Triherpine (ထရိုင်ဟာပင်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Triherpine (ထရိုင်ဟာပင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Triherpine (ထရိုင်ဟာပင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Triherpine ကိုများသောအားဖြင့် မျက်စိရောယုန်ရောဂါများကို ကုရန်အတွက် အသုံးပြုပါသည်။

ရေယုန်သည် ကိုယ်ထဲတွင် တိတ်တဆိတ် အောင်းနေတတ်ပြီး ရောဂါဖြစ်စေသော အကြောင်းများ ကြုံလာမှသာ ထဖြစ်တတ်သော ဗိုင်းရပ်စ်အမျိုးအစား ဖြစ်ပါသည်။

ရေယုန်ရောဂါကို အမြစ်ပြတ်အောင် မကုနိုင်သော်လည်း နာကျင်မှုများ၊ မျက်လုံး ရောင်ရမ်းခြင်းများကို သက်သာစေရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ- မျက်စိကွယ်ခြင်း)ကို နည်းစေရန် အတွက် ကုသနိုင်ပါသည်။

Triherpine (ထရိုင်ဟာပင်) ဘယ်လိုသုံးသင့်သလဲ

triherpine (trifluridine) မျက်စဉ်းဆေးကို အသုံးမပြုမီ လက်နှစ်ဖက်ကို သေချာစွာဆေးပါ။ ခေါင်းကို အနောက်ဖက်သို့ လှန်ထားပါ။ သင့်လက်ညှိုးဖြင့် အောက်မျက်ခမ်းကို ဆွဲချပါ။ ထို့နောက် အောက်ဖက် မျက်အိတ်အတွင်းသို့ ဆေးကို အစက်ချပါ။

အောက်ဘက်ကို ခေါင်းစိုက်ပြီး မျက်လုံးများကို ၁ – ၂ မိနစ်ခန့်ပိတ်ထားပါ။ ထို့နောက် အပြင်ဘက်မှနေပြီး သင့်လက်ချောင်းဖြင့် မျက်လုံးကို အပြင်ဘက်မှ ဖိပြီးမျက်ခွံအတွင်းပိုင်းသို့ ၁- ၂မိနစ်ခန့်တွန်းထားပါ။ မျက်တောင်မခတ်ပါနှင့်။ အခြားမျက်လုံးတစ်ဖက်ကိုလည်း ဖော်ပြပါ အဆင့်များအတိုင်းလုပ်ဆောင်ပါ။

မျက်စဉ်းဆေးဗူးကို ရေဖြင့်မဆေးဘဲ အဖုံးကို ပြန်ပိတ်ပါ။

၁% triherpine မျက်စဉ်းဆေးကို မျက်ကြည်လွှာပေါ်သို့ ၁စက်၊ ၂ နာရီခြားခတ်ပါ။ မျက်ကြည်လွှာ အပေါ်ယံသားတက်လာသည်အထိ တနေ့လျှင် အများဆုံး ၉ စက် ခတ်နိုင်ပါသည်။

ထို့နောက် တနေ့လျှင် ၄ နာရီခြား ၁ စက်စီကို ၇ရက် ခတ်ပါ။ အနည်းဆုံး တနေ့ကို ၅ ကြိမ်ခတ်ရမည်။

၇ရက် အသုံးပြုပြီး သည့်တိုင် မသက်သာလာပါက နောက်ထပ် ၁၄ ရက်အသုံးပြုနိုင်သလို အခြားသော ဆေးများဖြင့်လည်း ကုသနိုင်ပါသည်။

အကယ်၍ အခြားသော မျက်စိဆေးများ၊ လိမ်းဆေးများကို အသုံးပြုမည်ဆိုပါက မျက်စဉ်းဆေးကို အရင်ခတ်ပြီး ၅ မိနစ် ၁၀ မိနစ် ခန့်ကြာပြီးမှ အသုံးပြုပါ။

ဆေးအာနိသင် ပြည့်ဝစွာရရှိရန် ဆေးကို အချိန်မှန်မှန်သုံးပါ။ ဆေးပတ်ပြည့်သည်အထိ သုံးခြင်းက ဆေးယဉ်ပါးခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

သို့သော် ၁% triherpine ကို ၂၁ ရက်ဆက်တိုက်အသုံးပြုခြင်းသည် မျက်လုံးကို အဆိပ်ဖြစ်စေသည့်အတွက် ရှောင်ကျဉ်သင့်ပါသည်။

ဆေးကို ၇ရက် အသုံးပြုပြီးသည့်တိုင် မသက်သာပါက ၊ ပိုဆိုးလာပါက ဆရာဝန်အားပြောပြပါ။

သိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Triherpine (ထရိုင်ဟာပင်) ဘယ်လိုသိမ်းဆည်းရမလဲ

triherpine ကို အခန်းအပူချိန် မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ triherpine ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ triherpine ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

triherpine ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက်ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

triherpine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Triherpine (ထရိုင်ဟာပင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • triherpine ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်

triherpine ကိုဆရာဝန်ညွှန်ကြားထားသည်ထက် ပိုအသုံးပြုခြင်း မပြုရပါ။

ဆေးကို ၇ရက် အသုံးပြုပြီးသည့်တိုင် မသက်သာပါက ၊ ပိုဆိုးလာပါက ဆရာဝန်အားပြောပြပါ။

ဆရာဝန်မညွှန်ကြားဘဲနှင့် triherpine ကိုအခြားသော မျက်စိဝေဒနာများအတွက် မသုံးသင့်ပါ။

ဆေးကိုရောဂါလက္ခဏာသက်သာသော်လည်း သတ်မှတ်ထားသော ရက်ရောက်သည်အထိအသုံးပြုရပါမည်။ အချိန်မတိုင်မီရပ်လိုက်ပါက ဗိုင်းရပ်စ်ပိုးမွှားများသည် ဆေးယဉ်ပါးသွားကာ နောင်အခါများတွင် ဆေးမတိုးခြင်းများဖြစ်တတ်ပါသည်။

အသက် ၆နှစ်အောက်ကလေးများတွင် triherpine ၏ စိတ်ချရမှုရှိမရှိမသိသေးသည့်အတွက် သတိနှင့် အသုံးပြုသင့်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Triherpine (ထရိုင်ဟာပင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Triherpine (ထရိုင်ဟာပင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါဆိုးကျိုးများသည် အဖြစ်များသော ဆိုးကျိုးများဖြစ်ပါသည်။ ယင်းတို့ကို ပြင်းထန်စွာ ခံစားနေရပါက ဆရာဝန်အား သွားပြပါ။

  • မျက်လုံးများ ခဏတာစပ်ခြင်း၊ စူးခြင်း

အောက်ပါတို့ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓါတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • မျက်လုံးများ အရင်ထက်ပိုနာလာခြင်း၊ ပိုဆိုးလာခြင်း
  • မျက်လုံးများနီလာခြင်း၊ မျက်သားဖြူတွင် သွေးကြောများ မြင်ရခြင်း
  • မျက်လုံးများနှင့် မျက်ခွံများ ရောင်လာခြင်း
  • အမြင်အာရုံများ ပြောင်းလဲလာခြင်း တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Triherpine (ထရိုင်ဟာပင်) နဲ့ ဓါတ်ပြုနိုင်သလဲ

triherpine (trifluridine)ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Triherpine (ထရိုင်ဟာပင်) နဲ့ ဓါတ်ပြုနိုင်သလား

triherpine (trifluridine)က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Triherpine (ထရိုင်ဟာပင်) နဲ့ ဓါတ်ပြုနိုင်သလဲ

triherpine (trifluridine)ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Triherpine (ထရိုင်ဟာပင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

၁% triherpine မျက်စဉ်းဆေးကို မျက်ကြည်လွှာပေါ်သို့ ၁စက်၊ ၂ နာရီခြားခတ်ပါ။ မျက်ကြည်လွှာ အပေါ်ယံသားတက်လာသည်အထိ တနေ့လျှင် အများဆုံး ၉ စက် ခတ်နိုင်ပါသည်။

ထို့နောက် တနေ့လျှင် ၄ နာရီခြား ၁ စက်စီကို ၇ရက် ခတ်ပါ။ အနည်းဆုံး တနေ့ကို ၅ ကြိမ်ခတ်ရမည်။

၇ရက် အသုံးပြုပြီး သည့်တိုင် မသက်သာလာပါက နောက်ထပ် ၁၄ ရက်အသုံးပြုနိုင်သလို အခြားသော ဆေးများဖြင့်လည်း ကုသနိုင်ပါသည်။

သို့သော် ၁% triherpine ကို ၂၁ ရက်ဆက်တိုက်အသုံးပြုခြင်းသည် မျက်လုံးကို အဆိပ်ဖြစ်စေသည့်အတွက် ရှောင်ကျဉ်သင့်ပါသည်။

ကလေးတွေအတွက် Triherpine (ထရိုင်ဟာပင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Triherpine (ထရိုင်ဟာပင်) ကိုဘယ်လိုရရှိနိုင်သလဲ

triherpine (trifluridine)ကို ၅ မီလီပါ မျက်စဉ်းဆေးရည် အနေနှင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

triherpine (trifluridine)ကို သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံး သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတ် 27, 2018