မန်ကျည်းစေ့လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အာရှဒေသ တော်တော်များများမှာ ဟင်းချက်တဲ့အခါမျိုးမှာဖြစ်ဖြစ်နွေပူပူမှာ ရင်အေးစေတဲ့ သောက်စရာအနေနဲ့ဖြစ်ဖြစ် မန်ကျည်းသီးမှည့်ကို အသုံးပြုကြပါတယ်။ မန်ကျည်သီးကသွေးသန့်စေသလို အရေပြားကနေစလို့ အစာခြေစနစ်ကျန်းမာရေးအထိအထောက်အကူပြုတာပါ။ ဒီနေရာမှာတော်တော်များများလုပ်မိနေတာတစ်ခုရှိပါတယ်။ ဒါကတော့ မန်ကျည်းသီးရဲ့ အနှစ်ကိုစားသုံးကြပေမယ့် မန်ကျည်းစေ့ကိုတော့ လွှင့်ပစ်တတ်ကြပါတယ်။ တကယ်တော့မန်ကျည်းသီး အနှစ်ကတင်မဟုတ်ဘဲ မန်ကျည်းစေ့ကပါဆေးဖက်ဝင်တာပါ။

အမဲရောင်ပြောင်ပြောင်လေးဖြစ်နေတဲ့ မန်ကျည်းသီးစေ့လေးရဲ့ဆေးဖက်ဝင်ပုံက

မန်ကျည်းသီးစေ့မှာဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ အမိုင်နိုအက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအာဟာရဓါတ်တွေနဲ့ပြည့်စုံနေတဲ့ မန်ကျည်းသီးစေ့လေးက အခုလိုမျိုးဆေးဖက်ဝင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တယ်

မန်ကျည်းသီးစေ့ရဲ့ အပြင်လွှာက ဝမ်းပျက်ဝမ်းလျှောတာကိုအထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။

အရေပြားကျန်းမာစေနိုင်တယ်

မန်ကျည်းသီးစေ့မှာxyloglycans ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေပြီး အရေပြားပြဿနာကို သက်သာစေနိုင်ပါတယ်။

အဆစ်ရောင်တာကိုသက်သာစေနိုင်ပါတယ်

နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး အဆစ်ရောင်ရောဂါကြောင့် အဆစ်နာတာတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းသီးစေ့ကို အမှုန့်ကြိတ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဝက်စာ တစ်ရက်ကို နှစ်ကြိမ်သောက်ပေးတာက အဆစ်တွေထဲမှာချောဆီတွေဖြစ်ပေါ်စေပြီး အဆစ်နာတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒူးနာတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေစေနိုင်ပါတယ်။

သွားနဲ့ခံတွင်းကျန်းမာစေနိုင်တယ်

သွားကိုက်တာသွားဖုံးနာတာ၊ သွားမှာ သွားချေးတွေ ဖြစ်နေတာကို သက်သာစေဖို့ မန်ကျည်းသီးစေ့အမှုန့်ကို အသုံးပြုပေးလို့ရပါတ်ယ။ မန်ကျည်းသီးစေ့ကိုလှော်ပြီး အမှုန့်ကြိတ်လို့ ရလာတဲ့အမှုန့်နဲ့သွားတိုက်ပေးပါ။

မန်ကျည်းသီးစေ့က သည်းခြေရည်ထုတ်လုပ်မှုကို တိုးစေနိုင်ပြီး အစာမကြေတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ အစာအမ်ပြဿနာရှိတာ ဈမ်းချုပ်တာတွေနဲ့ အစာမကြေတာတွေကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ကိုလက်စထရောပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးအတွက်တော်တော်လေး အသုံးဝင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

မန်ကျည်းသီးစေ့မှာ ကိုယ်ခံအားကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ ဒါကြောင့်ရောဂါတွေတော်တော်များများကနေ ကာကွယ်ပေးနိုင်မှာ အသေအချာပါ။

ကင်ဆာကာကွယ်ပေးနိုင်တယ်

အူမကြီးကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့် အဆုတ်ရောင်၊ အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ဘက်တီးရီးယားပိုးကူးစက်တာကြောင့်ဖြစ်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ချောင်းဆိုးတာ၊ အာသီးရောင်တာနဲ့လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်

