backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Trimetazidine (ထရိုင်မီတဇီဒင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Trimetazidine (ထရိုင်မီတဇီဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Trimetazidine ဆေးကို ရင်ဘတ်အောင့်ခြင်းကိုရေရှည်ကုသရာတွင်နှင့် အချို့နိုင်ငံများတွင် နားအူခြင်းနှင့် မူးဝေခြင်းတို့အတွက်သုံးကြပါတယ်။

Trimetazidine (ထရိုင်မီတဇီဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကိုအစားအစာနှင့်အတူသောက်သင့်ပါတယ်။

Trimetazidine (ထရိုင်မီတဇီဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Trimetazidineဆေးကို အလင်းရောင်နှင့် စိုစွတ်မှုများကင်းဝေးသော အခန်းအပူချိန်မှာထားတာဟာ အကောင်းဆုံးပါ။ ဆေးတွေကိုမပျက်ဆီးစေရန် ရေချိုးခန်း နှင့် ရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းမျိုးရှောင်ကျဉ်ရပါမည်။ ဆေးအမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းမှုပုံစံတွေကွဲပြားနိုင်ပါတယ်။

သိမ်းဆည်းရာတွင်ဆေးတွင်ပါဝင်သောအညွှန်းကို သေချာဖတ်ရင်အရေးကြီးပါသည်။ ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ ဆေးဝါးတွေကိုလည်း ကလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆီမရောက်စေရန် သိမ်းဆည်းထားရန်အရေးကြီးပါသည်။

ဆေးကို အိမ်သာတွေ ရေမြာင်းတွေထဲမှာ ညွှန်ကြားမထားပဲ သွန်ပစ်ခြင်းမျိုးကိုမလုပ်ရပါဘူး။ ဆေးကိုမလိုတော့တဲ့အခါ သို့ ဒိတ်ကုန်သွားတဲ့အခါသေသေချာချာစွန့်ပစ်ဖို့အရေးကြီးပါသည်။ သင့်ရဲဆေးကိုဘယ်လိုသေသေချာချာစွန့်ပစ်သင့်သလဲဆိုတာ ဆရာဝန်ဆီမှာမေးမြန်းတိုင်ပ်သင့်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Trimetazidine (ထရိုင်မီတဇီဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များကတော့သတိထားရပါမယ် ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Trimetazidine (ထရိုင်မီတဇီဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် သို့ နို့တိုက်စဉ်မှာ ဆေးသုံးစွဲခြင်းဟာ စိတ်ချရကြောင်းကို လေ့လာစမ်းသပ်မှုတွေသေသေချာချာမလုပ်ရသေးပါဘူး။

ဒါကြောင့် မသုံးစွဲမီဆေးရဲ့ကောင်းကျိုး ၊ဆိုးကျိုးများကို သိရှိစေရန် ဆရာဝန်နဲ့အရင်တိုင်ပင်ရပါမယ် ။

US Food and Drug Administration (FDA) အရ အဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်….

A – အန္တရာယ်မရှိ ။

B – အချို့လေ့လာချက်များအရ အန္တရာယ်ရှိသည် ။

C – အန္တရာယ်အချို့ရှိနိုင်သည် ။

D – အန္တရာယ်ရှိကြောင်း သေချာသည် ။

X – လုံးဝမသုံးရပါ ။

N – အန္တရာယ် ရှိ ၊ မရှိ မသိပါ ။

ဘေးထွက်ဆိုးကျိုးများ

Trimetazidine (ထရိုင်မီတဇီဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆိုးကျိုးတွေကတော့ အစာအိမ်မအီမသာဖြစ်ခြင်း ၊ပျို့ချငိအန်ချင်ခြင်းတို့ပဲဖြစ်ပါတယ်။

