ကွမ်းရွက်လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကွမ်းရွက်ကဆေးဖက်ဝင်တယ်ဆိုတာတော့ သိထားပြီးဖြစ်မှာပါ။ ကွမ်းရွက်မှာ ကျန်းမာရေးအတွက်အထောက်အကူပေးနိုင်တဲ့ ဓါတ်တွေအများကြီးပါဝင်နေပါတယ်။ ကွမ်းရွက်က အနာကျက်မြန်စေနိုင်သလို ပိုးတွေကိုလည်းသေစေနိုင်ပါတယ်။ ကွမ်းရွက်ကနေ ဗီတာမင် C၊thiamine၊ niacin၊ riboflavin ၊carotene နဲ့ ကယ်လ်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကွမ်းရွက်ကခံတွင်းကျန်းမာစေသလို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။

ကွမ်းရွက်က ကျန်းမာရေးအာနိသင်ကြွယ်ဝပေမယ့်ဆေးရွက်ကြီးတွေ ကွမ်းသီးတွေဆေးအမျိုးမျိုးနဲ့တွဲစားရင်တော့ ခံတွင်းကင်ဆြာဖစ်စေနိုင်တဲ့အထိ ကျန်းမာရေးဆိုးကျိုးရှိနိုင်ပါတယ်။ ဒါက ကွမ်းရွက်ကြောင့်မဟုတ်ပါဘူး။ ကွမ်းစားတဲ့အခါ ထည့်စားတဲ့ဆေးတွေရဲ့ ဆိုးကျိုးတွေကြောင့်ပါ။ ကွမ်းစားရင်ထည့်စားတတ်တဲ့ ထုံးက ကျန်းမာရေးကို အထောက်အကူမပြုတာတော့ အသေအချာပါပဲ။ ဒါကြောင့် ကွမ်းစားတာကိုတော့ အားမပေးပါဘူး။ ကွမ်းရွက်သီးသန့်ဆိုရင်တော့ ကျန်းမာရေးအတွက်အထောက်အကူပြုတာမို့ စားသုံးပေးလို့ရပါတယ်။ ကွမ်းရွက်ရဲ့ဆေးဖက်ဝင်အာနိသင်က ဘာများဖြစ်မလဲစဉ်းစားနေလား။ မစဉ်းစားနဲ့နော်ပြည့်ပြည့်စုံစုံရေးပေးထားတာမို့ ဆက်ကြည့်လိုက်ပါ ……

ကွမ်းရွက်ရဲ့ဆေးဖက်ဝင်အာနိသင်တွေက

ဆီးချိုအတွက်ကောင်းတယ် – ကွမ်းရွက်မှာပါတဲ့ဒြပ်ပေါင်းတစ်ခုကသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်တာကြောင့် ဆီးချိုသမားတွေ သုံးဆောင်ပေးသင့်ပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ် – ကွမ်းရွက်မှာ ခန္ဓါကိုယ်ရဲ့ အဆီတွေကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပြီး ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေအတွက် ကွမ်းရွက်ကသင့်တော်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ် -ကွမ်းရွက်ကိုဝါးစားပေးမယ်ဆိုရင် ခံတွင်းထဲမှာရှိတဲ့ascorbic acid ပမာဏကိုထိန်းညှိပေးပြီး ခံတွင်းကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကွမ်းရွက် ၁၀ ရွက်၊ ၁၂ ရွက်လောက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပျားရည်နည်းနည်းထည့်သောက်သုံးပေးမယ်ဆိုရင် ကင်ဆာကာကွယ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

အနာကျက်စေနိုင်တယ် – အနာပေါ်ကို ကွမ်းရွက်သန့်သန့်လေး အုပ်ပြီး ပတ်တီးနဲ့စည်းပေးမယ်ဆိုရင် အနာကျက်မြန်စေမှာ အသေအချာပါ။

ခေါင်းကိုက်သက်သာစေနိုင်တယ် -ခေါင်းအရမ်းကိုက်နေရင် ကွမ်းရွက်ကိုခြေပြီးရှုပေးတာ၊ နားထင်မှာကွမ်းရွက်ကပ်ပေးတာမျိုးလုပ်ပေးပါ။ခေါင်းကိုက်တာကို သိသိသာသာသက်သာစေမှာပါ။

သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ် -သွေးတွင်းကိုလက်စထရောများလာတာက နှလုံးရောဂြါဖစ်နိုင်ခြေကိုတိုးစေနိုင်သလိုလေဖြတ်နိုင်ခြေကိုလည်းတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးတွင်းကိုလက်စထရောအရမ်းများမလာအောင်ဂရုစိုက်ဖို့လိုပါမယ်။ ကုန်ကျစရိတ်သက်သက်သာသာနဲ့သွေးတွင်းကိုလက်စထရောကျချင်ရင်တော့ ကွမ်းရွက်ကို သုံးဆောင်ပေးပါနော်။