မန်ကျည်းသီးစေ့ကို အာလုပ်ကျင်းဆေးအနေနဲ့အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းသီးစေ့အမှုန့်ကို ချင်း (ဂျင်း) နည်းနည်း၊ သစ်ကြံပိုးခေါက်မှုန့်နည်းနည်းတို့နဲ့ရောစပ်လို့ရေနွေးနွေးလေးနဲ့ဖျော်ပြီး အာလုပ်ကျင်းပေးမယ်ဆိုရင် ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အအေးမိတာကြောင့်ဖြစ်တဲ့ချောင်းဆိုးတာ၊ လည်ချောင်းနာတာ နဲ့ အာသီးရောင်တာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

မန်ကျည်းသီးစေ့က အင်ဆူလင်ထွက်ရှိမှုကိုတိုးစေနိုင်သလို ပန်ကရိယကို ကျန်းမာစေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်မှာပါ။

မန်ကျည်သီးစေ့မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်သလို နှလုံးကျန်းမာစေဖို့အတွက်လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။

အရိုးကျိုးတာအတွက် အသုံးပြုလို့ရတယ်

မန်ကျည်းသီးစေ့ကို ခပ်ပျစ်ပျစ်လေးသွေးပြီး အရိုးကျိုးတဲ့နေရာမှာ ခပ်ထူထူလေးလူးပေးတာက အရိုးမြန်မြန်ဆက်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

အသားအရေကို တင်းရင်းစေနိုင်တယ်

မန်ကျည်းသီးစေ့က အရေပြားကို အစိုဓါတ်ထိန်းပေးသလို အပြစ်အနာအဆာကင်းစေနိုင်ပါတယ်။ အရေးအကြောင်းတွေကို သက်သာစေပြီး တင်းရင်းလှပစေနိုင်ပါတယ်။ အရေပြားအတွက်လိုအပ်တဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်ပါတယ်။ အရွယ်တင်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်လိုသူတိုင်းမေ့ထားလို့ မဖြစ်တဲ့အရာတစ်ခုပါ။

ပိုးကောင်ကိုက်တဲ့အခါ ပရုတ်ဆီလိမ်းမိရင်တစ်ခုခုဖြစ်မှာစိုးရသလို ဘာလူးလို့လူးရမှန်းမသိဖြစ်နေတယ်ဆိုရင် မန်ကျည်းသီးစေ့လေးကိုသွေးလူးပေးပါ။ အရောင်ကျစေနိုင်သလို အနာသက်သာစေနိုင်ပါတယ်။

အနာကျက်မြန်စေနိုင်တယ်

ထိခိုက်ရှနြာဖစ်တဲ့အခါ အနာကျက်မြန်စေဖို့အတွက် မန်ကျည်းသီးစေ့ကို အသုံးပြုပေးလို့ရပါတယ်။ မန်ကျည်းပင်အခေါက်ကိုသွေးလူးပေးလို့လည်းရပါတယ်။ မန်ကျည်းသီးစေ့ကိုသွေးပြီးအနာကိုလူးပေးမယ်ဆိုရင် ၁၀ ရက်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိမှာပါ။

မန်ကျည်းသီးစေ့လေးကလည်းဆေးဖက်ဝင်တယ်ဆိုတဲ့ မလွှင့်ပစ်ဘဲသေချာသိမ်းလို့ လိုအပ်လာတဲ့အခါ အသုံးပြုပေးဖို့ပြောပါရစေနော်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

အူမကြီးနဲ့စအိုလမ်းကြောင်းတစ်ဝိုက်မှာ ပြဿနာရှိ၊ မရှိသိရဖို့အတွက် အူမကြီးမှန်ပြောင်းကြည့်လို့ ရပါတယ်။ အဖြစ်များတဲ့ကင်ဆာရောဂါတွေထဲမှာ အူမကြီးကင်ဆာလည်းပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကိုဗစ်ရောဂါဖြစ်ပွားချိန်မှာ ခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင်

အခုလိုကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာ ခွဲစိတ်ကုသဖို့လိုအပ်တဲ့ရောဂါတစ်ခုခုခံစားနေရမယ်ဆို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

အစာခြေအူလမ်းကြောင်းတလျှောက်မှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းက အစားအသောက်တွေကို ခန္ဓာကိုယ်အတွက်အသုံးပြုနိုင်မယ့် အာဟာရဓာတ်တွေဖြစ်လာအောင်ပြောင်းလဲပေး ပါတယ်။

ရေးသားသူ Dr. Thiha Phyo Myint

ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ဆေးစွဲခြင်းက ပစ္စုပ္ပန် တည့်တည့်အတွက်လည်း မကောင်းသလို နောက်ပိုင်းမှာလည်း ဆိုးကျိုးတွေကို ပေးပါတယ်။ဆေးစွဲတာက စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read