Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး))

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အသုံးပြုပုံများ

Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) ကို ဘာအတွက်အသုံးပြုကြသလဲ

Vaccine poliomyelitis injection (IPV) ဟာ ပိုလီယိုရောဂါကာကွယ်ဆေး ဖြစ်ပါတယ်။ ဒီဆေးဟာ ပိုလီယိုဗိုင်းရပ်စ်ကို ဆန့်ကျင်တဲ့ ခုခံအားစနစ်တွေ ခန္ဓါကိုယ်ကနေ ထွက်ရှိလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အနည်းဆုံး အသက်ခြောက်ပတ်ရှိတဲ့ ကလေးငယ်တွေမှာ ပိုလီယိုကာကွယ်ဆေး စတင်ထိုးပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူကြီးတွေအတွက်လည်း အောက်ပါအခြေအနေတွေမှာ ထိုးပေးနိုင်ပါတယ်။

  • ပိုလီယိုကာကွယ်ဆေးတခါမှ မထိုးဖူးသူတွေ။
  • ပိုလီယိုအဖြစ်များတဲ့ ဒေသကို ခရီးသွားမယ့်သူတွေ။
  • ပိုလီယိုဗိုင်းရပ်စ်ကို ဓါတ်ခွဲခန်းထဲမှာ ကိုင်တွယ်နေရတဲ့သူတွေ။

ပိုလီယိုလူနာတွေကို ပြုစုကုသပေးနေရတဲ့သူတွေ စတဲ့သူတွေမှာ ပိုလီယိုကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) ဘယ်လိုသောက်သုံးသင့်သလဲ

ဒီဆေးကို ဆရာဝန် ဒါမှမဟုတ် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးပညာရှင်ကသာ ထိုးပေးသင့်ပါတယ်။

Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Vaccine poliomyelitis injection (IPV) ကို ရေခဲသေတ္တာထဲမှာ ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ vaccine poliomyelitis injection (IPV) ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ vaccine poliomyelitis injection (IPV) ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Vaccine poliomyelitis injection (IPV) ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Vaccine poliomyelitis injection (IPV) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Vaccine poliomyelitis injection (IPV) ကိုမသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောရပါမယ်။

  • သင့်တွင် ကိုယ်ဝန်ရှိနေခြင်း၊ကလေးနို့တိုက်နေခြင်း။ အဆိုပါ အခြေအနေတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သုံးစွဲသင့်ပါတယ်။
  • အခြားသော ဆေးဝါးများကို သုံးစွဲနေခြင်း (ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူသုံးစွဲနိုင်သော သဘာဝသစ်ဥသစ်ဖုအားဖြည့်ဆေးများ၊တိုင်းရင်းဆေးများလည်း ပါဝင်ပါတယ်)။
  • Vaccine poliomyelitis injection (IPV) ရဲ့ ပါဝင်ပစ္စည်းတွေ ဒါမှမဟုတ် အခြားသော ဆေးဝါးတွေနဲ့ ဓါတ်မတည့်ခြင်း။

အခြားသော နာမကျန်းမှုများ၊ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

သင်ကာကွယ်ဆေးထိုးပြီး ရက်အနည်းငယ်အတွင်းမှာ ပိုလီယိုကာကွယ်ဆေးမထိုးထားတဲ့ ဒါမှမဟုတ် ခုခံအားကျဆင်းနေတဲ့ သင့်အိမ်သားတွေထံကို ပိုလီယိုရောဂါ ကူးစက်နိုင်ချေ အပုံ ၂.၂ သန်းပုံမှာ ၁ ပုံလောက် ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး မေးချင်တာတွေ ရှိတယ်ဆိုရင် သင့်ဆရာဝန်ကို မေးမြန်းပါ။ အသက် ခြောက်ပတ်အောက် ကလေးငယ်တွေမှာ ပိုလီယိုကာကွယ်ဆေး အသုံးမပြုသင့်ပါဘူး။ အသက် ခြောက်ပတ်အထက် ကလေးတွေမှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက လူကြီးတွေမှာဖြစ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

ဆေးဝါးအများအပြားကို အသက်အရွယ်ကြီးသူတွေမှာ စမ်းသပ်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် အသက်ကြီးသူတွေမှာ ဒီဆေးက ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သေချာစွာ မသိရပါဘူး။ အတိအကျ လေ့လာထားတဲ့ အချက်အလက်တွေ မရှိသေးသည့်တိုင် အသက်ကြီးသူတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ လူငယ်၊လူရွယ်တွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ အတူတူပဲ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် ဆရာဝန်၊သူနာပြုတို့ကို အမြန်အသိပေးပါ။

  • အသက်ရှုရခက်ခြင်း၊အစာ၊ရေ စသည် မြိုရခက်ခဲခြင်း။
  • အင်ပြင်များထွက်ခြင်း။
  • ယားယံခြင်း (အထူးသဖြင့် ခြေလက်များတွင်)။
  • အရေပြား နီရဲခြင်း (အထူးသဖြင့် နားရွက်တဝိုက်တွင်)။
  • မျက်လုံး၊မျက်နှာ သို့မဟုတ် နှာခေါင်းအတွင်းသားတို့ ဖောင်းကားရောင်ရမ်းခြင်း။
  • အဖျားကြီးခြင်း (၁၀၂ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၃၉ ဒီဂရီ စင်တီဂရိတ် ထက် များခြင်း)။
  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) နဲ့ ဓါတ်ပြုနိုင်သလဲ

Vaccine poliomyelitis injection (IPV) ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) နဲ့ ဓါတ်ပြုနိုင်သလား

Vaccine poliomyelitis injection (IPV) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) နဲ့ ဓါတ်ပြုနိုင်သလဲ

Vaccine poliomyelitis injection (IPV) ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် အောက်ပါကျန်းမာရေးအခြေအနေတွေ ရှိနေရင်ပေါ့။

  • ဝမ်းလျှောခြင်း။
  • ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း။
  • အော့အန်ခြင်း။
  • အဖျားတက်ခြင်း။
  • နာမကျန်းဖြစ်ခြင်း။
  • ပြင်းထန်စွာ အားနည်းခြင်း။

မိသားစုထဲတွင် ခုခံအားချို့တဲ့ခြင်းဆိုင်ရာ ရောဂါများဖြစ်ဖူးသူ ရှိခြင်း။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပိုလီယိုကာကွယ်ဆေးတခါမှ မထိုးဖူးတဲ့ အရွယ်ရောက်ပြီးသူတွေမှာ စုစုပေါင်း သုံးကြိမ်ထိုးရပါမယ်။ ပထမတကြိမ် ထိုးအပြီး တလကနေ နှစ်လအတွင်းမှာ ဒုတိယအကြိမ်ထိုးရမှာဖြစ်ပြီး နောက်ထပ် ခြောက်လကနေ ဆယ့်နှစ်လအကြာမှာ တတိယအကြိမ် ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးဖူးတယ်ဆိုရင်တော့ ဘယ်အရွယ်ကတည်းက ထိုးဖူးတာပဲ ဖြစ်ဖြစ် စုစုပေါင်း တကြိမ် သို့မဟုတ် နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။

ကလေးတွေအတွက် Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးငယ်တွေမှာ ပိုလီယိုကာကွယ်ဆေး စုစုပေါင်း လေးကြိမ် ထိုးရမှာ ဖြစ်ပြီး အသက်၂လ၊၄လ၊ ၆လ – ၁၈လ နဲ့ ၄နှစ် – ၆နှစ် အရွယ်တွေမှာ ထိုးရမှာပါ။ ဆေးတကြိမ်နဲ့ တကြိမ်အကြား အနည်းဆုံး ရက်သတ္တပတ်လေးပတ်ခွာပြီးမှ ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးပထမအကြိမ်ကို ကလေးအသက်ခြောက်ပတ်လောက်မှာ စတင်ပေးနိုင်ပါပြီ။

Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) ကိုဘယ်လိုရရှိနိုင်သလဲ

vaccine poliomyelitis injection (IPV) ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ထိုးဆေး။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ဒီကာကွယ်ဆေးဟာ ရက်အတိအကျ ထိုးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင် ဒါမှမဟုတ် သင့်ကလေးအနေနဲ့ ကာကွယ်ဆေးတကြိမ်ထိုးဖို့ လွတ်သွားရင် ဆရာဝန်နဲ့ တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Share now :

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 19, 2019

ရင်းမြစ်များ