backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Trimetrexate (ထရိုင်မီထရီစိတ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Trimetrexate (ထရိုင်မီထရီစိတ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Trimetrexateကို AIDS လူနာများအပါအဝင် ကိုယ်ခံအားနည်းသောလူနာများ (စံပြုထားသောကုသမှုများအား ပြုလုပ်ရန်မဖြစ်နိုင်သူများ) တွင်ဖြစ်သည့်အလတ်စားမှအပြင်းစား Pneumocystis carinii pneumonia (PCP)အတွက် အသုံးပြုပါသည်။ TrimetrexateကိုLeucovorin နှင့်တွဲပြီးအသုံးပြုသည်။

Trimetrexateသည် ပိုးသတ်ဆေးဖြစ်သည်။ DNA, RNA နှင့် ပရိုတင်းထုတ်လုပ်ခြင်းအားတားဆီးခြင်းဖြင့် ပိုးများကိုသေစေခြင်းဖြစ်သည်။

Trimetrexate (ထရိုင်မီထရီစိတ်) ဘယ်လိုသောက်သုံးသင့်သလဲ

Trimetrexateကို ဆရာဝန်ညွှန်သည့်အတိုင်းသုံးစွဲရမည်။ ဆေးပမာဏအတိအကျအတွက် ဆေးအညွှန်းစာတွင် ကြည့်ပါ။

Trimetrexateကိုများသောအားဖြင့် ဆေးခန်း၊ ဆေးရုံတို့တွင် ထိုးဆေးအဖြစ်ထိုးရပါသည်။ Trimetrexateကိုအိမ်တွင်သုံးရမည်ဆိုပါက ကျန်းမာရေးဝန်ထမ်းမှသင်ပေးသည်များကို သေချာလိုက်နာပါ။

Trimetrexateကို Fluorouracil နှင့် တစ်ချိန်တည်းမပေးရပါ။ ညွှန်ကြားသည့်အတိုင်းအချိန်ခြားပေးရမည်။

Trimetrexateတွင် အမှုန်များပါခြင်း၊ အရောင်ပြောင်းခြင်း၊ ဆေးပုလင်းကွဲနေခြင်း၊ ပျက်စီးနေခြင်းများဖြစ်နေပါကမသုံးပါနှင့်။

အသက်သေနိုင်သည့်ဓါတ်ပြုမှုများမဖြစ်စေရန်အတွက် TrimetrexateကိုLeucovorin နှင့် တွဲသုံးရမှရပါမည်။ Trimetrexateကိုနောက်ဆုံးအကြိမ်ပေးပြီးသည့်နောက် ၇၂ နာရီကြာအောင် Leucovorinကိုဆက်ပေးနေရမည်။ Leucovorinဆေးကိုညွန်ကြားထားသည့်အတိုင်းအကြိမ်ပြည့်သုံးပါ။ Leucovorinကိုမှန်မှန်မထိုးခြင်းအပြည့်မထိုးခြင်းတို့လုပ်မိပါကသေနိုင်သည့်အဆိပ်သင့်မှု ဖြစ်နိုင်ပါသည်။

ဆေးအပါအဝင် ဆေးထိုးအပ်များကိုကလေးများတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။ ဆေးထိုးအပ်၊ ဆေးထိုးပြွန်နှင့်တခြားပစ္စည်းများကို ပြန်မသုံးရ။ သုံးပြီးပါကသင့်လျော်စွာစွန့်ပစ်ပါ။ ဒေသအလိုက် စွန့်ပစ်ရန်စည်းကမ်းများကို ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်အားမေးမြန်းပါ။

Trimetrexateတစ်ကြိမ်လွှတ်သွားပါက ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။

Trimetrexate (ထရိုင်မီထရီစိတ်) ဘယ်လိုသိမ်းဆည်းရမလဲ

Trimetrexateကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Trimetrexateကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Trimetrexateဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Trimetrexateအားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Trimetrexate (ထရိုင်မီထရီစိတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။

  • ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသုံးစွဲသုံးရမည်ဖြစ်သည်။
  • တခြားဆေးများကိုသုံးစွဲနေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
  • Trimetrexateတွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
  • တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
  • Steriodမဟုတ်သောအရောင်ကျဆေးများ (ဥပမာ – Ibuprofen) သို့မဟုတ် pristinamycinသောက်နေလျှင်
  • ရိုးတွင်ချဉ်ဆီဖိနှိပ်ထားခြင်း၊ သွေးရောဂါ၊ ကျောက်ကပ်နှင့်အသည်းရောဂါများရှိနေလျှင်

Trimetrexateသုံးနေစဉ် အရက်မသောက်ပါနှင့်။

Trimetrexateသည် သွေးမွှားဥပမာဏကိုလျော့ကျစေပါသည်။ သွေးယိုခြင်းမဖြစ်စေရန် ထိခိုက်မှုများ၊ ပွန်းပဲ့မှုများမဖြစ်စေရန်ရှောင်ပါ။ ပုံမှန်မဟုတ်သည့်သွေးယိုခြင်းများ၊ အညိုအမည်းစွဲခြင်းများ၊ ဝမ်းတွင်သွေးပါခြင်း၊ ဝမ်းအရောင်နက်ခြင်းတို့ဖြစ်လာပါက ဆရာဝန်နှင့်ပြပါ။

Trimetrexateသည် ခန္ဓါကိုယ်မှရောဂါပိုးများကို ပြန်တိုက်နိုင်စွမ်းအားကျစေနိုင်ပါသည်။ အအေးမိနေသူ၊ တခြားပိုးရောဂါရှိနေသူများနှင့် ဝေးဝေးရှောင်ပြီးပိုးမကူးအောင်နေပါ။ ပိုးဝင်သည့်လက္ခဏာများဖြစ်သောဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အကွက်ထခြင်း၊ ချမ်းတုန်ခြင်းများ ဖြစ်လာပါက ဆရာဝန်ကိုချက်ချင်းပြောပါ။

Neutriphil count, platelet counts, liver function, and kidney function စသည့် ဓါတ်ခွဲစစ်ဆေးချက်များကိုတိုးတက်မှုရှိမရှိနှင့် ဘေးထွက်ဆိုးကျိုးဖြစ်မဖြစ်သိနိုင်ရန် လုပ်ရနိုင်ပါသည်။ ဆရာဝန်နှင့်ချိန်းဆိုထားတိုင်းသေချာသွားပြပါ။

Trimetrexateသည် အသက်ကြီးသူများတွင် ဒဏ်ပိုဖြစ်နိုင်သောကြောင့် သတိနှင့်သုံးပါ။

ကလေးများတွင် Trimetrexateသုံးရန် မထောက်ခံထားပါ။ စိတ်ချရမှုနှင့် အာနိသင်ရှိမှုတို့အားထုတ်ပြန်မထားပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Trimetrexate (ထရိုင်မီထရီစိတ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Trimetrexate (ထရိုင်မီထရီစိတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါဘေးထွက်ဆိုးကျိုးများပျောက်မသွားလျှင် ပိုဆိုးလာလျှင် ဆရာဝန်နှင့်စစ်ဆေးပါ။

  • စိတ်ရှုပ်ခြင်း
  • မောပန်းခြင်း

အောက်ပါပြင်းထန်ဘေးထွက်ဆိုးကျိုးများ ဖြစ်လာပါကဆေးကုသမှုချက်ချင်းခံယူပါ။

  • ပြင်းထန်သည့်ဓါတ်မတည့်ခြင်း – အင်ပျဉ်ထခြင်း၊ အသက်ရှူုရခက်ခြင်း၊ ရင်ကြပ်ခြင်း၊ မျက်နှာ ပါးစပ် နှုတ်ခမ်း လျှာတို့ ဖောင်းကြွခြင်း
  • ချမ်းတုန်ခြင်း
  • သွေးဆဲလ်အရေအတွက်နည်းခြင်း
  • ဖျားခြင်း
  • ယားခြင်း
  • ပျို့ခြင်း
  • ပါးစပ်တွင်အနာဖြစ်ခြင်း
  • ပိုးအသစ်ဝင်သည့်လက္ခဏာများ
  • ပုံမှန်မဟုတ်သည့်အညိုအမည်းများသွေးယိုခြင်းများ
  • ပုံမှန်မဟုတ်ဘဲမောနေခြင်း၊ အားနည်းခြင်း
  • အန်ခြင်း
  • အရေပြားနှင့်မျက်လုံးများဝါခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Trimetrexate (ထရိုင်မီထရီစိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Trimetrexateသည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။

ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များ

  • Cisplatin, corticosteroids (e.g., prednisone), cyclosporine, etretinate, NSAIDs (e.g., ibuprofen), penicillins (e.g., amoxicillin), pristinamycin, probenecid, quinolones (e.g., ciprofloxacin), salicylates (e.g., aspirin), sulfonamides (e.g., sulfamethoxazole), tetracyclines (e.g., doxycycline), or trimethoprim စသည့်ဆေးများသည် Trimetrexate ၏ အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေကိုတိုးစေနိုင်ပြီးအဆိပ်သင့်စေနိုင်ပါသည်။
  • Digoxin or hydantoins (e.g., phenytoin) စသည့်ဆေးများကTrimetrexate ၏ အာနိသင်ကိုကျစေနိုင်ပါသည်။

အစားအသောက်တွေနဲ့ အရက်က Trimetrexate (ထရိုင်မီထရီစိတ်) နဲ့ ဓါတ်ပြုနိုင်သလား

Trimetrexate က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Trimetrexate (ထရိုင်မီထရီစိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Trimetrexateသည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Trimetrexate (ထရိုင်မီထရီစိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အချက်အလက်များသိရန်အတွက် ဆရာဝန်နှင့် ဆွေးနွေးပါ။

ကလေးတွေအတွက် Trimetrexate (ထရိုင်မီထရီစိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Trimetrexate (ထရိုင်မီထရီစိတ်) ကိုဘယ်လိုရရှိနိုင်သလဲ

Trimetrexateကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ထိုးဆေး

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Trimetrexateကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement