

ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှုလျှော့ချပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေကိုဖြစ်ပေါ်စေနိုင်တယ်။ အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

အားအင်ပြည့်ဖြိုးစေတယ်

ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကိဖြည့်ပေးပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။သွေးစီးဆင်းမှုကောင်းမာန်စေပြီး ခနဒ`ာကိုယမျာ အင်အားပြည့်နေစေအာင်လုပ်ဆောင်ပေးနိုင်ပါတယ်။

သင်္ဘောရွက်ကဆေးဖက်င်တယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ လိုအပ်သလောက်ပဲ သုံးဖို့ပြောပါရစေ။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ရောဂါအခံတစ်ခုခုရှိသူတွေအနေနဲ့ကတော့ မသုံးသင့်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆူရှီစားလို့ ဘာဖြစ်တယ်၊ ငါးအစိမ်းတွေ စားလို့ ညာဖြစ်တယ် စသဖြင့် အမျိုးမျိုးသော သတင်းတွေ တက်လာတာ ဖတ်ဖူးကြမှာပါ။ ဆူရှီကကျန်းမာစေတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

Salmon နဲ့ Tuna တို့လို ငါးတွေ ပါဝင်တဲ့ Suhi က ကျန်းမာရေးအတွက် ကောင်းပါတယ်။ အပေါ်က ဆော့စ်တွေ၊ ချိစ်တွေကတော့ ကယ်လိုရီနဲ့ အဆီဓာတ်ကို ပိုများစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ

ဆူရှီတွေကို လက်နဲ့ ကိုင်စားတာကမှ မှန်ကန်တဲ့ နည်းလမ်းဆိုတာ။ နောက်တာ မဟုတ်ပါဘူး။ အတည်ပြောတာပါ။ ဆူရှီ ကောင်းကောင်းစားကြမယ်။ ဆူရှီစားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ရေ ဘာကြောင့် သောက်ရတယ်။ ဒါတွေကြောင့်မို့ သောက်ရတယ်

“ရေများများသောက်ပါ” ကျွန်တော်တို့ ခဏခဏ တွေ့ဖူး၊ ကြားဖူးပါတယ်။ ဘာကြောင့် ရေသောက်သင့်တာလဲဆိုရင်တော့ အချက်အလက်နဲ့ ဖြေနိုင်မယ့် ရာနှုန်း နည်းသွားပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဘေလုံးထုတ် ပြီးတဲ့နောက်

ဘေလုံးထုတ် ပြီးတဲ့နောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
Sugar Wax ကို အိမ်မှာ ကိုယ်တိုင် လုပ်ကြမယ်

Sugar Wax ကို အိမ်မှာ ကိုယ်တိုင် လုပ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
Covid-19 ကာကွယ်ဖို့အတွက် WHOမှ ချမှတ်ထားသော နေ့စဉ်လိုက်နာရမည့်အချက်များ

Covid-19 ကာကွယ်ဖို့အတွက် WHOမှ ချမှတ်ထားသော နေ့စဉ်လိုက်နာရမည့်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read