ခံတွင်းကျန်းမာရေးကိုကောင်းစေတယ် – ကွမ်းရွက်ဝါးပေးမယ်ဆိုရင် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားမှုကို ဟန့်တားနိုင်ပြီး ခံတွင်းနံ့ကို သင်းပျံ့စေမှာပါ။ ဒါကြောင့်သွားနဲ့ခံတွင်းကျန်းမာဖို့ဆေးဝါးတွေအသုံးပြုမယ့်အစား သဘာဝဆေးတစ်မျိုးဖြစ်တဲ့ ကွမ်းရွက်ကိုပဲ ဝါးပေးပါ။

ချောင်းဆိုးသက်သာစေနိုင်တယ် – ကွမ်းရွက်ရဲ့ နောက်ထပ်ဆေးဖက်ဝင်ပုံတစ်ခုက လူတိုင်းလိုလိုသိထားပြီးဖြစ်တဲ့အတိုင်းချောင်းဆိုးသက်သာတာပါ။ ကွမ်းရွက်မှာရောဂါပိုးမွှားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့်ချောင်းဆိုးတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။

ဝက်ခြံသက်သာစေနိုင်တယ် – ဝက်ခြံ နဲ့ အရေပြားပြဿနာတွေအတွက် ကွမ်းရွက်ကို အသုံးပြုလို့ရပါတယ်။ ကွမ်းရွက်မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံနဲ့အရေပြားဓါတ်မတည့်မှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ကွမ်းရွက်ပြုတ်ရည်နဲ့နေ့စဉ်မျက်နှာသစ်ပေးပါ။

နားကိုက်တာကို သက်သာစေနိုင်တယ် -နားကိုက်တဲ့အခါနေရထိုင်ရမသက်သာပါဘူး။ နားကိုက်တာအတွက်အကောင်းဆုံးဆေးနည်းတစ်ခုက ကွမ်းရွက်ပါ။ နားကိုက်တဲ့အခါ ကွမ်းရွက်အသုံးပြုပြီး သက်သာအောင်လုပ်လို့ရပါတယ်။

ဝမ်းမှန်စေနိုင်တယ် – ကွမ်းရွက်က ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အရွက်တစ်မျိုးပေါ့။ ကိုယ်တွင်းက ဓါတ်တိုးပစ္စည်းတွေကိုဖယ်ရှားပေးပြီး PH ပမာဏ ညီညွတ်မျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်ေနတယ်ဆိုရင် ကွမ်းရွက်ပြုတ်ရည်သောက်ပါ ဝမ်းမှန်သွားပါလိမ့်မယ်။

နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်တယ် – ကွမ်းရွက်က နှာခေါင်းသွေးလျှံတာကိုသက်သာစေနိုင်ပါတယ်။ ကလေးလေးတွေ အပြင်ထွက်ဆော့လို့အပူလျှပ်တာေကြာင့် နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းသွေးလျှံတဲ့အခါ ကွမ်းရွက်လေးကိုအသုံးပြုပြီးသွေးတိတ်အောင်လုပ်ဆောင်ပေးလို့ရပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ်

စမတ်ဖုန်း၊ ဆိုရှယ်မီဒီယာ၊ အာဟာရဓာတ်၊ ကယ်လိုရီ၊ ကာဘိုဟိုက်ဒြိတ်၊ လေ့ကျင့်ခန်း၊ Gym၊ Application၊ နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်း၊ ဆီးချို၊ သွေးတိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

ခြင်ဆေး ခြင် အိမ်တွင်းနည်းလမ်း ခြင်ပြေးစေမယ့် နေအိမ် နည်းလမ်းလေးတွေ ကြက်သွန်ဖြူ လေးညှင်းပွင့် ရေနွေး သံပရိုသီး ပင်စိမ်း ခြင်ပြေးစေမယ့် နည်းလမ်း ပူစီနံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ။

အရက်နာကျ သက်သာစေဖို့ လက္ခဏာတွေ ဗိုက်အောင့်မယ် ရေငတ်မယ် ခေါင်းကိုက်မယ် ကတုန်ကယင် အုန်းရည် ရေဓာတ် ပိုတက်ဆီယမ် ပျားရည် အယ်လ်ကိုဟော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင်က colour blind တစ်ယောက်လား။

colour blind အရောင်တွေမခွဲနိုင် အမြင်အာရုံ မျိုးရိုးဗီဇ ဆီးချိ ရေတိမ် ပါကင်ဆန် အတက်ကျဆေး ဓာတုပစ္စည်း ကျောင်းစာမှာခက်ခဲ မျိုးရိုးလိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read
နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read
ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read

ဂန္ဓမာပန်းလက်ဖက်ခြောက်ရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 2 mins read