backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Surgam (ဆာဂမ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Surgam (ဆာဂမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Surgam ကို Rheumatoid arthritis၊ Osteoarthritis၊ ankylosing spondylitis၊ ကျောအောက်ပိုင်း နာကျင်ခြင်း၊ Fibrositis၊ capsulitis၊ epicondylitis အပြင် တခြား solft tissue inflammatory အခြေအနေ စတဲ့ Musculo-skeletal disorders များ၊ Sprains နဲ့ Strains ၊ Post-operative inflammation၊ pain နဲ့ တခြား Soft tissue injuries တို့မှာ ကုသလေ့ရှိပါတယ်။

Surgam (ဆာဂမ်) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်သုံးဖို့

  • အလုံးလိုက် သောက်ရပါမယ်။
  • အစာနဲ့ သို့မဟုတ် အစာစားပြီးမှ သောက်တာ ပိုကောင်းပါတယ်။
  • Surgam (ဆာဂမ်) ဘယ်လိုသိမ်းဆည်းရမလဲ

    Surgam ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Surgam ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Surgam ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

    Surgam ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Surgam (ဆာဂမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    • တခါတရံမှာ ဆေးကြောင့် ဆီးအိတ်ရောင်ရောဂါကို ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ ဒီအကြောင်းပြချက်ကြောင့် မကြာခဏ ရေအိမ်ဝင်ဖို့ လိုအပ်ခြင်း၊ ဆီးအလွန်အမင်းသွားလိုခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ သို့မဟုတ် ဆီးတွင် သွေးပါခြင်း၊ စတဲ့ ရောဂါလက္ခဏာရပ်တွေ ကြုံရရင် ဆေးသောက်တာ ရပ်ပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
    • ဆရာဝန်က သင့်ရောဂါလက္ခဏာတွေ သက်သာဖို့ ဖြစ်နိုင်သမျှ တိုတောင်းတဲ့ အချိန်အတိုင်းအတာနဲ့ သက်ရောက်မှု အနည်းဆုံး ဆေးပမာဏကို ပေးပါလိမ့်မယ်။ ဒါက ဘေးထွက်ဆိုးကျိုး အနည်းဆုံး ဖြစ်စေဖို့ပါ။ အောက်မှာ ဖော်ပြထားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ပါဝင်ပါတယ်။ သက်မှတ်ထားတဲ့ ဆေးပမာဏကို ကျော်လွန်လို့ မရပါဘူး။
    • NSAIDS က တခါတလေ အူမှာ ပြည်တည်နာဖြစ်ခြင်း၊ သွေးထွက်ခြင်း အစာအိမ် သို့မဟုတ် အူနံရံ ပေါက်ခြင်း စတဲ့ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးတွေက အသက်ကြီးသူတွေနဲ့ ဆေးပမာဏများမျာ သောက်သုံးနေရတဲ့ သူတွေမှာ အဖြစ်များပါတယ်။ တချို့ဆေးဝါးတွေ သုံးစွဲနေရရင်လည် ဖြစ်နိုင်ချေ များပါတယ် (စာရွက်အဆုံးကို ကြည့်ပါ)။ Surgam သုံးရမယ်ဆိုရင် ဒီလိုလူတွေ၊ အစာအိမ် သို့မဟုတ် အူတွေ မှာ မူမမှန်မှု ဖြစ်ဖူးသူတွေကို ဆရာဝန်က သေချာ စောင့်ကြည့်ရပါမယ်။ တကယ်လို့ သင့်ဆရာဝန်က သင့်အူတွေအတွက် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လို့ ယူဆရင် ဒီအတွက် ကူညီကာကွယ်ဖို့ တခြားဆေးဝါးတွေ ထပ်ပေးပါလိမ့်မယ်။ ဒီဆေးသုံးစွဲနေသူတွေမှာ အစာအိမ်၊အူမှ သွေးထွက်ခြင်း ဥပမာ၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း စတာတွေ ကြုံရရင် ဆေးသောက်တာ ရပ်ပြီး ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုအပ်ပါတယ်။
    • လေ့လာထားချက်တွေအရ တချို့ NSAID ဆေးဝါးတွေက နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်း ဖြစ်နိုင်ချေကို အနည်းငယ် ပိုစေပါတယ်။ (တစ်ယောက်စီမှာ ပမာဏများများ သို့မဟုတ် ရေရှည်စွဲသောက်သူများ) သွေးချို၊ သွေးပေါင်ချိန်များခြင်း၊ ကိုလက်စတရော များခြင်း၊ သို့မဟုတ် ဆေးလိပ်သောက်ခြင်း စတဲ့ နှလုံးရောဂါနဲ့ လေသင်တုန်းဖြတ်ခြင်း ဖြစ်နိုင်ချေတွေ ရှိမယ်ဆို ဆရာဝန်က သင်နဲ့ ဒီဆေးနဲ့ သင့်တော်လား မဆုံးဖြတ်ခင် သင့်ကို ဒီဆေးပေးလို့ ဖြစ်လာမယ့် အကျိုးအပြစ်ကို လေ့လာဖို့ လိုအပ်ပါလိမ့်မယ်။ ဒီဆေးသောက်စဉ် သင့်မှာ အသက်ရှုမဝခြင်း၊ ရင်ဘက်အောင့်ခြင်း၊ ခြေကျင်းဝတ် ရောင်ခြင်း စတာတွေဖြစ်ရင် သင့်ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ထပ်မံသိရှိလိုရင် ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။
    • ရှားပါးဖြစ်ရပ်တွေမှာ NSAIDS က ပြင်းထန်တဲ့ အရေကြည်ဖု၊ အရေခွံကွာခြင်း (ဥပမာ-Johnson syndrome, toxic epidermal, necrolysis, exfoliative dermatitis) တွေကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် တကယ်လို့ ဆေးသုံးစွဲစဉ် သင့်အရေပြား ယားယံခြင်း၊ ခံတွင်းထဲမှာ နာကျင်ခြင်း စတာတွေဖြစ်ရင် ဆေးသုံးစွဲတာ ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ ပြသပါ။ ဒါက ရှားပါတယ်။ ဒါပေမယ့် တကယ်လို့ ဖြစ်ရင်လည်း ကုသမှု ပထမလမှာ အဖြစ်များပါတယ်။
    • တကယ်လို့ သင့်မှာ နှလုံးရောဂါ၊ အသည်းရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါ၊ ဆီးဆေးသောက်နေရခြင်း၊ စတာတွေ ရှိခဲ့ရင် ဒီဆေးကို စတင်ပြီး ပုံမှန် မသုံးစွဲခင် သင့် ကျောက်ကပ်အလုပ်လုပ်ပုံကို စစ်ဆေးကြည့်ထားသင့်ပါတယ်။
    • ဒီဆေးကို ရေရှည်သုံးစွဲနေစဉ် ပုံမှန် စစ်ဆေးမှု ကို ခံယူသင့်ပါတယ်။ ဒါမှ ဆေးရဲ့ ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သင်က အသက်အရွယ် ကြီးသူတစ်ယောက်ဆိုရင် သင့်ကျောက်ကပ် အလုပ်လုပ်ပုံ၊ အသည်း အလုပ်လုပ်ပုံ သွေးတွင်း ပါဝင်ပစ္စည်းတွေရဲ့ ပမာဏ အတွက် ပုံမှန် သွေးစစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

    Surgam က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

    • ကိုယ်ဝန်ဆောင်နေစဉ်

    NSAID Administration ဆီ မွေးရာပါ မူမမှန်ခြင်းကို သတင်းပို့ကြပါတယ်။ ဒါပေမယ့် ဖြစ်လေ့မရှိကြလို၊ ထင်ထင်ရှားရှား တိတိကျကျ မရှိကြပါဘူး။ Tiaprofenic acid က အချင်းတိုင်အတားအဆီးကို ဖြတ်သွားပါတယ်။ သတ္တဝါတွေ လေ့လာခြင်းက Teratogenicity အတွက် သက်သေ မပြနိုင်ပါဘူး။ လူသားတွေ ကိုယ်ဝန်ဆောင်စဉ် ဘေးကင်းမှု၊ နို့တိုက်ကျွေးခြင်းကို သတ်မှတ်လို့မရပါဘူး။ တခြား NSAIDs တွေနဲ့ တူတာက foetus ဖြစ်နိုင်ချေထက် ကောင်းကျိုးက ပိုမသာခံရင်ကိုယ်ဝန်ဆောင် သို့မဟုတ် မွေးပြီး ပထမ ၃လပတ် ၂ခုမှာ Surgam ကို မသုံးစွဲသင့်ပါဘူး။ Foetal cardiovascular system(a closure of ductusarteriousus) အပေါ် NSAIDs ရဲ့ သိပြီးသား သက်ရောက်မှုတွေ အမြင်မှာ ကိုယ်ဝန်ရဲ့ နောက်ဆုံး၃လပတ်မှာ အသုံးပြုဖို့ အကြံပေးထားပါတယ်။ မွေးဖွားတာ နောက်ကျတတ်ပြီး မွေးဖွားတဲ့ အချိန်ကာလကလည်း မိခင်နဲ့ ကလေးရဲ့ သွေးထွက်တာ များတာနဲ့ လိုက်ပြီး ပိုကြာတတ်ပါတယ်။

    • နို့ချိုတိုက်ကျွေးစဉ်

    မိခင်နို့ချိုထဲမှာ ပါဝင်တဲ့ Surgam ပမာဏကို လေ့လာတဲ့အခါ စုစုပေါင်းပါဝင်တာ အတော်နည်းပါးပါတယ်။ မှန်းခြေ ညွှန်ကြားထားတဲ့ ဆေးပမာဏရဲ့ 0.2% လောက်ပါ။ ဆေးဝါးဆိုင်ရာ ရည်ရွယ်မှု လို့ မထင်ရပါဘူး။ လိုအပ်ရင် နို့ချိုတိုက်ကျွေးခြင်း သို့မဟုတ် မိခင်ရဲ့ ဆေးကုသမှုကို ရပ်သင့်ပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    Surgam (ဆာဂမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    • အစာအိမ်နဲ့ အူလမ်းကြောင်း မူမမှန်ခြင်း

    သိရှိရတဲ့ ဓါတ်ပြုမှုတွေက အစာမကြေဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက်/ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း၊ malaena ၊ သွေးအန်ခြင်း၊ anoresia ၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ အူလမ်းကြောင်းမူမမှန်ခြင်း (ဝမ်းဖော်ဝမ်းရောင်ဖြစ်ခြင်း၊ ဝမ်းလျှော်ခြင်း၊ ဝမ်းချုပ်ခြင်း) အူအချဉ်ပေါက်ခြင်း၊ အစာအိမ်အတွင်း အရေကြည်ဖုဖြစ်ခြင်း၊ အူမရောင်ခြင်း၊ Crohn’s disease ၊ ပန်ခရိရ ရောင်ခြင်းကတော့ အဖြစ်တော်တော်နည်းပါတယ်။

    အူသိမ်နာ၊ မသိသာတဲ့ သို့မဟုတ် သိသာတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း သွေးသွန်ရောဂါ၊ အနာဖြစ်ခြင်းတို့ကို ကြားသိရပါတယ်။ အသက်ကြီးသူတွေနဲ့ ချွင်းချက်ကိစ္စတွေမှာ သေဆုံးမှုတွေ ဖြစ်နိုင်ပါတယ်။

    • အရေပြားနဲ့ အရေပြားအောက် တစ်သျှူး မူမမှန်ခြင်း

    အနီဖု၊ အင်ပျဉ်၊ ယားနာ၊ purpura ၊ alopecia ၊ erythema multiforme ၊ dermatitis bullous (Stevens-Johnson Syndrome သို့မဟုတ် toxic epidermal necrolysis)၊ အလင်းတုံ့ပြန်မှု စတာတွေ ဖြစ်ပါတယ်။

    • ခုခံမှု စနစ် မူမမှန်ခြင်း

    NSAIDs ကုသမှုနဲ့ ပတ်သက်ပြီး အောက်ပါ အလွန်အမင်း တုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။

    အတိအကျမဟုတ်တဲ့ ဓါတ်မတည့်မှုများ၊ ပန်းနာ၊ အထူးသဖြင့် aspirin နဲ့ တခြား NSAIDs တွေနဲ့ ဓါတ်မတည့်ရင်၊ bronchospasm ၊ အသက်ရှုလေးသောအနာ၊ angio-oedema ၊ anaphylactic shock တွေလည်းဖြစ်တတ်ပါတယ်။

