Rifabutin (ရွိုင်ဖာဗျူတင်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 7 mins read
Share now

အသုံးပြုပုံများ

Rifabutin (ရွိုင်ဖာဗျူတင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Rifabutinကို တစ်မျိုးတည်းသော်လည်းကောင်း တစ်ခြားဆေးများနှင့်တွဲပြီးသော်လည်းကောင်း ပြင်းထန်သည့်ကူးစက်ရောဂါတစ်ချို့ (Mycobacterium avium complex-MAC) အား ကာကွယ်ရန် အသုံးပြုပါသည်။ Rifabutin သည် rifamycin ပဋိဇီဝဆေးဖြစ်သည်။ ဘက်တီးရီးယားများ၏ ကြီးထွားမှုကို တားမြစ်ပေး၏။ ဤပဋိဇီဝဆေးကို ဘက်တီးရီးယားပိုးရောဂါများအား ကာကွယ်ကုသရန်အတွက်သာ သုံးနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးရောဂါများ (အအေးမိ တုပ်ကွေး) တွင်တော့ သုံးမရပါ။ ပဋိဇီဝဆေးများကို မလိုအပ်ပဲသုံးခြင်း၊ မှားယွင်းသုံးခြင်းများက ဆေးအာနိသင်ကို ကျစေပါသည်။

Rifabutin (ရွိုင်ဖာဗျူတင်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးကို အစာရှိရှိမရှိရှိသောက်နိုင်ပြီး များသောအားဖြင့် တစ်ရက် တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရ၏။ ဗိုက်နာတတ်ပါက ဆေးကို အစာနှင့်တွဲပြီးသောက်ပါ။ တီဘီရောဂါကုသရန်ဆိုပါက ဆေးကို တစ်ခါတစ်ရံ တစ်ပတ် ၂ ကြိမ် သောက်ရနိုင်ပါသည်။

ဆေးပမာဏမှာ သင့်ကျန်းမာရေးအခြေအနေ၊ ကိုယ်အလေးချိန်၊ ဓါတ်ပြုနိုင်သည့်ဆေးများနှင့် ကုသမှုအပေါ်တုံ့ပြန်ခြင်းတို့ကို အခြေခံတွက်ရပါသည်။

အကောင်းဆုံးအာနိသင်ရစေရန် ပဋိဇီဝဆေးများကို အချိန်ညီတူညီမျှခြား၍ သောက်သင့်သည်။ ဆေးသောက်ဖို့မှတ်မိနေစေရန် နေ့စဉ် တူညီသောအချိန်၌သာသောက်ပါ။

လက္ခဏာများ သက်သာလာသည့်တိုင် ဆေးကို ညွှန်ထားသည့်ရက်အပိုင်းအခြားပြည့်အောင် သောက်ရပါမည်။ ဆေးကိုစောရပ်လိုက်ခြင်း၊ အကြိမ်ရေကျော်ခြင်းများက ဘက်တီးရီးယားများကို ဆက်ကြီးထွားစေပြီး ရောဂါဖြစ်စေနိုင်သလို ကုသရန်လည်း ခက်သွားစေနိုင်ပါသည်။

အခြေအနေများတိုးတက်မလာလျှင်၊ ပိုဆိုးသွားလျှင် ဆရာဝန်ကိုပြောပါ။

Rifabutin (ရွိုင်ဖာဗျူတင်) ဘယ်လိုသိမ်းဆည်းရမလဲ

Rifabutin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Rifabutin ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Rifabutin ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Rifabutin အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Rifabutin (ရွိုင်ဖာဗျူတင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Rifabutinကိုမသုံးခင် ဤဆေးနှင့်ရော တခြား rifamycins များ (ဥပမာ – rifampin)နှင့်ရော ဓါတ်မတည့်မှု ရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများ ပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား ပြောပြပေးပါ။ အထူးသဖြင့် ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ သွေးရောဂါများ (Porphyria)။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲ သောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

Rifabutin သည် အသက်ရှိသောကာကွယ်ဆေးများ (တိုက်ဖွိုက်ကာကွယ်ဆေးများ)ကို အာနိသင်ပြယ်စေနိုင်၏။ ဆရာဝန်မှမညွှန်ကြားလျှင် ဤဆေးကိုသုံးနေစဉ် ကာကွယ်ဆေးထိုးခြင်းများ မပြုလုပ်ရပါ။

ကိုယ်ဝန်ဆောင်စဉ်တွင် အမှန်တကယ်လိုအပ်မှသာ ဆေးကိုသုံးရမည်။ ကောင်းကျိုးဆိုးကျိုးသိရန်အတွက် ဆရာဝန်နှင့်တိုင်ပင်ကြည့်ပါ။

ဆေးသည် နို့ရည်ထဲသို့ဖြတ်နိုင်မဖြတ်နိုင် မသိရသေးပါ။ နို့တိုက်ကျွေးမှုမစခင် ကောင်းကျိုးဆိုးကျိုးသိနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးပါ။ သင့်တွင် HIV ပိုးရှိနေပါက ကလေးကိုနို့မတိုက်ပါနှင့်။ နို့ရည်မှတစ်ဆင့် HIV ပိုးကူးနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Rifabutin (ရွိုင်ဖာဗျူတင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Bရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Rifabutin (ရွိုင်ဖာဗျူတင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အရသာအာရုံပြောင်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများ ဖြစ်နိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများ ပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကို ချက်ချင်းပြောပါ။

ဆေးကြောင့် ဆီး၊ ချွေး၊ တံတွေးနှင့် မျက်ရည်တို့ လိမ္မော်ညိုရောင်ပြောင်းတတ်၏။ ဤအချက်မှာ အန္တရာယ်မရှိပါ။ ဆေးရပ်လျှင် ပျောက်သွားလိမ့်မည်။ သို့သော သွားအကူကိရိယာများ၊ မျက်ကပ်မှန်များတွင်တော့ ချွတ်မရအောင် အစွန်းထင်သွားစေနိုင်ပါသည်။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်း သိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ပြင်းထန်ပြီး ရှားပါသည့်ဘေးထွက်ဆိုးကျိုးများ – သွေးထွက်လွယ်၊ အညိုအမည်းစွဲလွယ်ခြင်း၊ ရောဂါပိုးအသစ်ဝင်သည့်လက္ခဏာများ (ဥပမာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း)၊ ကြွက်သားနာခြင်း၊ အားနည်းခြင်း၊ အဆစ်နာခြင်း၊ ရောင်ခြင်း၊ မျက်လုံးနာခြင်း၊ နီခြင်း၊ အမြင်အာရုံ ပြဿနာများ၊ ရင်ဘတ်အောင့်ခြင်း၊ မရပ်မနား ပျို့ခြင်း၊ အန်ခြင်း၊ ပုံမှန်မဟုတ်ပဲ မောနေခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ မျက်လုံး၊ အသားဝါခြင်းများ ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ဤဆေးကြောင့် အလွန်းရှားပြီး ပြင်းထန်သည့် အူပိုင်းဆိုင်ရာအခြေအနေ (Clostridium difficile-associated diarrhea) ဖြစ်တတ်ပါသည်။ ဤအခြေအနေသည် ဆေးယဉ်ပါးသော ဘက်တီးရီးတစ်မျိုးကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ဆေးသောက်နေစဉ် သို့မဟုတ် ဆေးရပ်ပြီးနောက ်ရက်သတ္တပတ်များစွာ လများစွာ ကြာပြီးမှဖြစ်တတ်ပါသည်။ သင့်တွင် မရပ်နိုင်သော ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း အောင့်ခြင်း၊ ဝမ်းတွင် သွေးနှင့်အကျိအချွဲများပါခြင်းတို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

အဆိုပါလက္ခဏာများပြလာပါက ဝမ်းပိတ်ဆေးများ နာကိုတစ်အကိုက်အခဲပျောက်ဆေးများ မသုံးပါနှင့်။ ရောဂါကိုပိုဆိုးစေပါလိမ့်မည်။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာ ရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါက အရေးပေါ်ကုသမှုများ ခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Rifabutin (ရွိုင်ဖာဗျူတင်) နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓါတ်ပြုနိုင်သော ဆေးကုန်များမှာ – azole မှိုသတ်ဆေးများ (fluconazole, itraconazole, voriconazole), ciprofloxacin, delavirdine, macrolide ပဋိဇီဝဆေးများ (clarithromycin) ။