လူတိုင်းတော့ဆိုးကျိုးတွေကိုမခံစားရပါဘူး။ ဆိုးကျိုးတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိချင်လျှင်တော့ဆရာဝန်ကိုမေးမြန်းသင့်ပါတယ် ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Trimetazidine (ထရိုင်မီတဇီဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Trimetazidine ဟာသင်လက်ရှိသောက်နေတဲ့ဆေးတွေနဲ့ဓါတ်ပြုပြီး ဆေးရဲ့အလုပ်လ်ုပုံတွေပြောင်းလဲခြင်းသို့ ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေခြင်းတို့ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်ဆေးအချင်းချင်းမတည့်တာတွေကိုရှောင်ရှားနိုင်ဖို့သင်အသုံးပြုနေတဲ့ဆေးတွေကိုစာရင်းပြုလုပ်ထားပြီးဆရာဝန်ကိုအသိပေးဖို့လိုအပ်ပါတယ်။

သင့်ရဲ့လုံခြုံစိတ်ချရမှုအတွက် ဆရာဝန်ခွင့်ပြုချက်မပါဘဲ ဆေးများစတင်သုံးစွဲခြင်း ၊ရပ်တန့်ခြင်း သို့ ဆေးပမာဏပြောင်းလဲခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။

အစားအသောက်တွေနဲ့ အရက်က Trimetazidine (ထရိုင်မီတဇီဒင်း) နဲ့ ဓါတ်ပြုနိုင်သလား

Trimetazidine ဟာ အစားအစာတွေ အရက်တွေနဲ့ဓါတ်ပြုပြီး အလုပ်လုပ်တဲ့ပုံစံပြောင်းလဲသွားခြင်း သို့ မဟုတ် ဘေးထွက်ဆိုးကျိုးများပိုဆိုးစေခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့်ဆေးမသုံးစွဲမီ ဓါတ်ပြုနိုင်တဲ့အစားအစာတွေအကြောင်းကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Trimetazidine (ထရိုင်မီတဇီဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Trimetazidine ဟာသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့သက်ရောက်ခြင်းတွေရှိနိုင်ပါတယ်။ ဒီလိုသက်ရောက်ခြင်းဟာ ဆေးရဲ့အလုပ်လ်ုပုံ သို့ ဆိုးကျိုးတွေကို ပိုပြီးဆိုးဝါးစေနိုင်ပါတယ်။ ဒါကြောင့် သင့်မှာရှိနေတဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်ကိုအသိပေးရန်လိုအပ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Trimetazidine (ထရိုင်မီတဇီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Trimetazidine 40- 60 mg ကို နေ့စဉ်သောက်သုံးရပါမယ်။

ကလေးတွေအတွက် Trimetazidine (ထရိုင်မီတဇီဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၁၈နှစ်အောက်ကလေးများအတွက်သုံးစွဲရမည့်ပမာဏကိုဖော်ပြထားခြင်းမရှိပါဘူး။

ဆေးဟာ ကလေးကို အန္တရာယ်ရှိနိုင်ပါတယ ်။ ဆေးမသုံးစွဲခင် ဆေးဟာဘယ်လောက်ထိစိတ်ချရလဲဆိုတာသေချာသိထားဖို့လိုပါတယ်။

အသေးစိတ်သိရဖို့အတွက်တော့ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ဆက်လက်မေးမြန်းသင့်ပါတယ်။

Trimetazidine (ထရိုင်မီတဇီဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Trimetazidine ဆေးကို အောက်ဖော်ပြပါဆေးပမာဏနဲ့ပြင်းအားများအတိုင်းရနိုင်ပါတယ်။

– ဆေးပြားပုံစံ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အနီးစပ်ဆုံးအရေးပေါ်ဝန်ဆောင်မှုကို ခေါ်ခြင်း သို့ အနီးစပ်ဆုံးအရေးပေါ်အခန်းကိုသွားရောက်ခြင်းများ ပြုလုပ်ရပါမယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အကယ်၍ဆေးအသုံးပြုရန်ရန်မေ့လျော့ခဲ့ပါက သတိရရခြင်းလိမ်းသင့်ပါတယ်။ သတိရတဲ့အချိန်ဟာ နောက်တကြိမ်ဆေးသုံးရမယ့်အချိန်ဖြစ်နေရင်တောင်မှ ပုံမှန်အတိုင်းဆက်သုံးသင့်ပါတယ်။ ၂ ဆအသုံးပြုခြင်းမျိုးတော့မပြုလုပ်ရပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement