backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Topiramate (တော့ပိုင်ရာမိတ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Topiramate (တော့ပိုင်ရာမိတ်) ကို ဘာအတွက်အသုံးပြုကြသလဲ

အတက်ရောဂါကိုကာကွယ်ထိန်းချုပ်ဖို့အတွက် သူ့ချည်းသက်သက်သို့အခြားဆေးတွေနဲ့တွဲပြိးပေးနိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ကာကွယ်ဖို့နဲ့ ဖြစ်တဲ့အကြိမ်ရေကိုလျော့နည်းနိုင်စေဖို့ အသုံးပြုပါတယ်။ တစ်ခါတည်းနဲ့ခေါင်းတစ်ခြမ်းကိုက်ရောဂါကို မကုသနိုင်ပါဘူး။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရနေတယ်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကုသသင့်ပါတယ်။ ( အကိုက်အခဲပျောက်ဆေးသုံးခြင်း၊ အမှောင်ခန်းထဲမှာလဲလျောင်းခြင်းကဲ့သို့သော)

အတက်ရောဂါဆန့်ကျင်ဆေးလို့ခေါ်ပါတယ်။

Topiramate (တော့ပိုင်ရာမိတ်) ဘယ်လိုသောက်သုံးသင့်သလဲ

အစာနဲ့တွဲပြီးသို့ အစာမပါဘဲသောက်နိုင်ပါတယ်။် ဆေးသောက်နေရစဉ်မှာ အရည်တွေအများကြိးသောက်ပေးဖို့လိုပါတယ်။ ဒိလိုပြုလုပ်ြခ်င်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။ တစ်ခုလုံးကိုမျိုချရမှာစြဖ်ပါတယ်။ ချေကျိတ်ခြင်း၊ ဝါးစားခြင်းမပြုသင့်ပါဘူး။ အရသာခါးပါတယ်။ ရုတ်တရက်ဆေးမရပ်လိုက်ပါနဲ့။ ရုတ်တရက်ရပ်လိုက်ခြင်းက အတက်ရောဂါကိုပိုဆိုးသွားစေနိုင်ပါတယ်။ ရပ်ဖို့လိုတဲ့အခါမှာ တဖြည်းဖြည်းချင်းလျှော့လျှော့ပေးသင့်ပါတယ်။

Topiramate (တော့ပိုင်ရာမိတ်) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Topiramate (တော့ပိုင်ရာမိတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • Topiramate သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Topiramate (တော့ပိုင်ရာမိတ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ

ဘေးထွက်ဆိုးကျိုးများ

Topiramate (တော့ပိုင်ရာမိတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။

  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • မူးဝေခြင်း
  • မအီမသာဖြစ်ခြင်း
  • အာခြောက်ခြင်း
  • မျက်နှာနီခြင်း
  • ခေါင်းကိုက်ခြင်း
  • အစားစားလိုစိတ်နည်းခြင်း
  • မအီမသာဖြစ်ခြင်း
  • ကြောက်လန့်တုန်လှုပ်ခြင်း
  • ဗိုက်အောင့်ခြင်း
  • အသက်ရှူလမ်းကြောင်းအထက်ပိုင်းလက္ခဏာများ ( ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း)
  • အရသာအပြောင်းအလဲများ
  • မောပန်းခြင်း
  • အိပ်စက်ရာတွင်အခက်အခဲရှိခြင်း
  • အားနည်းခြင်း
  • ကိုယ်အလေးချိန်ကျခြင်း

အောက်ပါပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို တွေ့ရမယ်ဆိုရင် ချက်ချင်းဂရုပြုသင့်ပါတယ်။

ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊

အရိုးများနာခြင်း

ပူခြင်းထုံခြင်း၊ စပ်ဖျဉ်းဖျဉ်းခံစားရခြင်း

ရင်ဘတ်အောင့်ခြင်း

မရေမရာဖြစ်ခြင်း

ဆက်စပ်နိုင်စွမ်းအားကျခြင်း

ဆီးသွားနည်းခြင်း ဆီးသွားလျှင်နာခြင်း

ဖျားခြင်း၊ချမ်းတုန်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း

သတိကင်းလွတ်ခြင်း

မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာများ

ဓမ္မတာအပြောင်းအလဲ

ကြွက်သားအဆစ်နာခြင်း၊ အားနည်းခြင်း

ခံစားချက်များဆိုးရွားခြင်း ( စိုးရိမ်ခြင်း၊ စိတ်ကျခြင်း၊ ကနာမငြိမ်ဖြစ်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ ထိန်းမရအောင်လန့်ခြင်း၊ အမူအကျငိများပြောင်းလဲခြင်း)

