Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019
Share now

အသုံးပြုပုံများ

Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Procainamide hydrochloride သည် နှလုံးခုန်မှု စည်းချက် မမှန်ခြင်းကို ကုသသောဆေးဖြစ်ပါသည်။
ဤဆေးသည် နှလုံးခုန်မြန်လွန်းခြင်းနှင့် နှလုံးခုန်ခြင်း စည်းချက်မမှန်မှု စသော အခြေအနေများကို ထိန်းညှိပေးပါသည်။ (antiarrhythmic effect)
အဓိကအားဖြင့် Procainamide hydrochloride ကို နှလုံးခုန် စည်းချက်မမှန်မှုများကို ကုသရာတွင် အသုံးပြုပါသည်။

Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

Procainamide hydrochloride ကို အများအားဖြင့် ဆရာဝန်၏ ရုံးခန်း ဆေးရုံ ဆေးခန်းတို့တွင် ထိုးဆေးအနေဖြင့် ပေးပါသည်။
သင်၏အိမ်တွင် မှီဝဲချင်ပါက ဆေးဝါးကျွမ်းကျင် ပညာရှင်က အသုံးပြုပုံကို သင်ကြားပေးလိမ့်မည်။
အသုံးပြုနည်းကို သေချာစွာ သဘောပေါက်ပါစေ။
ဆေးထိုးသောအခါ သင်ကြားပေးထားသော အဆင့်များကို သေချာစွာလိုက်နာပါ။
သိလိုသည်များရှိပါက ဆေးဝါးကျွမ်းကျင် ပညာရှင်ကို မေးပါ။

ထိုးဆေးကို မှီဝဲနေစဉ်တွင် ရေများများသောက်ရန် လိုအပ်ပါသည်။ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ ဆေးအရည်သည် အရောင်နောက်နေခြင်း၊ အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများ ကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။

ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။ ပြန်အသုံးမပြုပါနှင့်။

မသိလျှင် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

procainamide hydrochloride သည်ပုံမှန်ထိုးလျှင် အာနိသင်အကောင်းဆုံးဖြစ်ပါသည်။
ရောဂါပိုးဝင်ရောက်ခြင်းကို အရှင်းပျောက်ကင်းလိုပါက ဆေးပတ်လည်အောင်ထိုးပါ။
ရက်အနည်းငယ်အတွင်း သက်သာလာသည်ဟု ခံစားရလဲ ဆေးကို မမေ့ပဲ ထိုးသင့်ပါသည်။

သိလိုသည်များရှိပါ ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

အများအားဖြင့် Procainamide hydrochloride ကို ဆေးဝါးကျွမ်းကျင် ပညာရှင်များက သိမ်းထားလေ့ရှိပါသည်။
သင့်အိမ်တွင် အသုံးပြုမည်ဆိုပါက ဆေးဝါးကျွမ်းကျင် ပညာရှင် ၏ ညွှန်ကြားချက်အတိုင်း သိမ်းဆည်းပါ။

လုံခြုံစိတ်ချရဖို့အတွက် Procainamide hydrochloride ကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

procainamide hydrochloride ကိုမထိုးခင် အောက်ပါအချက်များရှိပါက ဆရာဝန်ကိုပြောပါ

  • ကိုယ်ဝန်ဆောင၊် ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိသ၊ူ နို့တိုက်မိခင်
  • ဆရာဝန်ညွှန်းထားသော သို့ မညွှန်းထားသော ဆေးများ၊ တိုင်းရင်းဆေးများ၊ ဖြည့်စွက်အားဆေးများ သောက်နေခြင်း
  • ဆေးများ၊ အစားအစာများ နှင့် အခြားပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း
  • ထုံဆေး (ဥပမာ – procaine) နှင့် ပြင်းထန်သော ဓါတ်မတည့်မှုများဖြစ်ဖူးခြင်း ( ဥပမာ – ပြင်းထန်သော အဖုများ၊ အင်ပြင်များထွက်ခြင်း၊ အသက်ရှုရခက်ခဲခြင်း)

Procainamide hydrochloride သည် မူးဝေခြင်းနှင့် အမြင်အာရုံမှုန်ဝါးခြင်း တို့ဖြစ်စေနိုင်ပါသည်။ သင်နှင့် ဆိုးကျိုးရှိမရှိ မသေချာသေးခင် ကားမောင်းခြင်း စက်ပစ္စည်းများမောင်းနှင်ခြင်း နှင့် အခြားအန္တရာယ် ဖြစ်စေနိုင်သည့် အလုပ်မျိုးကို ရှောင်ပါ။

