Zymoplex (ဇိုင်မိုပလပ်စ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Zymoplex (ဇိုင်မိုပလပ်စ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Zymoplex (ဇိုင်မိုပလပ်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Zymoplex ကို အများဆုံးအသုံးပြုကြသည်မှာ ယောက်ျား၊မိန်းမတို့မှာ ဖြစ်တဲ့ ရင်သားကင်ဆာအချို့ကို ကုသဖို့အတွက်ပဲ ဖြစ်ပါတယ်။ မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်ဖူးခြင်းကဲ့သို့ ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်မားနေသော မိန်းမများမှာ ဖြစ်နိုင်ခြေ လျော့ချပေးဖို့ အသုံးပြုပါတယ်။

Zymoplex အသုံးပြုပုံလမ်းညွှန်မှာ မပါသည့် Tamoxifen အသုံးပြုပုံများလည်း ရှိပါသေးတယ်။

Zymoplex (ဇိုင်မိုပလပ်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

ညွှန်ကြားထားချက်များအားလုံး လိုက်နာပါ။ ညွှန်ကြားထားသည်ထက် ကြာရှည်စွာ သို့မဟုတ် ပမာဏတိုးပြီး၊လျော့ပြီး အသုံးမပြုပါနှင့်။

ဆေးရည်ပမာဏတိုင်းတာရန်အတွက် ပေးထားသော ဆေးစုပ်ပြွန်၊ ဇွန်းနှင့် ခွက်တို့ကို အသုံးပြုပေးပါ။ မပေးထားပါက ဆေးဝါးကျွမ်းကျင်သူတို့ကို တစ်ခါထဲမေးမြန်းထားပါ။

အစာဖြင့်တွဲသောက်နိုင်သလို၊ အစာမရှိပဲဖြင့်လည်း သောက်သုံးနိုင်ပါတယ်။

Tamoxifen အသုံးပြုနေစဉ်အတွင်းမှာ မကြာခဏ သွေးစစ်ဖို့လည်း လိုပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်များပြုလုပ်ပြီး ရင်သားဓါတ်မှန်များရိုက်ခြင်းများ ပုံမှန်ပြုလုပ်ပေးပါ။ ဆေးအသုံးပြုနေစဉ်အတွင်းမှာ ရင်သားတွင်အလုံးရှိ၊မရှိ လစဉ်ပုံမှန်စစ်ဆေးချက်များ ပုံမှန်ပြုလုပ်ပေးပါ။

အကျိုးကျေးဇူးအပြည့်အဝရရှိရန်အတွက် Tamoxifen ကို ပုံမှန်အသုံးပြုပေးပါ။ ဆေးလုံးဝမကုန်သွားခင် ပြန်ပြန်ဖြည့်ထားပါ။ ၅နှစ်လောက်ထိဆက်လက်အသုံးပြုနေဖို့ လိုအပ်ပါလိမ့်မယ်။

Zymoplex (ဇိုင်မိုပလပ်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

Zymoplex ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Zymoplex ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Zymoplex ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Zymoplex ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Zymoplex (ဇိုင်မိုပလပ်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အရေးကြီးအချက်အလက်များ

ကိုယ်ဝန်ရှိနေမယ်ဆိုရင် Tamoxifen ကိုအသုံးမပြုပါနှင့်။ ရင်သွေးကို ထိခိုက်နိုင်ပါတယ်။ ဆေးအသုံးပြုနေစဉ်အတွင်းနဲ့ အသုံးပြုပြီး အနည်းဆုံးနှစ်လ ကြာပြီးတဲ့အထိ ကွန်ဒုံး ဒါမှမဟုတ် သုတ်ပိုးသတ်ဆေးပါသော ပစ္စည်းကဲ့သို့ အကာအကွယ်နည်းလမ်းကို အသုံးပြုပေးပါ။ ဓါတ်မတည့်ဘူး၊ ခြေထောက်နဲ့ အဆုတ်တို့မှာ သွေးခဲဖူးမယ်၊ Warfarin(Coumadin) လိုမျိး သွေးကြဲဆေးတွေ သောက်သုံးနေမယ် ဆိုရင်လည်း အသုံးမပြုသင့်ပါဘူး။

အသည်းရောဂါ၊ သွေးတွင်းအဆီဓါတ်များနေခြင်း၊ အတွင်းတိမ်ဖြစ်ဖူးခြင်း၊ လေဖြတ်ဖူးခြင်းနှင့် သွေးခဲပိတ်ဖူးခြင်းတို့ ရှိနေမယ်ဆိုရင် ဆရာဝန်ကို ပြောပြပေးပါ။ ဓါတုကုထုံးနဲ့ ဓါတ်ကင်ကုထုံးတို့ ခံယူနေမယ်ဆိုရင်လည်း ဆရာဝန်အား ပြောပြထားပါ။

ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ချဖို့ Tamoxifem သောက်သုံးမယ်ဆိုရင် ပထမဦးဆုံးဆေးကို ရာသီလာနေစဉ်အတွင်းမှာ သောက်သုံးပေးဖို့ လိုပါလိမ့်မယ်။ ဆေးစမသောက်သုံးခင်မှာ ကိုယ်ဝန်မရှိနေတာသေချာစေရန် စစ်ဆေးဖို့လည်းလိုနိုင်ပါတယ်။ ဆရာဝန်၏ညွှန်ကြားချက်များကို လိုက်နာပေးပါ။

Tamoxifen သောက်သုံးခြင်းက သားအိမ်ကင်ဆာ၊ လေဖြတ်ခြင်းနဲ့ အဆုတ်တွင်သွေးခဲပိတ်ခြင်းတို့ ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဆေးရဲ့အန္တရယ်တွေသိရှိဖို့ ဆရာဝန်ဖြင့်ဆွေးနွေးပေးပါ။

ဆေးက အန္တရယ်မဖြစ်တာ သေချာနေစေဖို့ ရင်သားဓါတ်မှန်ရိုက်ခြင်းနှင့် ပုံမှန်ရင်သားစစ်ဆေးခြင်းကို လုပ်ဆောင်စေပါလိမ့်မယ်။ အသည်းစွမ်းရည်ကိုလည်း စမ်းသပ်ဖို့ လိုပါလိမ့်မယ်။ ဆရာဝန်ဖြင့် ပုံမှန်ပြသပေးပါ။

ဓါတ်မတည့်ဘူးဆိုရင် Tamoxifen အသုံးမပြုသင့်ပါဘူး။

Warfarin ( Coumadin, Jantoven) တို့လိုမျိုး သွေးကြဲဆေးတွေသောက်သုံးနေမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ချဖို့ Tamoxifen အသုံးမပြုသင့်ပါဘူး။

ကိုယ်ဝန်ရှိနေမယ်ဆိုရင် Tamoxifen အသုံးမပြုပါနှင့်။ ရင်သွေးငယ်ကို ထိခိုက်စေပါတယ်။ ဆေးသောက်နေစဉ်နဲ့ သောက်သုံးပြီး အနည်းဆုံး ၂လလောက်ကြာတဲ့အထိ ကိုယ်ဝန်မရအောင်နေပါ။

Tamoxifen သောက်သုံးနေစဉ်အတွင်းမှာ သောက်ဆေး၊ ထိုးဆေး၊ အသားတွင်းထည့်သောဆေး၊ ကပ်ခွာနဲ့ ပလတ်စတစ်ကွင်းလိုမျိုး ဟော်မုန်းဖြင့် ကိုယ်ဝန်တားဆေးတွေဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကွန်ဒုံး၊ သုတ်ပိုးသတ်ဆေးပါသော ပစ္စည်းနဲ့ သားအိမ်ထဲထည့်သေားပစ္စည်းတို့လိုမျိုး ဟော်မုန်းဖြင့်မဟုတ်သော ကိုယ်ဝန်တားနည်းများ အကြောင်း ဆရာဝန်အား မေးမြန်းပေးပါ။

ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့ချဖို့ Tamoxifen သောက်သုံးနေမယ်ဆိုရင် ပထမဆုံးအကြိမ်ကို ရာသီလာနေစဉ်အတွင်းမှာ သောက်သုံးဖို့ လိုပါလိမ့်မယ်။ ဆေးစမသောက်သုံးခင်မှာ ကိုယ်ဝန်မရှိနေတာသေချာစေဖို့ စစ်ဆေးဖို့လည်းလိုနိုင်ပါတယ်။ ဆရာဝန်၏ညွှန်ကြားချက်များကို လိုက်နာပေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zymoplex (ဇိုင်မိုပလပ်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ဘေးထွက်ဆိုးကျိုးများ

Zymoplex (ဇိုင်မိုပလပ်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အင်ပျဉ်တွေထွက်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ မျက်နှာ၊နှုတ်ခမ်း၊ လျာနဲ့ လည်ပင်းတို့ ရောင်ကိုင်းလာခြင်းလိုမျိုးTamoxifen နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေရှိနေမယ်ဆိုရင် အရေးပေါ်ကုသမှုခံယူပါ။

Tamoxifen ကသွေးခဲနိုင်ခြေ၊ လေဖြတ်နိုင်ခြေကို မြင့်မားစေပါတယ်။ အောက်ပါတို့ဖြစ်နေပါက ဆရာဝန်ဖြင့် ချက်ချင်းပြသပေးပါ။