အရေပြားနီရောင်ပေါက်ပြဲကွာကျခြင်း

နားထဲတွင်အသံများကြားရခြင်း

ပြင်းထန်တဲ့အိပ်ချင်မူးတူးစြဖ်ခြင်း

ဗိုက်၊ဘေး၊နောက်ကျောအောင့်ခြင်း

သိသိသာသာကိုယ်အလေးချိန်ကျခြင်း

စကားပြောခြင်းပြဿနာများ

မူးမေ့ခြင်း

သတ်သေလို့သည့်အတွေးများပေါ်ခြင်း သို့ ကြိုးပမ်းခြင်း

သွေးထွက်ခြင်းဆိုင်ရာလက္ခဏာများ

ကော်ဖီစေ့ရောင်သွေးများအန်ခြင်း၊ သွေးချောင်းဆိုးခြင်း၊ သွေးဆီးသွားခြင်း၊ အနက်ရောင်အနီရောင်ကတ္တရာစေးရောင်ဝမ်းသွားခြင်း၊ သွားဖုံးသွေးယိြုခ်င်း၊ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ပေါက်ပြဲခြင်း၊ ပေါက်ပြဲနာများပိုကြီးလာခြင်း၊ ပြင်းထန်တဲ့သွေးထွက်ခြင်း သို့သွေးမတိက်ခြင်း

တုန်ခြင်း

အာရုံစူးစိုက်ရခက်ြခ်င်း

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Topiramate (တော့ပိုင်ရာမိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Topiramate (တော့ပိုင်ရာမိတ်) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Topiramate (တော့ပိုင်ရာမိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Topiramate (တော့ပိုင်ရာမိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြိးသူများ အတက်ရောဂါကာကွယ်ခြင်းအတွက်

Valproic Acidပါဝင်တဲ့ အတက်ရောဂါဆန့်ကျင်ဆေးပေါင်းစု

ပထမပတ်နှင့်ဒုတိယအပတ် – 25 mg နေ့စဉ်

တတိယပတ်နှင့်စတုတ္ထပတ် – 25 mg နေ့စဉ်

ရောဂါထိန်းသိမ်းရန်ပမာဏ – 100 to 400 mg/day ( တစ်ကြိမ် သို့ နှစ်ကြိမ်ခွဲအသုံးပြုနိုင်ပါတယ်။) ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် 25 to 50 mg/day တိုးပေးနိုင်ပါတယ်။ Valproic Acidနဲ့တွဲပေးမယ်ဆိုရင် ရောဂါထိန်းသိမ်းရန်ပမာဏ-

100 to 200 mg/day

အရွယ်ရောက်ပြီးသူများ စိတ်ကျစိတ်ကြွရောဂါအတွက်

Lamotrigineအသုံးပြုကုသခြင်းက လတ်တလောအသုံးပြုထားတဲ့ဆေးတွေအပေါ်မှာ မူတည်ပါတယ်။

ကလေးတွေအတွက် Topiramate (တော့ပိုင်ရာမိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများ အတက်ရောဂါကာကွယ်ခြင်းအတွက်

အသက်၂နှစ်မှ၁၂နှစ်အထိ- ချက်ချင်းအကျိုးသက်ရောက်မှုပေးနိုင်သောပုံစံ ( ဆေးပြားတစ်ပြားလုံးကို အသုံးပြုသင့်ပါတယ်။ ) ၂နှစ်မှ၆နှစ်အထိ ရောဂါထိန်းသိမ်းနိုင်ဖို့ ပမာဏကိုတဖြည်းဖြည်းတိုးပေးပြီးရပ်ရမှာဖြစ်ပါတယ်။

30 kgထက်ကိုယ်အလေးချိန်နည်းတဲ့လူတွေမှာ 30 kgအထက်ကိုယ်အလေးချိန်ရှိတဲ့လူတွေထက် 50%တိုးပေးဖို့လိုပါတယ်။

Topiramate (တော့ပိုင်ရာမိတ်) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

ဆေးပြား၊ သောက်ဆေး 25 mg, 100 mg, 150 mg, 200 mg.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement