ကုက္ကိုက အရိပ်ရရုံပဲလား……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ကုက္ကိုလ်ဆိုရင်နွေရာသီမှာ အရိပ်ကောင်းကောင်းပေးနိုင်တဲ့ အပင်တစ်ပင်လို့ပြေးမြင်မယ်ထင်ပါတယ်။နွေပူပူမှာ ကုက္ကိုလ်ရိပ်ကအေးမြမှုပေးတာတွေအမှန်ပါ။ ခရီးသွားရင် လမ်းမှာ တစ်ထောက်နားပြီး ထမင်းစားမိတာကလည်း ကုက္ကိုလ်ရိပ်အောက်မှာပဲများတယ်နော်။ ကုက္ကိုလ်ပန်းလေးတွေကလည်း အဖြူလေးနဲ့ ပန်းရောင်လေးစပ်ထားတာဖြစ်ပြီး ချစ်ဖို့ကောင်းတာအမှန်ပါ။

ကုက္ကိုလ်ဆိုတာ

ကုက္ကိုလ်က အပူပိုင်းဒေသမှာပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး အမြဲစိမ်းအပင်ပါ။ အပင်ကြီးဖြစ်လို့ အရိပ်ရစေနိုင်ပါတယ်။ ကုက္ကိုလ်ပင်က အာဖရိက၊ အာရှ၊ မက်ဒါဂါစကာ၊ အမေရိက နဲ့ သြစတြေးလျတို့မှာပေါက်ရောက်တဲ့ မျိုးရင်းပင်တစ်မျိုးပါ။ အရွက်စိမ်းစိမ်းစိုစု၊ အညိုရင့်ရင့် အသီးရှည်ရှည်လေးတွေနဲ့ ပန်းရောင်နဲ့ အဖြူရောင်စပ်တဲ့ အပွင့်လေးတွေ ပွင့်ပါတယ်။မြင်လွယ်တဲ့အပင်တစ်မျိုးပေါ့။

ကုက္ကိုလ်က အရိပ်ရရုံပဲလား….

ကုက္ကိုလ်ပင်က အရိပ်ရတယ်ဆိုတာထက်ပိုပါတယ်။ ကုက္ကိုလ်ပင်ကိုဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုကြသလို အခြားအရာတွေအတွက်လည်း သုံးကြပါတယ်။

စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်

ကုက္ကိုလ်မှာquercetin၊isoquercetin၊ saponins နဲ့ polyphenols တို့လိုဒြပ်ပေါင်းတွေပါဝင်နေတာကြောင့်ဟော်မုန်းတွေကို ထိန်းညှိပေးပြီး အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်ပြီး စိုးရိမ်မှုတွေကိုပြေလျောံစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အိပ်ပျော်စေနိုင်တဲ့ အာနိသင်ရှိပြီး ညဘက် အိပ်မပျော်သူတွေအတွက်လည်း အသုံးတည့်မှာပါ။

စိတ်ဓါတ်ကျတာကို သက်သာစေနိုင်တယ်

ကုက္ကိုလ်ရွက်က ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိပေးနိုင်တာကြောင့် စိတ်ဓါတ်ကျတာကိုလည်း အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ စိတ်အေးချမ်းစေပြီး စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်မိနိုင်ခြေကိုလည်း နည်းစေနိုင်ပါတယ်။

အိပ်ပျော်စေနိုင်တယ်

အိပ်မရတဲ့သူတွေ၊ အိပ်မပျော်သူတွေအတွက်တော့ သဘာဝဆေးစွမ်းကောင်းပါ။ အာရုံကြောတွေနဲ့ စိတ်ခံစားမှုတွေကို တည်ငြိမ်အေးချမ်းစေပြီး ညဘက်ကိုကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်တယ်

ပန်းနာရင်ကျပ်ရှိသူတွေ၊ ဓါတ်မတည့်ရောဂါရှိသူတွေ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကြောင့် အသက်ရှုလမ်းကြောင်းမှာရောင်ရမ်းမှုဗတွကို သက်သာစေနိုင်ပါတယ်။ချောင်းဆိုး၊နှာချေသူတွေသက်သာစေနိုင်ပါတယ်။ ဓါတ်မတည့်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် အသက်ရှုလမ်းကြောင်းတစ်လျှောက်မှာဖြစ်တတ်တဲ့ ဓါတ်မတည့်မှုကြောင့် နှာချေချောင်းဆိုးတာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်