အရက်သောက်ခြင်းသည် Procainamide hydrochloride ၏ အာနိသင်ကို လျော့နည်းစေပါသည်။
အရက်သောက်မည်ဆိုပါ ဆရာဝန်နှင့်တိုင်ပင်ပါ။
ဆရာဝန်နှင့်မတိုင်ပင်ပဲ သတ်မှတ်ထားသော ပမာဏနှင့် အချိန်ထက်ပိုမသုံးပါနှင့်။
ဆရာဝန်နှင့်မတိုင်ပင်ပဲ ဆေးကို ရုတ်တရက် မရပ်ပါနှင့်။

Procainamide hydrochloride သည် သွေးခဲစေသည့် သွေးဥမွှား အရေအတွက်ကို လျော့နည်းစေသည့်အတွက် ထိခိုက်ဒဏ်ရာရနိုင် သည့် သွေးထွက်နိုင်သည့် အခြေအနေမျိုးကို ရှောင်ပါ။
ပုံမှန်မဟုတ်ပဲ သွေးထွက်ခြင်း ၊သွေးခြေဥခြင်း၊ ဝမ်းသွားလျှင်သွေးပါခြင်း၊ ဝမ်းမည်းမည်းသွားခြင်းတို့ ဖြစ်ပါက ဆရာဝန်နှင့်ပြပါ။
Procainamide hydrochloride သင့်ခန္ဓါကိုယ်၏ ရောဂါပိုးများကို ကာကွယ်နိုင်သော စွမ်းရည်က ိုကျဆင်းစေသောကြောင့် ဖျားနေသောသူများ အခြားရောဂါပိုးရှိသူများနှင့် ထိတွေ့ခြင်းကို ရှောင်ပါ။
ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အဖုများထွက်ခြင်း၊ ချမ်းတုန်ခြင်း စသည့် ရောဂါပိုးဝင်ရောက်သည့် လက္ခဏာများရှိပါက ဆရာဝန်နှင့်ပြပါ။
အခြားဆေးကုသမှုများ၊ အရေးပေါ်ကုသမှုများ၊ ခွဲစိတ်မှုများမပြုလုပ်ခင် သင် Procainamide hydrochloride ထိုးနေကြောင်း ဆရာဝန်ကိုပြောပြပါ။
Procainamide hydrochloride သည် ဓါတ်ခွဲခန်းအဖြေများပေါ်တွင် သက်ရောက်မှု ရှိနိုင်သောကြောင့် သင် Procainamide hydrochloride ထိုးနေကြောင်း ဆရာဝန်နှင့် ဓါတ်ခွဲခန်းကျွမ်းကျင်သူတို့အား ပြောပြထားပါ။
အချို့ Procainamide hydrochloride များတွင် ဆာလ်ဖိုက် ပါဝင်သောကြောင့် အချိူ့လူနာများတွင် ဓါတ်မတည့်မှုများ ဖြစ်နိုင်ပါသည။် (ဥပမာ – ရင်ကျပ်ရောဂါရှိသူများ)
သင်သည် ဆာလ်ဖိုက် နှင့် ဓါတ်မတည့်ဖူးသူဖြစ်လျှင် သောက်နေသောဆေးတွင် ဆာလ်ဖိုက် ပါဝင်ပါက ဆေးဝါးကျွမ်းကျင်ပညာရှင် နှင့် ဆက်သွယ်ပါ။
ထိုးနေစဉ် သင်၏ ကျန်းမာရေးအခြေအနေနှင့် ဆေး၏ဘေးထွက်ဆိုးကျိုးများ ရှိမရှိကို သိရန် နှလုံး၏ လုပ်ငန်းဆောင်တာများ၊ သွေးဆဲလ်များ ပမာဏနှင့် serum ANA titers တို့ကို စစ်ကြည့်နိုင်ပါသည်။
အသက်ကြီးသူများတွင် ဆေးအာနိသင်သက်ရောက်မှု ပိုများနိုင်သောကြောင့် ဂရုပြု၍ သုံးစွဲပါ။
ဘေးကင်းမှုနှင့် ဆေးအာနိသင်သက်ရောက်မှု တို့ကို အတည်မပြုနိုင်သေးသောကြောင့် ကလေးငယ်များတွင် အထူးဂရုပြု၍ သုံးစွဲပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမထိုးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့

ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စ ုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

နို့တိုက်ခြင်း : နို့ရည်တွင် ဆေးပါဝင်နိုင်သောကြောင့် နို့တိုက်မိခင်များတွင် မပေးသင့်ပါ (သို့) ဆေးထိုးနေလျှင် နို့မတိုက်သင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါအဖြစ်များသောဘေးထွက်ဆိုးကျိုးများ ခံစားရပြီးပိုဆိုးလာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