  • လေဖြတ်ခြင်းလက္ခဏာများ။ ရုတ်တရက်ထုံကျင်အားနည်းသွားခြင်း (အထူးသဖြင့် ခန္ဓါကိုယ်တစ်ဖက်တစ်ချက်လောက်တွင်ဖြစ်ပါတယ်)၊ ရုတ်တရက်ခေါင်းအပြင်းအထန်ကိုက်ခဲခြင်း၊ စကားမပီခြင်း၊ ကိုယ်မထိန်းနိုင်ခြင်းနှင့် ကောင်းကောင်းမမြင်ရတော့ခြင်း
  • အဆုတ်တွင်သွေးခဲပိတ်နိုင်ခြေလက္ခဏာများ။ ရင်ဘတ်အောင့်ခြင်း၊ ရုတ်တရက်ချောင်းဆိုးခြင်း၊ အသက်ရှုလျှင်တစ်ရွှီရွှီဖြင့် မြည်ခြင်း၊ အသက်ရှုမြန်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း
  • ခြေထောက်တွင်သွေးခဲပိတ်နိုင်ခြေလက္ခဏာများ။ ခြေထောက်တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံးတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူခြင်း၊ နီခြင်း

အောက်ပါတို့ဖြစ်နေပါကလည်း ဆရာဝန်ခေါ်ပေးပါ။

  • အမြင်ဝါးခြင်း၊ မြင်ကွင်းကျဉ်းခြင်း၊ မျက်လုံးနာခြင်းနှင့် အလင်းရောင်ကိုကြည့်လျင် ပြိုးပြိုးပျက်ပျက်မြင်ရခြင်း
  • မိန်မကိုယ်မှ ပုံမှန်မဟုတ်သော သွေးဆင်းခြင်းနှင့် အရည်ဆင်းခြင်းများ
  • ရာသီချိန်ပြောင်းလဲခြင်း
  • တင်ပဆုံရိုးတစ်ဝိုက် နာကျင်ခြင်း၊ တင်းနေခြင်း
  • ရင်သားတွင် အလုံးသစ်ဖြစ်ပေါ်လာခြင်း
  • အသည်းပြဿနာများ။ မအီမသာဖြစ်ခြင်း၊ ဝမ်းဗိုက်ပေါ်ပိုင်းနာကျင်ခြင်း၊ ယားယံခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဆီးမဲခြင်း၊ မစင်ရောင်ဖျော့ခြင်း၊ အသားဝါရှိခြင်း(မျက်လုံးပါဝါနေရပါမယ်)
  • သွေးတွင်ကယ်ဆီယမ်များခြင်း။ အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရေဆာခြင်း၊ ဆီးသွားများခြင်း၊ ကြွက်သားအားနည်းခြင်း၊ အရိုးကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အားအင်မရှိခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း။

Tamoxifen ကြောင့် အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ပူရှိန်းရှိန်းဖြစ်ခြင်း
  • မိန်းမကိုယ်မှအရည်များဆင်းခြင်း
  • ကိုယ်အလေးချိန်ကျခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Zymoplex (ဇိုင်မိုပလပ်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Tamoxifen ကို သောက်သုံးခြင်းက သေစေနိုင်လောက်တဲ့ သားအိမ်ကင်ဆာ၊ လေဖြတ်ခြင်းနဲ့ အဆုတ်သွေးကြောပိတ်ခြင်းတို့ ဖြစ်နိုင်ခြေမြင့်မားစေပါတယ်။ ဆေး၏အန္တရယ်များ သိရှိနိုင်ဖို့ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Tamoxifen က သင့်အတွက် ဘေးကင်းတာသေချာအောင် အောက်ပါတို့ရှိပါက ဆရာဝန်အားပြောပြထားပါ။

  • လေဖြတ်ဖူးခြင်း၊ သွေးကြောပိတ်ဖူးခြင်း
  • အသည်းရောဂါရှိခြင်း
  • သွေးတွင်း ကိုလက်စထရော၊အဆီများခြင်း
  • အတွင်းတိမ်ဖြစ်ဖူးခြင်း
  • ဓါတုကုထုံးနဲ့ ဓါတ်ကင်ကုထုံးတွေ ခံယူဖူးခြင်း

အစားအသောက်တွေနဲ့ အရက်က Zymoplex (ဇိုင်မိုပလပ်စ်) နဲ့ ဓါတ်ပြုနိုင်သလား

Zymoplex က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Zymoplex (ဇိုင်မိုပလပ်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Zymoplex ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Zymoplex (ဇိုင်မိုပလပ်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • ရင်သားကင်ဆာ

လူကြီး နေ့စဉ် 20mg ကနေ 40mg အထိ ၅နှစ်ခန့် သောက်သုံးပေးပါ။

  • နို့ပြွန်ကင်ဆာ၊

ရင်သားကင်ဆာဖြစ်နိုင်ခြေလျော့ချခြင်း

လူကြီး တစ်နေ့ကို 20mg နေ့စဉ် ၅နှစ်ခန့်သောက်သုံးပေးပါ။

ယေဘုယျအကြံပေးချက်

တစ်နေ့ကို 20mgကျော် မနက်၊ညနေ ခွဲသောက်ပါ။

ကလေးတွေအတွက် Zymoplex (ဇိုင်မိုပလပ်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Zymoplex (ဇိုင်မိုပလပ်စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Zymoplex ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Tamoxifen Citrate

  • 10mg သောက်ဆေးပြား
  • 20mg သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Zymoplex ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 26, 2018

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။