Rifabutin သည် တစ်ချို့ဆေးများအား ခန္ဓါကိုယ်မှ ဖယ်ထုတ်သည့်အမြန်နှုန်းအပေါ် သက်ရောက်မှုရှိပြီး ထိုဆေးများ၏အာနိသင်ကိုပြောင်းလဲစေနိုင်ပါသည်။ အဆိုပါဆေးများမှာ – aprepitant/fosaprepitant, lurasidone, phenytoin, ranolazine, suvorexant, tacrolimus, tasimelteon, “ blood thinners” (such as warfarin), calcium channel blockers (such as diltiazem, verapamil), စီပိုးအားကုသရာတွင် သုံးသည့် ဆေးပေါင်းစပ်များ (ombitasvir/paritaprevir/ritonavir) စသည်။

ဤဆေးသည် သန္ဓေတားဟော်မုန်းဆေးများ ဖြစ်သော သောက်ဆေး၊ ကပ်ခွာ၊ ကွင်း စသည်တို့နှင့် ဓါတ်ပြုနိုင်ပြီး ထိုဆေးများ၏အာနိသင်ကို ကျစေပါသည်။ ထို့ကြောင့် ကိုယ်ဝန်ရသွားတတ်သည်။ ဤဆေးကိုသုံးနေစဉ် စိတ်ချရသည့် သန္ဓေတားနည်းကို ထပ်သုံးရမသုံးရသိနိုင်ရန် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ဆွေးနွေးပါ။ ထို့အတူ ရာသီမဟုတ်ပဲ သွေးဆင်းခြင်းများကို သတိထားမိပါက ဆရာဝန်နှင့်ဆွေးနွေးပါ။ ၎င်းသည် သင့်သန္ဓေတားဆေး ကောင်းကောင်းအလုပ်မလုပ်သည့် လက္ခဏာများ ဖြစ်နိုင်ပါသည်။

Rifabutin သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Rifabutin (ရွိုင်ဖာဗျူတင်) နဲ့ ဓါတ်ပြုနိုင်သလား

Rifabutin က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Rifabutin (ရွိုင်ဖာဗျူတင်) နဲ့ ဓါတ်ပြုနိုင်သလဲ

Rifabutin သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Rifabutin (ရွိုင်ဖာဗျူတင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Mycobacterium avium-intracellulare ကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

တစ်ရက်လျှင် 300 mg တစ်ကြိမ်သောက်ရန်။ ပျို့ခြင်း၊ အန်ခြင်းများဖြစ်လာလျှင် Rifabutin 150 mg ကို ၁၂ နာရီခြားတစ်ခါသောက်နိုင်ပါသည်။

Mycobacterium avium-intracellulare ကုသရန်အတွက် ပုံမှန်ပမာဏ

တစ်ရက်လျှင် 300 mg တစ်ကြိမ်သောက်ရန်။ ပျို့ခြင်း၊ အန်ခြင်းများဖြစ်လာလျှင် Rifabutin 150 mg ကို ၁၂ နာရီခြားတစ်ခါသောက်နိုင်ပါသည်။

ကုသမှုတွင် မကြာခဏဆိုသလို clarithromycin နှင့် တခြားဆေး 2-4 မျိုးခန့် ဥပမာ ethambutol, rifampin, clofazimine နှင့် တခြားဆေးများ ပါတတ်ပါသည်။ ဆေးကုသမှုကာလမှာ ၁၈-၂၄ လအထိ ကြာတတ်ပါသည်။ ကိုယ်ခံအားနည်းသူ လူနာများတွင် clarithromycin သို့မဟုတ် azithromycin နှင့်အတူ တခြားဆေး 1 to 3 မျိုး ဥပမာ – ethambutol, clofazimine, ciprofloxacin, ofloxacin, rifampin, rifabutin, သို့မဟုတ် amikacin တို့ပါတတ်ပါသည်။ လူနာနှင့် ရောဂါပိုးမှ တုံ့ပြန်မှုကို မှတ်တမ်းတင်နိုင်သ၍ ဆေးကို တစ်သက်တာ ဆက်သောက်သင့်ပါသည်။

တီဘီရောဂါကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

တစ်ရက်လျှင် 300 mg တစ်ကြိမ်သောက်ရန်။ ပျို့ခြင်း၊ အန်ခြင်းများဖြစ်လာလျှင် Rifabutin 150 mg ကို ၁၂ နာရီခြားတစ်ခါသောက်နိုင်ပါသည်။

USPHS/IDSA (U.S. Public Health Service/Infectious Diseases Society of America) Prevention of Opportunistic Infections Working Group မှ isoniazid ယဉ်ပါးသောတီဘီနှင့် ထိတွေ့မိပါက ကာကွယ်ဆေးအဖြစ် rifampin အစား Rifabutin ကို သုံးရန် ထောက်ခံထားပါသည်။ HIV ပိုးရှိသောလူနာများတွင် tuberculin skin test (greater than or equal to 5 mm) Postictve အဖြေထွက်သူများ၊ တီဘီဖြစ်နေသူနှင့် ထိတွေ့ထားသူများ၊ ကုသမှုမပေးထားရသေးဘဲ Skin test positive ဖြစ်နေသူများ စသည်တို့တွင် ကာကွယ်ဆေးအဖြစ် သုံးနိုင်ပါသည်။ ထို့အပြင် tuberculin skin test negative ဖြစ်နေပြီး တီဘီအန္တရာယ်များနေသည့် HIV ပိုးရှိသူများ၊ မိုက်ကိုဘက်တီးရီးယန်း တီဘီအဖြစ်များသော နယ်ပယ်များတွင်နေသူများအတွက် ကာကွယ်ဆေးအဖြစ် သုံးရပါမည်။ ကာကွယ်ဆေးအဖြစ်မပေးခင် လက်ရှိတီဘီရှိမရှိ အရင်သေချာအောင် လုပ်ရပါမည်။

ကာကွယ်ဆေးအဖြစ် Rifabutin ကိုသုံးရန်အတွက် ယေဘုယျသဘောတူညီမှုများ မရှိပါ။ Isoniazid မပါသည့်ဆေးအဖုံကို ကာကွယ်ဆေးအဖြစ်သုံးရန် ဆုံးဖြတ်မည်ဆိုပါက ပြည်သူ့ကျန်းမာဝန်းထမ်းများနှင့် တိုင်ပင်ဆွေးနွေးရန် လိုပါလိမ့်မည်။

Rifabutin ကို တီဘီဖြစ်လာနိုင်ချေနည်းစေရန်အတွက် ရှုပ်ထွေးသည့်အချက်များမရှိသူများတွင် ကာကွယ်ဆေးအဖြစ် ၆ လပေးရပါသည်။ ရှုပ်ထွေးသည့်အချက်များဖြစ်သော HIV ပိုးရှိခြင်း၊ ဆီးချို၊ သွေးကင်ဆာ၊ ရင်ဘတ်ဓါတ်မှန်တွင် အမာရွတ်တွေ့ခြင်း စသည်တို့ရှိနေပါက ကာကွယ်ဆေးကို ၁၂ လအထိ ယူရမည်။

HIV ရှိပြီး တီဘီဖြစ်နေသူများအတွက် ပုံမှန်ပမာဏ

တစ်ရက်လျှင် 300 mg တစ်ကြိမ်သောက်ရန်။ ပျို့ခြင်း၊ အန်ခြင်းများဖြစ်လာလျှင် Rifabutin 150 mg ကို ၁၂ နာရီခြားတစ်ခါသောက်နိုင်ပါသည်။

တီဘီရောဂါနှင့်ဆက်စပ်သော အန္တရာယ်များသူများတွင် American Thoracic Society and the Centers for Disease Control မှ တိုက်ရိုက်ကြည့်ရှူကုသခြင်း အစီအစဉ်ကို ထောက်ခံပေးထားပါသည်။ ကိုယ်တိုင်သောက် ကုထုံးကိုသုံးမည်ဆိုပါက ဆေးသောက်ဖို့မလိုက်နာခြင်းမျိုးမဖြစ်စေရန် ဆေးပေါင်းစပ်ကိုသာသုံးရန် ကျွမ်းကျင်သူများက ထောက်ခံထား၏။ ဆေးကုသမှုကြာချိန်မှာ သံသယဖြစ်ရသော ပိုးအမျိုးအစားပေါ်တွင် မူတည်ပါသည်။ အဆုတ်တီဘီကို အနည်းဆုံး ၆ လ ကုသရမည်။ HIV ရှိသူများတွင် တစ်ချို့ကျွမ်းကျင်သူများအဆိုရ ဆေးကို အနည်ဆုံး ၉ လ သို့မဟုတ် ပိုးမွှေးအဖြေကောင်းပြီးနောက် ၆ လအထိ ပေးရပါသည်။ လက်ရှိတွင် ATS/CDC မှ ထောက်ခံထားသည်မှာ HIV ရှိရှိ မရှိရှိ ကုသရမည်ပုံစံမှာ ထူးမခြားနားပါ။ သို့သော် rifampin ကို မပေးခင် ဆေးပေးမည့်သူက ဤဆေးနှင့် HIV အတွက်သုံးသော non-nucleoside reverse transcriptase inhibitor များ၊ protease inhibitor များနှင့် ဓတ်ပြုနိုင်ခြင်းရှိမရှိ စဉ်းစားရသေးသည်။ Rifabutin ကတော့ HIV ဆေးများ သောက်နေရသူများအတွက် ပိုပြီး စိတ်ချရပါသည်။

ယေဘုယျအားဖြင့် pyrazinamide (PZA) နှင့် isoniazid (INH) ကို ပထမ ၂လတွဲပေးသော၆ လကုထုံးများက သက်ရောက်မှုရှိကြောင်း တွေ့ရပါသည်။

ထောက်ခံထားသော ကုထုံးများမှာ အောက်ပါအတိုင်းဖြစ်သည်။

INH ဆေးကိုယဉ်ပါးနိုင်နှုန်း ၄ % အထိ နည်းနေလျှင် : နေ့စဉ် rifampin (RIF) သို့မဟုတ် rifabutin (RFB) + INH + PZA ဆေးပေါင်းကို ၂ လသောက်ရန်။ ထို့နောက်တွင် နေ့စဉ် RIF သို့မဟုတ် RFB + INH ကုထုံးကို ၄ လဆက်သောက်ရန်ဖြစ်သည်။ INH ယဉ်ပါးနေကြောင်း အတည်ပြုရပါက INH ယဉ်ပါးတီဘီဆေးကိုပြောင်းရပါမည်။

INH ဆေးကိုယဉ်ပါးနိုင်နှုန်း ၄ % နှင့် အထက်များနေလျှင် (ဆေးမှန်မှန်သောက်မည့် လူနာများတွင်သာပေးရမည်) : ဆေးယဉ်ပါးကြောင်း အချက်အလက်ရသည်အထိ နေ့စဉ် RIF သို့မဟုတ် RFB + INH + PZA + streptomycin (SM)နှင့် ethambutol (ETB) ထဲမှ တစ်ခုခု ဆေးပေါင်းကို သောက်ရန်ဖြစ်သည်။ INH မယဉ်ပါးဘူးဆိုပါက နေ့စဉ် RIF သို့မဟုတ် RFB + INH + PZA ကို အားလုံးပေါင်း ၂ လဆက်ပေးပြီး RIF သို့မဟုတ် RFB + INH ကို ၆ လ ပြည့်အောင်ပေးရမည်။ အကယ်၍ INH ယဉ်ပါးနေကြောင်း အတည်ပြုနိုင်ပါက အောက်ပါ INH ယဉ်ပါးကုထုံးကိုပေးပါ။

INH ဆေးကိုယဉ်ပါးနိုင်နှုန်း ၄ % နှင့် အထက်များနေလျှင် (ဆေးမှန်မှန်မသောက်သော လူနာများတွင်): DOT စနစ်နှင့် နေ့စဉ် RIF or RFB + INH + PZA + either SM or ETB ကို ၂ ပတ် ထို့နောက် တစ်ပတ်ကို ၂-၃ ကြိမ်နှင့် ၆ ပတ် ပေးရပါမည်။ ထို့နောက် ဆေးကုထုံးကို RIF or RFB + INH ကို တစ်ပတ်လျှင် ၂-၃ ကြိမ်နှုန်းနှင့် ဆေးကုသမှုကြာချိန် ၆ လ ပြည့်သည်အထိ ပေးရပါမည်။ အလှည့်အပြောင်းလုပ်နိုင်သည့် ဆေးကုထုံးမှာ DOT စနစ်နှင့်RIF or RFB + INH + PZA + either SM or ETB ကို တစ်ပတ်လျှင် ၄ ကြိမ်နှုန်းဖြင့် ၆ လ ပေးနိုင်ပါသည်။ INH ကို သေသေချာချာအတည်ပြုပြီးပါက INH ယဉ်းပါးတီဘီကုထုံးကို ပေးရမည်။

IHN ယဉ်းပါးတီဘီသေချာလျှင်: DOT စနစ်နှင့် RIF or RFB + ETB + PZA ကို ၁၈ လ သို့မဟုတ် သလိပ်ပိုးမွေးခြင်းအဖြေ အနည်းဆုံး ၁၂ လ ကောင်းသည်အထိ ပေးရပါမည်။ ဖြစ်နိုင်ပါက ဆေးယဉ်ပါးတီဘီကုထုံးများကို ကျွမ်းကျင်ဆရာဝန်နှင့် တိုင်ပင်ဆေးနွေးပါ။

အသည်းအတွက်ပမာဏချိန်ညှိခြင်း

အပြင်းစားအသည်းမကောင်းသူများတွင် ဆေးပမာလျော့ချရန် လိုနိုင်ပါသည်။

ပမာဏချိန်ညှိခြင်း

Protease inhibitors သို့မဟုတ် non-nucleoside reverse transcriptase များနှင့် တွဲပေးရပါက ဆေးပမာဏချိန်ညှိရန် လိုကောင်းလိုနိုင်ပါသည်။ efavirenz နှင့်တွဲပေးပါက ဆေးပမာဏကို 450 mg သို့မဟုတ် 600 mg အထိ တိုးပေးသင့်သည်။

ကလေးတွေအတွက် Rifabutin (ရွိုင်ဖာဗျူတင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Mycobacterium avium-intracellulare ကုသရန်အတွက် ပုံမှန်ပမာဏ

5 mg/kg/day ကို လူနာအကန့်အသတ်နှင့် သုံးခဲ့ဖူးပါသည်။ တခြားသော ပိုးသတ်ဆေး အနည်းဆုံး ၂ မျိုးနှင့် ပေါင်းစပ်သုံးရသည်။ rifabutin ကို အစားအသောက်များ ဥပမာ ပန်းသီးဆော့စ်နှင့် တွဲပေးနိုင်ပါသည်။

Rifabutin (ရွိုင်ဖာဗျူတင်) ကိုဘယ်လိုရရှိနိုင်သလဲ

Rifabutin ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Rifabutin ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်နည်းနေပြီလား……….

ပင်ပန်းနွမ်းနယ် သတ္တုဓာတ် ခန္ဓာကိုယ် ကြွက်သား ဆဲလ် အာရုံကြော နှလုံး သွေးပေါင်ချိန် hypokalemia ကျန်းမာရေး ဝမ်းပျက်ဝမ်းလျှော အက်ဒရီနယ်လင် အပြုအမူ အရက် ချွေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

COVID-19 ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လုံးဝမယုံသင့်တဲ့ ချင်း (ဂျင်း) များ

ဝူဟန်ဗိုင်းရပ်စ် ကိုရိုနာဗိုင်းရပ်စ် Coronavirus တရုတ်နိုင်ငံ လူမှုကွန်ယက် ကပ်ရောဂါ အသက်ရှူလမ်းကြောင်း အဆုတ်ရောင် ချောင်းဆိုး အိမ်မွေးတိရစ္ဆာန် ပဋိဇီဝဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 ဖေ‌ဖော်ဝါရီ 6, 2020 . 2 mins read

ကြောက်စရာကောင်းလာသော ဆေးယဉ်ပါးပြဿနာ

 ဆေးယဉ်ပါးပြဿနာ ပဋိဇီဝဆေး ဘတ်တီးရီးယား ဆေးရဲ့ဘေးထွက်ဆိုးကျိုး ဆေးယဉ်ပါး တီဘီ စပ်ဆေး အသွင်ပြောင်း ဆေးမတိုး သောက်ရမယ့်ပမာဏ၊ အကြိမ်ရေ၊ ရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

စပ်ဆေး တစ်ခွက်ကို လေ့လာကြည့်ခြင်း

စပ်ဆေး ဆေးဝါး ကျန်းမာရေးအန္တရာယ် ဆေးဆိုင် ဆေးညွှန်း အကိုက်အခဲပျောက်ဆေး အဖျားကျဆေး အရောင်ကျဆေး စတီးရွိုက် ပဋိဇီဝ ပိုးသတ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

သင်ဘာလို့ ခံတွင်းအနံ့ဆိုးရွားနေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 11, 2020 . 3 mins read
ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Seinn Moe Satt
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 29, 2020 . 3 mins read
အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ

အရက်သေစာနှင့် ပဋိဇီဝဆေးများ ပေါင်းစပ်ခြင်း၏ ဆိုးကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 15, 2020 . 2 mins read

COVID-19 ကို ရင်ဆိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မတ် 24, 2020 . 3 mins read