  • ဆေးထိုးသည့်နေရာတွင် နာလာခြင်း၊ ယောင်လာခြင်း၊ နီလာခြင်း

အောက်ပါပြင်းထန်သော ဘေးထွက်ဆိုးကျိုးများခံစားရပါက ချက်ချင်းကုသမှုခံယူပါ။

  • အဖုအပိမ့်များထွက်ခြင်း
  • အင်ပြင်များ ထွက်ခြင်း
  • ယားခြင်း
  • အသက်ရှုရခက်ခဲခြင်း
  • ရင်ဘတ်တွင် တင်းကျပ်နေခြင်း
  • ပါးစပ၊် မျက်နှာ၊ နှုတ်ခမ်း၊ လျှာတို့ဖောင်းလာခြင်း
  • မျက်နှာတွင် လိပ်ပြာပုံ အကွက်ပေါ်လာခြင်:
  • ရင်ဘတ်အောင့်ခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • စိတ်ကျခြင်း
  • ဝမ်းသွားခြင်း
  • ခေါင်းမူးခြင်း
  • မူးလဲခြင်း
  • နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း၊ မမှန်ခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ လည်ချောင်းနာခြင်း
  • အာရုံခြောက်ခြားခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • စိတ်အခြေအနေများ ပြောင်းလဲခြင်း
  • ပါးစပ်တွင် အနာများပေါက်ခြင်း
  • ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း
  • ပျို့ခြင်းအန်ခြင်း
  • ဝမ်းအရောင်ဖျော့ခြင်း
  • တက်ခြင်း
  • ဗိုက်နာခြင်း
  • ပြင်းထန်သော၊ ရှည်ကြာသော ပင်ပန်းလွယ်ခြင်း
  • အသက်ရှုမြန်ခြင်း
  • အဆစ်များ ယောင်ခြင်း၊ နာခြင်း
  • မူမမှန်သော သွေးခြေဥခြင်း
  • မူမမှန်သော ပင်ပန်းခြင်း၊ အားနည်းခြင်း
  • အန်ခြင်း
  • အသက်ရှုလျှင် အသံမြည်ခြင်း
  • အသား၊ မျက်လုံးဝါခြင်း

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Procainamide hydrochloride ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့။

အောက်ပါဆေးများသည် သင်သောက်နေသောဆေးများနှင့် ဓါတ်ပြုမှုဖြစ်နိုင်ပါသည်။

  • နှလုံးခုန်မမှန်ခြင်းတွင် သုံးသည့် ဆေးများ (e.g., amiodarone, quinidine), anticholinergics (e.g., hyoscyamine), arsenic, astemizole, cisapride, dofetilide, droperidol, H2antagonists (e.g., cimetidine), ketolide ပိုးသတ်ဆေးများ (e.g., telithromycin), macrolide ပိုးသတ်ဆေးများ (e.g., erythromycin), phenothiazines (e.g., chlorpromazine), phosphodiesterase type 5 inhibitors (e.g., sildenafil), pimozide, quinolone ပိုးသတ်ဆေးများ (e.g., ciprofloxacin), serotonin receptor antagonists (e.g., dolasetron, terfenadine), trimethoprim, or ziprasidone

နှလုံးခုန်မမှန်ခြင်း စသည့် နှလုံးရောဂါများ ပိုဆိုးလာနိုင်သောကြောင့်ဖြစ်သည်။

  • အာရုံကြောဆေးများ (e.g., succinylcholine)

ဆေး၏ အာနိသင် နှင့် ဘေးထွက်ဆိုးကျိုးကို procainamide hydrochloride ကပိုများစေသောကြောင့် ဖြစ်သည်။

အစားအသောက်တွေနဲ့ အရက်က Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) နဲ့ ဓါတ်ပြုနိုင်သလား

procainamide hydrochloride က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတေ ွဖြစ်လာနိုင်ချေ ပြောင်းလဲမှုတေ ွဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

procainamide hydrochloride ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေက ိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြးီပါတယ်။

အထူးသဖြင့်သင့်မှာ

  • အသည်းရောဂါ၊ ကျောက်ကပ်ရောဂါများ ဖြစ်ဖူးခြင်း
  • နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း၊ heart block၊ QT prolongation နှင့် အခြား နှလုံးရောဂါများ
  • ရိုးတွင်းခြင်ဆီ ရောဂါများ
  • သွေးရောဂါများ ( ဥပမာ – သွေးဥမွှား နှင့် သွေးဖြူဥ နည်းခြင်း
  • Myasthenia Gravis (ကြွက်သားများအားနည်းသည့် ရောဂါ)
  • Digitalis (digoxin) အဆိပ်သင့်ဖူးခြင်း တို့ရှိလျှင်

