စံပယ်ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 3 mins read
Share now

စံပယ်ပန်းလေးရဲ့ အမွှေးနံ့ကလူကိုလန်းဆန်းစေနိုင်ပါတယ်။ မနက်ခင်းလေနုအေးအေးလေးမှာ စံပယ်နံ့လေးသင်းနေတာက စိတ်ကိုအတော်လေးကြည်လင် လန်းဆန်းစေနိုင်ပါတယ်။ စံပယ်ရဲ့ အာနိသင်က ဒီလောက်နဲ့ ပြီးမသွားသေးပါဘူး။ စံပယ်ပန်းကဆေးဖက်လည်းဝင်ပါသေးတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ပန်းလေးတစ်မျိုးပေါ့။

စံပယ်ပန်းက ကျန်းမာရေးအတွက် ဒီလိုအထောက်အကူပြုပါတယ်

အဆင်းရော အချင်းပါပြည့်စုံတဲ့ စံပယ်ပန်းက

စံပယ်ပန်းရေနွေးကြမ်းက ကျန်းမာရေးကို ဒီလို အထောက်အကူပြုပေးနိုင်ပါတယ်

စံပယ်ပန်းကိုရေနွေးကြမ်းအဖြစ်သောက်သုံးတာက အရသာရှိသလို ကျန်းမာရေးအတွက်လည်းတော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ စံပယ်ပန်းရေနွေးကြမ်းသောက်သုံးပေးမယ်ဆိုရင်တော့

ကိုယ်အလေးချိန်ကျဆင်းစေနိုင်တယ်

စံပယ်ပန်းရေနွေးကြမ်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ကိုယ်အလေးချိန်ကျစေဖို့အတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းရေနွေးကြမ်းက ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်စေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

သုတေသနလုပ်ဆောင်ချက်တွေအရနေ့စဉ် စံပယ်ပန်းရေနွေးကြမ်းသောက်သုံးပေးမှုက ကင်ဆာကာကွယ်ပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ စံပယ်ပန်းရေနွေးကြမ်းက ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆြာဖစ်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်သလို အခြားနာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချို ထိန်းညှိပေးနိုင်ပါတယ်

ဆီးချိုကာကွယ်ချင်သူတွေအတွက်ရော ဆီးချိုရှိနေတာကြောင့်သွေးတွင်း သကြားဓါတ်ကို ထိန်းညှိချင်နေသူတွေအတွက်ပါ အဆင်ပြေတဲ့သောက်စရာလေးတစ်ခုပါ။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါနေ့စဉ် စံပယ်ပန်းရေနွေးကြမ်းတစ်ခွက်လောက်တော့သောက်ပေးပါ။ စံပယ်ပန်းရေနွေးကြမ်းသောက်သုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်

စံပယ်ပန်းရဲ့ ရနံ့က စိတ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ ခန္ဓါကိုယ်တစ်ခုလုံးကကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များနေရင် စံပယ်ပန်းရေနွေးကြမ်းလေးသောက်ပြီး စာအုပ်ဖတ်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။

အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်တယ်

နေ့စဉ် စံပယ်ပန်းလက်ဖက်ခြောက်သောက်သုံးပေးမယ်ဆိုရင် အစာအိမ်အူလမ်းကြောင်းကျန်းမာမှာပါ။နောက်တစ်ခုကအနေနဲ့က အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေကို ကာကွယ်ရာလည်းရောက်မှာပါ။ ဝမ်းမှန်စေပြီး အစာခြေအင်ဇိုင်းတွေ ပိုမိုထွက်ရှိလာအောင်လည်း လှုံ့ဆော်ပေးနိုင်မှာပါ။

ကိုယ်ခံအားကောင်းစေတယ်

ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းရေနွေးကြမ်းကရောဂါတော်တော်များများကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ ခဏခဏဖျားတတ်လို့ စိတ်ညစ်နေသူတွေ စဉ်းစားသင့်တဲ့ နည်းလမ်းကာင်းတစ်ခုပါ။နေ့စဉ် စံပယ်ပန်းရေနွေးကြမ်း တစ်ခွက်သောက်သုံးပေးပြီး ကိုယ်ခံအားကိုမြှင့်တင်လိုက်ပါ။

လေးဖက်နာကြောင့် အရိုးအဆစ်တွေနာတာကို သက်သာစေနိုင်တယ်

ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့်လေးဖက်နာပိုးကြောင့်ဖြစ်တဲ့ အဆစ်အမြစ်တွေရောင်ရမ်းနာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အဆစ်အမြစ်တွေရောင်ရမ်းတာကို သက်သာချင်တယ်ဆိုရင် စံပယ်ပန်းရေနွေးကြမ်းကိုသောက်သုံးပေးပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တယ်

အရေပြားနဲ့ ခန္ဓါကိုယ်တွင်းကို ဘက်တီးရီးယားတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ပါတယ် မသန့်ရှင်းတဲ့ အစားအစာတွေမှာပါတဲ့ ဘက်တီးရီးယားတွေကြောင့် ဝမ်းပျက်ဝမ်းလျှောတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ၊ချောင်းဆိုးနဲ့ လည်ချောင်းနာတာလိုမျိုး ဘက်တီးရီးယားတွေ ကူးစက်ခံရတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

တက်ကြွလန်းဆန်းနေစေတယ်

စံပယ်ပန်းရေနွေးကြမ်းမှာ လက်ဖက်ရဲ့ ကဖင်းဓါတ်နဲ့ စံပယ်ပန်းရဲ့ ရနံ့တို့ကြောင့် စိတ်ကို ကြည်လင်လန်းဆန်းနေစေမှာ အသေအချာပါ။ အာရုံစူးစိုက်မှုကို ပိုကောင်းစေနိုင်သလို တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေစေမှာပါ။

နှလုံးကျန်းမာစေနိုင်တယ်

အသက်ရှည်ရှည်နေနိုင်ဖို့ နှလုံးကျန်းမာရေးကတော်တော်လေး အရေးကြီးပါတယ်။ ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းရေနွေးကြမ်းကသွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပြီးလေဖြတ်တာ၊သွေးခဲပိတ်ဆို့တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။နောက်တစ်ချက်ကသွေးတိုးကျစေနိုင်တာပါ။

အသားအရေအတွက် အထောက်အကူပြုပေးတယ်

စံပယ်ပန်းရေနွေးကြမ်းသောက်သုံးမှုက အသားအရေအတွက်လည်း အထောက်အပံ့ဖြစ်ပါတယ်။ ဝက်ခြံနဲ့ အရေပြားပေါ်က ထိခိုက်ဒဏ်ရာတွေ၊ အမာရွတ်တွေ သက်သာစေဖို့အတွက်လည်း စံပယ်ပန်းရေနွေးကြမ်းကို အသုံးပြုပေးလို့ရပါတယ်။ ဝက်ခြံတွေအတွက် စံပယ်ပန်းရေနွေးကြမ်းကို ဂွမ်းလေးနဲ့ တို့ပြီး ဝက်ခြံတွေကို စွတ်ပေးရမှာပါ။ မျက်နှာပေါ်က အရေးအကြောင်းတွေ သက်သာစေဖို့အတွက်ကတော့ စံပယ်ပန်းရေနွေးကြမ်းကို တစ်နေ့ ၂ ခွက် ကနေ ၃ ခွက်လောက်အထိသောက်ပေးပါ။ အနာတွေကိုတော့ စံပယ်ပန်းရေနွေးကြမ်း ခပ်နွေးနွေးလေးနဲ့ဆေးပေးလို့ရပါတယ်။

ဒီလောက်အသုံးတည့်တဲ့ စံပယ်ပန်းရေနွေးကြမ်းကို အခုပဲသောက်လိုက်ကြမလား Hello ဆရာဝန် ပရိသတ်ကြီးရေ……

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်အရေပြားနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၆) ချက်

ကိုယ့်ခန္ဓာကိုယ်ပေမဲ့ ကိုယ့်ရဲ့ အရေပြားအကြောင်း၊ အသားအရေအကြောင်း သင်ဒါတွေ သိပြီးသွားပြီလား။ အသားအရေ အကြောင်း ဒါတွေ သိပြီးရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဝမ်းဗိုက်မှာ အလုံးစမ်းမိရင် ဘာတွေဖြစ်နိုင်လဲ။

အလုံးစမ်းမိ ကင်ဆာ အသည်းကြီး သည်းခြေကျောက် အူမကြီးကင်ဆာ ဘေလုံးကြီးတာ ပန်ကရိယကင်ဆာ Crohn’s disease သားဥအိမ်အကျိတ် အစာအိမ်ကင်ဆာ သွေးကြောမကြီးဖောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘီလူးစီးတာကို ဘယ်သူတွေ အများဆုံး ခံရသလဲ

တစ်ယောက်ယောက်က တက်ဖိထားသလိုမျိုး ခြေတွေ၊ လက်တွေလည်း လှုပ်မရ၊ အော်လို့လည်းမရ၊ ဘာမှ လုပ်မရဘဲ အတော်ကို ကြောက်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံဖူးကြလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲ။

ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read
Covid-19 ကာကွယ်ဖို့အတွက် WHOမှ ချမှတ်ထားသော နေ့စဉ်လိုက်နာရမည့်အချက်များ

Covid-19 ကာကွယ်ဖို့အတွက် WHOမှ ချမှတ်ထားသော နေ့စဉ်လိုက်နာရမည့်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read