    • သွေးနီဥနဲ့ သွေးဖြူဥ စနစ် မူမမှန်ခြင်း

    Thromobocytopenia ၊ သွေးထွက်ချိန် ကြာမြင့်ခြင်း၊ သွေးထွက်ခြင်းကြောင့် သွေးအားနည်းခြင်း တို့ ဖြစ်တတ်ပါတယ်။

    • နားနဲ့ labyrinth မူမမှန်ခြင်း

    အမြင့်တက်ရင် မူးခြင်း၊ ခေါင်းနောက်ခြင်း၊ နားအူခြင်း၊ အိပ်ငိုက်ခြင်း

    • အာရုံကြောစနစ် မူမမှန်ခြင်း

    ခေါင်းကိုက်ခြင်း

  • ကျောက်ကပ်၊ ဆီးနဲ့ဆိုင်တဲ့ မူမမှန်ခြင်း
  • ဆီးအိတ်နာကျင်ခြင်း၊ ဆီးကြောပိတ်ရောဂါ၊ pollakiuria
  • Hematuria သို့မဟုတ် Cystitis
  • ဆီးနဲ့ ဆိုင်တဲ့ ရောဂါလက္ခဏာတွေကို tiaprofenic acid နဲ့ ဆက်တိုက်သို့မဟုတ် ရေရှည်ကုသမှုအပြီး ဆီးလမ်းကြောင်းမှာ ရောင်ရမ်းမှုတွေ ပြောင်းလဲစေပါတယ်။ တခါတရံ ပြင်းထန်တာ တွေ့ရပါတယ်။
  • Sodium, water retention
  • NSAID က nephrotoxicity ဟာ ပုံစံအမျိုးမျိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။ တခြား NSAID တွေလိုပဲ interstitial nephritis ၊ nephritic syndrome နဲ့ ကျောက်ကပ် ပျက်စီးခြင်း စတာတွေကို tiaprofenic acid နဲ့အတူ သိရှိရပါတယ်။
  • အသည်းမူမမှန်ခြင်း
  • အသည်းရောင်ရောဂါ၊ အသည်းဝါရောဂါ

  • စစ်ဆေးမှုများ
  • ပုံမှန်မဟုတ်တဲ့ အသည်းလုပ်ဆောင်ပုံ စစ်ဆေးခြင်း

    Surgam နဲ့ တိုက်ဆိုင်တာ မဟုတ်ပေမယ့် NSAID ကပို့တဲ့ တချို့ ဘေးထွက်ဆိုးကျိုးတွေကတော့

    အာရုံကြောစနစ် မူမမှန်ခြင်း- အမြင်အာရုံကြော နာခြင်း

    မျက်စိမူမမှန်ခြင်း- အမြင်အာရုံ အနှောက်အယှက်များ

    Musculoskeleton နဲ့ ဆက်စပ် တစ်သျှူး မူမမှန်ခြင်း- paraesthesia

    စိတ်ပိုင်းဆိုင်ရာမူမမှန်ခြင်း- စိတ်ဓါတ်ကျခြင်း၊ ရှုပ်ထွေးခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း

    ယေဘုယျ မူမမှန်ခြင်းနဲ့ စီမံမှုပိုင်း အခြေအနေများ- ပင်ပန်းနွမ်းနယ်ခြင်း၊ မအီမသာဖြစ်ခြင်း

    • သွေးနီဥနဲ့ သွေးဖြူဥ စနစ် မူမမှန်ခြင်း- neutropenia, agranulocytosis, aplastic anaemia, haemolyticanaemia

    အာရုံကြော မူမမှန်ခြင်း- aseptic meningitis (အထူးသဖြင့် systemic lupus erythematosus၊ ရောထွေးနေတဲ့ ဆက်စပ်တစ်သျှူးတွေလို အလိုအလျောက် ခုခံမှု မူမမှန်ခြင်း) ရောဂါလက္ခဏာတွေအနေနဲ့ လည်ပင်းတောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဖျားနာခြင်း

    သွေးကြောနဲ့ နှလုံးဆိုင်ရာ မူမမှန်ခြင်း- ဖောခြင်း၊ သွေးတိုး၊ နှလုံးရောဂါဖောက်ခြင်း၊ စတာတွေကို NSAID ကုသမှုနဲ့ တင်ပြထားပါတယ်။

