Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 4 mins read
Share now

အသုံးပြုပုံများ

Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Tylenol® cold ကိုအအေးမိတုပ်ကွေးလက္ခဏာများဖြစ်သောအပျော့စားနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ လေအိတ်ခေါင်းတွင် အရည်စုခြင်းနှင့် ဖိအားများခြင်းတို့အားခဏတာသက်သာစေရန်အသုံးပြုပါသည်။ နှာလမ်းကြောင်းရှင်းရန်၊ နှာခေါင်းတွင်လေအိတ်ခေါင်းများမှ အရည်များထွက်ရန်နှင့် ခဏတာအဖျားသက်ရန် အသုံးပြုကြပါသည်။

Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ဘယ်လိုသောက်သုံးသင့်သလဲ

အညွှန်းတွင်ပါသည့်အတိုင်းသို့မဟုတ် ဆရာဝန် ညွှန်ကြားသည့်အတိုင်းတိတိကျကျလိုက်နာပါ။ ညွှန်ကြားထားသောပမာဏထက် ပိုသောက်ခြင်း၊ လျော့သောက်ခြင်း၊ သတ်မှတ်အချိန်ကာလထက် ပိုသောက်ခြင်းများမပြုလုပ်ရပါ။ ဤဆေးကိုလက္ခဏာများသက်သာသွားသည်အထိရေတိုသာအသုံးပြုရပါမည်။

ဆေးကိုအသက် ၁၂ နှစ်အောက်ကလေးများ၌ မပေးရ။ ကလေးအားအအေးမိချောင်းဆိုးပျောက်ဆေးပေးမည်ဆိုပါက ဆရာဝန်ကိုအရင်မေးပါ။

၇ ရက်ဆက်တိုက်ထက်ပိုပြီးမသုံးရပါ။ ဆေးသောက်ပြီး ၃ ရက်မြောက်နေ့အတိအဖျားမကျလျှင်၊ ၇ ရက် (ကလေးဆိုလျှင် ၅ ရက်) မြောက်ထိတိုင် လက္ခဏာများမသက်သာသေးလျှင်၊ လက္ခဏာများပိုဆိုးလာလျှင်၊ အရေပြားတွင်အကွက်များထလာလျှင်၊ ခေါင်းကိုက်ခြင်း၊ နီရဲရောင်ရမ်းခြင်းများဖြစ်လာလျှင် ဆရာဝန်နှင့်ပြန်ပြပါ။

Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ဘယ်လိုသိမ်းဆည်းရမလဲ

Tylenol® cold ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Tylenol® cold ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Tylenol® cold ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Tylenol® cold အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Tylenol® coldတွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။

ဤဆေးတွင် Acetaminophen ပါဝင်ပါသည်။ ဤဆေးကုန်၏ အများဆုံးပမာဏမှာ ၂၄ နာရီအတွင်း ၁၀ တောင့် (3250 mg) ဖြစ်သည်။

  • Acetaminophen 4000 mg ကို ၂၄ နာရီအတွင်းသောက်လျှင်
  • ဤဆေးကိုသောက်နေစဉ် တစ်ရက်ကိုအရက် ၃ ခွက်နှင့်အထက်သောက်လျှင်

အသည်းကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါသည်။

၂ ရက်ထက်ပိုပြီးလည်ချောင်းနာခြင်းမှာ ဆိုးဝါးလာလျှင် သို့မဟုတ် ပျောက်မသွားလျှင်၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အကွက်ထခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ပါတွဲလာလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

သွေးကျဲဆေး ဝါဖရင်ကိုသောက်နေရလျှင် ဤဆေးမသောက်ခင် ဆရာဝန်ကိုမေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Nရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါတို့ဖြစ်လာလျှင် ဆေးကိုရပ်ပြီး ဆရာဝန်နှင့်ပြပါ။

  • စိတ်လှုပ်ရှားခြင်း၊ ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း
  • ၇ ရက်ထက်ပိုပြီး နှာရည်ထွက်ခြင်း၊ နှာခေါင်းနာခြင်းဖြစ်နေလျှင်၊ ပိုဆိုးလာလျှင်
  • ၃ ရက်ထက်ပိုကြားအောင် ဖျားလျှင်၊ ပိုဆိုးလာလျှင်
  • နီခြင်းရောင်ခြင်းများရှိလျှင်
  • လက္ခဏာအသစ်များပေါ်လာလျှင်
  • ချောင်းပြန်ဆိုးလာလျှင် သို့မဟုတ် ခေါင်းကိုက်ခြင်းအကွက်ထခြင်းများဖြစ်လျှင်

၎င်းတို့က ပြင်းထန်သောအခြေအနေ၏လက္ခဏာများ ဖြစ်နေနိုင်ပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Tylenol® cold သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) နဲ့ ဓါတ်ပြုနိုင်သလား

Tylenol® cold က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Tylenol® cold သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

ဤဆေးနှင့်ဓါတ်ပြုနိုင်သောရောဂါများ

  • အသည်းရောဂါ
  • နှလုံးရောဂါ
  • သွေးတိုးရောဂါ
  • သိုင်းရွိုက်ရောဂါ
  • ဆီးချို
  • ဆီးကြိတ်ကြီးပြီးဆီးသွားရခက်ခြင်း
  • ချောင်းဆိုးခြင်း၊ ပန်းနာရင်ကြပ်ခြင်းနှင့် Emphysema ကြောင့်ဖြစ်သောချောင်းဆိုးခြင်း
  • သလိပ်အများကြီးထွက်ပြီးချောင်းဆိုးခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

၄ နာရီခြားတိုင်းဆေး ၂ တောင့်သောက်ပါ။

ဆေးတစ်လုံးလုံးကိုမျိုချပါ။ ကြိတ်ချေခြင်း၊ ဝါးခြင်း၊ ဖျော်ခြင်းများမပြုလုပ်ရ။ ဆေးကို ၂၄ နာရီအတွင်း ၁၀ ကျော်အောင်မသောက်ရပါ။

ကလေးတွေအတွက် Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက် ၁၂ နှစ်နှင့်အထက်ကလေးများ

  • ၄ နာရီခြားတိုင်းဆေး ၂တောင့်သောက်ပါ။
  • ကြိတ်ချေခြင်း၊ ဝါးခြင်း၊ ဖျော်ခြင်းများမပြုလုပ်ရ။
  • ဆေးကို ၂၄ နာရီအတွင်း ၁၀ ကျော်အောင်မသောက်ရပါ။

အသက် ၁၂ နှစ်အောက်ကလေးများ – ဆရာဝန်ကိုမေးပါ။

Tylenol Cold (Cough/Cold/Flu Combinations, Daytime) (တိုင်လီနော်လ်) ကိုဘယ်လိုရရှိနိုင်သလဲ

Tylenol® cold ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • Caplets (Daytime), Acetaminophen (325 mg), Dextromethorphan HBr (10 mg), Phenylephrine HCl (5 mg)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Tylenol® cold ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပျားရည်၏ အာနိသင် ၆ မျိုး

ပျားရည် ဆေးဖက်ဝင် အာဟာရဓာတ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘက်တီးရီးယား အနာကျက်မြန်စေခြင်း အစာအိမ်အူလမ်းကြောင်း အအေးမိတုပ်ကွေး သံပုရာသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ကာကွယ်ထားသင့်သော ဆုံဆို့နာရောဂါ

ဆုံဆို့ရောဂါ ဘက်တီးရီယား လည်ချောင်းနာခြင်း ဘေးထွက်ဆိုးကျိုး အာရုံကြောတွေ နှလုံးပျက်စီးခြင်း ကာကွယ်ဆေးအာရုံကြောပျက်စီးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး

အအေးမိ ဖျားနာ နေမကောင်း အာဟာရ နာလန်ထူ အမြန်သက်သာ ကျန်းမာရေးနဲ့အာဟာရ ကိုယ်ခံအား ရောဂါပိုး ဗိုင်းရပ်စ် တုပ်ကွေး ရာသီဥတု အစားအသောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဆေးခန်းမသွားချင်တဲ့ အအေးမိ နေသူတွေအတွက် နည်းလမ်းကောင်းတချို့

အအေးမိ တုပ်ကွေး ရာသီဥတု အကူးအပြောင်း ဖျားနာခြင်း ကိုယ်ခံအား သက်သာပျောက်ကင်းစေမယ့်နည်း အနားယူခြင်း အစာအာဟာရ ဆေးဝါး အနေအထိုင် ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကင်ဆာကနေ ပြန်လည် ကျန်းမာလာတဲ့အခါ

အစာအိမ်ကင်ဆာကနေ ပြန်လည် ကျန်းမာလာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 29, 2020 . 4 mins read
သင် ခြေကုန်လက်ပမ်းကျနေပြီလား

သင် ခြေကုန်လက်ပမ်းကျနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read