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • နှလုံးခုန်မှု စည်းချက်မမှန်ခြင်း

အသားဆေး

  • သတ်မှတ်ထားသော ဆေးပမာဏ – အသားဆေး 0.5-1 g အကြိမ်ခွဲထိုးရန် (၄နာရီ – ၈နာရီ ခြား)

အကြောဆေး

  • ပထမအကြိမ် ဆေးပမာဏများများ ပေးခြင်း : 100-

200mg (သို့) 15-18mg/kg ကို ၂၅မိနစ် မှ ၃၀မိနစ် အတွင်း ဖြည်းဖြည်းချင်း သွင်းပါ။ ၁ မိနစ် လျှင် 50mg ထက်မကျော်ရ။ လိုအပ်ပါက ၅ မိနစ်ခြားပြီး ထက်သွင်းနိုင်ပါသည်။ 1g ထက်မကျော်ရ။

  • ဆေးပမာဏလျော့ပြီး ပုံမှန်ပေးထားခြင်း : ၁ မိနစ်ကို အကြောဆေး 1-4g အမြဲသွင်းထားခြင်း

ကျောက်ကပ်မကောင်းခြင်း

ပထမအကြိမ်ပမာဏကို 12mg/kg သို့လျော့ပါ။

အလယ်အလတ် ကျောက်ကပ်နှင့် နှလုံးမကောင်းခြင်းတွင် အမြဲ သွင်းသည့် ပမာဏကို သုံးပုံ တစ်ပုံ၊ ပြင်းထန်ပါက သုံးပုံ နှစ်ပုံ လျော့ပါ။

အသည်းမကောင်းခြင်း

ဆေးပမာဏကို ၅၀% လျော့ပါ။

ကလေးတွေအတွက် Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသားဆေး

  • သတ်မှတ်ထားသော ဆေးပမာဏ – အသားဆေး ၁ရက်လျှင် 20-30 mg/kg အကြိမ်များခွဲထိုးရန် (၄နာရီ – ၆နာရီခြား)

၁ရက် 4g ထက်မပိုရ။

အကြောဆေး

  • ပထမအကြိမ် ဆေးပမာဏများများ ပေးခြင်း : 3-6mg/kg ကို ၅မိနစ် ကျော် ဖြည်းဖြည်းချင်း သွင်းပါ။ ၁ ခါ လျှင် 100mg ထက်မကျော်ရ။ လိုအပ်ပါက ၅-၁၀ မိနစ်ခြားပြီး ထက်သွင်းနိုင်ပါသည်။ ၁ခါသွင်းလျှင် 15mg/kg ထက်မကျော်ရ။
  • ဆေးပမာဏလျော့ပြီး ပုံမှန်ပေးထားခြင်း : ၁ မိနစ်ကို အကြောဆေး 0.02-0.08mg/kg ဖြင့်သွင်းပါ။ ၂၄နာရီအတွင်း 2g မကျော်ရ။

Procainamide Hydrochloride (ပရိုကိုင်းနမိုက်ဒ် ဟိုင်ဒရိုကလိုရိုက်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

procainamide hydrochloride ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံ၊ ပမာဏများနှင့် ရရှိနိုင်ပါတယ်။

  • ထိုးဆေးအရည်: 100mg/ml နှင့် 500mg/ml

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

procainamide hydrochloride ကိုထိုးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရ ရခြင်း ထိုးပါ။ အကယ်၍ နောက်တစ်ကြိမ် ထိုးရမည့်အချိန်နှင့် ကပ်နေပြီဆိုပါက လွတ်သွားသော အကြိမ်ကို မထိုးပါနှင့်တော့။ ပုံမှန် အကြိမ်များအတိုင်းသာ ဆက်ထိုးပါ။ နှစ်ကြိမ်စာ တစ်ခါထဲ မထိုးပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Indinavir Sulfate (အင်ဒီနာဗာ ဆဲလ်ဖိတ်)

ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Hello Sayarwon

Netromycin (နီထရို မိုင်စင်)

ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Hello Sayarwon

Nicotinamide (နီကိုတင်းနမိုက်)

ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Hello Sayarwon

Decaquinon (ဒီကာကွီနွန်)

ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Hello Sayarwon

သင့်အတွက် ရွေးချယ်ထားသည်

Triherpine (ထရိုင်ဟာပင်)

Triherpine (ထရိုင်ဟာပင်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Hello Sayarwon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018
Neoamiyu (နီယို အေမီယူ)

Neoamiyu (နီယို အေမီယူ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Hello Sayarwon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018
Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်)

Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Hello Sayarwon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018
Tidocol (တီဒိုကော)

Tidocol (တီဒိုကော)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Hello Sayarwon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018