Zyrtec® သည် antihistamines ဟုခေါ်သော ဆေး အမျိုး အစားတွင် ပါဝင်သည်။ histamine သည် ဓါတ်မတည့်မှု ကို ဖြစ်စေသော ခန္ဓါကိုယ်ရှိ ပစ္စည်းတစ်မျိုး ဖြစ်သည်။ ၎င်းသည် histamine ၏ လုပ်ဆောင်မှုကို ပိတ်ပေးသည်။
Zyrtec® ကို hay fever ( ဝတ်ဆံမှုန်၊ ဖုန်မှုန့် သို့မဟုတ် လေထဲရှိ အခြားပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း) နှင့် အခြား အရာဝတ္ထုများ ( ဥပမာ သေးငယ်သော ပိုးကောင်များ၊ တိရစ္ဆာန် မှ အမှုန်များ၊ ပိုးဟပ်၊ မှို) နှင့် ဓါတ်မတည့်ခြင်း၏ လက္ခဏာများကို ယာယီ သက်သာစေရန် သုံးသည်။ ထို လက္ခဏာများတွင် နှာချေခြင်း၊ နှာစေးခြင်း၊ မျက်လုံး ယားယံခြင်း၊ နီရဲခြင်း၊ မျက်ရည် ထွက်ခြင်း၊ နှာခေါင်း သို့မဟုတ် လည်ချောင်း ယားယံခြင်းတို့ ပါဝင်သည်။
Zyrtec® ကို အင်ပျဉ်ကြောင့် ဖြစ်သော ယားယံခြင်း၊ နီရဲခြင်းကို ကုသရန်လည်း သုံးသည်။ သို့သော်လည်း Zyrtec® သည် အင်ပျဉ် သို့မဟုတ် အခြား အရေပြား ဓါတ်မတည့်မှုများကို ကာကွယ်မပေးပါ။
Zyrtec® ကို ဆေးပြား၊ ဝါးစားနိုင်သော ဆေးပြား၊ extended release ဆေးပြား နှင့် ဆေးရည်အဖြစ် ရနိုင်သည်။ အစာဖြင့် သို့မဟုတ် အစာမပါဘဲ တစ်နေ့တစ်ကြိမ် သောက်နိုင်သည်။ Zyrtec® ကို နေ့စဉ် တူညီသော အချိန်တွင် သောက်ပါ။ ဆေးဘူးတွင် ပါသော လမ်းညွှန်ချက်များကို သေချာ လိုက်နာပါ။ သင်နားမလည်သော အပိုင်းများကို ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား မေးပါ။ Zyrtec® ကို ညွှန်ကြားထားသည့်အတိုင်း တိကျစွာ သောက်ပါ။ ဆေးဘူးတွင် ညွှန်ကြားထားသည်ထက် သို့မဟုတ် ဆရာဝန် ထောက်ခံထားသည်ထက် ပိုများစွာ၊ ပိုနည်းစွာ သို့မဟုတ် အကြိမ်ရေ ပိုများစွာ မသောက်ပါနှင့်။
အညိုမဲ စွဲနေသော၊ ဖောင်းကြွနေသော၊ ပုံမှန် အရောင် မဟုတ်သော သို့မဟုတ် မယားယံသော အင်ပျဉ် များကို Zyrtec® မသုံးပါနှင့်။ သင့်တွင် ထိုအင်ပျဉ် အမျိုးအစားများ ရှိပါက ဆရာဝန်အား ခေါ်ပါ။
အင်ပျဉ်သည် ကုသမှု ပထမ ၃ ရက်အတွင်း သက်သာမလာပါက သို့မဟုတ် အင်ပျဉ်သည် ၆ ပတ်ထက် ပိုပြီး ကြာနေပါက Zyrtec® သောက်ခြင်းကို ရပ်ပြီး ဆရာဝန် ခေါ်ပါ။ သင်သည် အင်ပျဉ် ဖြစ်စေသော အကြောင်းရင်းကို မသိပါက ဆရာဝန် ခေါ်ပါ။
Zyrtec® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Zyrtec® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Zyrtec® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Zyrtec® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။
Zyrtec® သည် အိပ်ငိုက်စေသည်။ ဤဆေးသည် သင့်ကို ဘယ်လို သက်ရောက်သလဲကို မသိမချင်း ကားမမောင်းပါနှင့်။ စက်ပစ္စည်းများ မသုံးပါနှင့်။
အရက်သည် ဤဆေးကြောင့် ဖြစ်သော အိပ်ငိုက်မှုကို ပိုဆိုး စေသည်။ ဤဆေး သောက်နေစဉ် အရက်သောက်ခြင်းကို ရှောင်ပါ။
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Zyrtec® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Zyrtec® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Zyrtec® သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
Zyrtec® သည် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။ အောက်ပါ လက္ခဏာများ ပိုဆိုးလာပါက သို့မဟုတ် ပျောက် မသွားပါက ဆရာဝန်အား ပြောပါ။
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။
Zyrtec® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
ဤဆေးနှင့် ဓါတ်ပြုနိုင်သော ဆေးများမှာ
Zyrtec® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Zyrtec® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
ထိုကျန်းမာရေး အခြေအနေများမှာ
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
10 mg ဆေးတောင့် တစ်နေ့ တစ်ကြိမ်။ 24 နာရီအတွင်း 10 mg ဆေးတောင့် တစ်လုံးထက် ပိုမသောက်ပါနှင့်။ သိပ် မပြင်းထန်သော လက္ခဏာများအတွက် 5 mg ဆေးတောင့်ကို သောက်နိုင်သည်။
အသက် 6 နှစ်နှင့်အထက် ကလေးများ
10 mg ဆေးတောင့် တစ်နေ့ တစ်ကြိမ်။ 24 နာရီအတွင်း 10 mg ဆေးတောင့် တစ်လုံးထက် ပိုမသောက်ပါနှင့်။ သိပ် မပြင်းထန်သော လက္ခဏာများအတွက် 5 mg ဆေးတောင့်ကို သောက်နိုင်သည်။
အသက် 2 နှစ်မှ 5 နှစ်
2,5 mg တစ်နေ့ တစ်ကြိမ်။ 5 mg/day အထိ တိုးပေးနိုင်သည်။ ဆေးပမာဏကို 2 ကြိမ်ခွဲပေးနိုင်သည်။
အသက် 6 လမှ 2 နှစ်
2.5 mg တစ်နေ့ တစ်ကြိမ်။ 12 လနှစ် အထက်တွင် 2.5 mg တစ်နေ့ နှစ်ကြိမ်အထိ တိုးပေးနိုင်သည်။
Zyrtec® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
Zyrtec® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။