ကုက္ကိုလ်ရွက်မှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်တာကြောင့် ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့free radicalsတွေကို တိုက်ထုတ်ပေးပါတယ်။free radicalsတွေကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးတာ၊ ကင်ဆာလိုမျိုး ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

အရေပြားကျန်းမာစေနိုင်ပါတယ်

အရေပြားမှာ အနီကွက်တွေဖြစ်တာ၊ အညိုအမဲစွဲတာ၊ ထိခိုက်ဒဏ်ရာတွေဖြစ်တာ၊ ဝက်ခြံနဲ့ အခြားသောအရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်. အရေပြားဓါတ်မတည့်ဖြစ်မှုတွေအတွက်လည်း အသုံးပြုပေးလို့ရပါတယ်။

အစာကြေစေနိုင်တယ်

အမျှင်ဓါတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အူမကြီးနဲ့ အူတွေရဲ့ လှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အစာခြေလမ်းကြောင်းမှာရောင်ရမ်းတာနဲ့ အခြားသောထိခိုက်မှုတွေအတွက်လည်း အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်ပါတယ်

ကုက္ကိုလ်ရွက်ကသွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောကျဆင်းမှုကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။လေဖြတ်တာနဲ့ရုတ်ရက်နှလုံးရပ်တာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အရိုးအဆစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် အရိုးအဆစ်တွေနာကျင်ကိုက်ခဲမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။လေးဖက်နာ၊ဂေါက်ရောဂါရှိသူတွေအနေနဲ့ ကုက္ကိုလ်ရွက်ကို ကြိတ်ပြီး အဆစ်နာနေတဲ့နေရာမှာ အုံထားလိုက်ရုံပါ။

အခြားအသုံးဝင်မှုတွေက

  • အင်းဆက်ကိုက်ခံရတာကိုသက်သာစေနိုင်တယ်
  • သွေးတိတ်စေနိုင်တယ်
  • လည်ချောင်းနာတာကို သက်သာစေနိုင်တယ်
  • အသီးတွေမှည့်စေနိုင်တယ်
  • အရေပြားပြဿနာကင်းစေနိုင်ပါတယ်
  • စိတ်ခံစားမှုကောင်းစေနိုင်တယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

စိုးရိမ်ပူပန် ညအိပ်မပျော် စိတ်ကျန်းမာရေး အိပ်ချိန် အိပ်ရေးမဝ အားမရှိ ကိုယ်ခံအား စိတ်ဖိစီးမှု အိပ်မက်ဆိုး တရားထိုင် ယောဂ စာဖတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူး ဆေးဖက်ဝင် ပြောင်းဖူးမွှေး အပင်ဒြပ်ပေါင်း ဆီးလမ်းကြောင်း ပိုးဝင်တာ ကိုယ်တွင်းက အဆိပ်အတောက်တွေနှလုံး ထိခိုက်တာ ကျန်းမာရေးပြဿနာ ထိခိုက်ဒဏ်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပဲသီးလေး နဲ့ ကျန်းမာရေး

မုန့်ဟင်းခါး အကျိုးကျေးဇူးတွေ ကျန်းမာရေး ပရိုတင်း ဗီတာမင် B Complex ပင်ပန်းနွမ်းနယ် ခန္ဓာကိုယ် အမျှင်ဓာတ် ဇီဝကမ္မဖြစ်စဉ် ကယ်လ်ဆီယမ် အာရုံကြော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

COVID-19၊ အချို အငံကဲတဲ့အစားအစာ၊ Diet၊ အိပ်ရေးဝဝ အိပ်တာ၊ စိတ်ဖိစီးမှု၊ ပူသင်သောက၊ ကိုယ်လက်လေ့ကျင့်ခန်း၊ Work from Home၊ အရက်၊ အယ်လ်ကိုဟော၊ အဖျော်ယမကာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020
အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020