    ဆေးရုံဆေးခန်း စစ်ဆေးမှုနဲ့ ရောဂါပြန့်ပွားရေးကာကွယ်ရေး အချက်အလက်တွေအရ တချို့ NSAID အသုံးပြုတာတွေက (အဓိကအားဖြင့် ပမာဏများများနဲ့ ရေရှည်) သွေးလွှတ်ကြောသွေးခဲနိုင်ခြင်းကို မြင့်တက်စေပါတယ်။ (ဥပမာ- myocardial infarction သို့မဟုတ် stroke)

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Surgam (ဆာဂမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Surgam ဟာ သင်အခ ုလောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

    အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Surgam နဲ့ ဓါတ်ပြုနိုင်ပါသလား။

    Surgam က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်လိုကျန်းမာရေးအခြေအနေတွေက Surgam နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

    Surgam က သင့်ကျန်းမာရေးကို သက်ရောက်မှု ရှိစေပါတယ်။ ဒီသက်ရောက်မှုက သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဆေးရဲ့ သက်ရောက်မှုတွေကို ပြောင်းလဲစေပါတယ်။ သင့်လက်ရှိ ကျန်းမာရေးအခြေအနေကို သင့်ဆရာဝန်နဲ့ ဆေးပေးတဲ့သူတွေကို အမြဲ ပေးသိဖို့ အရေးကြီးပါတယ်။

    Tiaprofenic acid ကို အောက်ပါအကြောင်းအရာများမှာ သတိနဲ့ အသုံးပြုသင့်ပါတယ်။

    • မွေးရာပါကျောက်ကပ်အားနည်းသော လူနာများ (ကျောက်ကပ်အလုပ်လုပ်ပုံကို သတိနဲ့ စောင့်ကြပ်ဖို့ လိုအပ်ပါတယ်)
    • သွေးတိုး၊ နှလုံးရောဂါ လူနာများ
    • NSAID ရဲ့ ဆိုးကျိုးတွေ မကြာခဏခံစားရနိုင်တဲ့ အသက်ကြီးသောသူများ၊ အထူးသဖြင့် အစာအိမ်အူလမ်းကြောင်း သွေးထွက်ခြင်း၊ ပေါက်ခြင်း၊ စတဲ့ သေစေနိုင်သော အရာများ
    • အသည်းကောင်းကောင်း အလုပ်မလုပ်သော မှတ်တမ်းရှိတဲ့ လူနာများ

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Surgam (ဆာဂမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    လူရွယ်များ

    တစ်နေ့ 600mg သို့မဟုတ် 300mg ၂ကြိမ် သို့မဟုတ် 200mg ၃ကြိမ်

    အသက်ကြီးသူများ

    လူရွယ်တွေအတွက် (အပိုင်း ၄.၄ အထူးသတိပေးချက်များနဲ့ သတိပြုစရာများ ကို ကြည့်ပါ)။ အသက်ကြီးသူတွေမှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရနိုင်ချေ များနိုင်တာကြောင့် သတိပြုပြီး အသုံးပြုသင့်ပါတယ်။ ကျောက်ကပ်၊ နှလုံး၊ အသည်း အားနည်းသူတွေအတွက် ပမာဏကို နည်းနိုင်သမျှ နည်းရပါမယ်။ တစ်နေ့ 200mg ၂ကြိမ်အထိ လျှော့ချဖို့ ညွှန်ကြားထားပါတယ်။

    NSAID က လိုအပ်တယ်လို့ ယူဆရင် အသက်ကြီးသူတွေအဖို့ သက်ရောက်အနည်းဆုံး ပမာဏကို ကာလတိုအတွင်းသာ အသုံးပြုသင့်ပါတယ်။ NSAID therapy အစအတွက် အစာအိမ်အူလမ်းကြောင်း သွေးထွက်ခြင်းကို ပုံမှန် စောင့်ကြည့်သင့်ပါတယ်။

    ကလေးငယ်တွေမှာ Surgam ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

    ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

    Surgam ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

    Surgam ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    • Surgam Tablets 300 mg

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    Surgam ကို သုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement