Panangin (Gideon Richer) (ပနန်ဂျင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019
Share now

အသုံးပြုပုံများ

Panangin (Gideon Richer) (ပနန်ဂျင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Panangin ကို မဂ္ဂနီစီယမ်ချို့တဲခြင်း၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ် လိုအပ်ချက်များခြင်း၊ သံဓါတ်အရနည်းခြင်းနှင့် သိသာသည့် လျှပ်ကူးသတ္တုဓါတ်များ ချို့တဲ့ရာတို့၌ အများဆုံးအသုံးပြုကြပါသည်။

Panangin (Gideon Richer) (ပနန်ဂျင်း) ဘယ်လိုသောက်သုံးသင့်သလဲ

သောက်သုံးရမည့်ပုံစံဆိုလျှင်

  • Panangin ဆရာဝန်ညွှန်ကြားသည့် ဆေးပမာဏ အချိန်အတိုင်း သောက်ပါ။
  • Panangin အားမသုံးခင် ဆေးအညွှန်းကို ဖတ်ပါ။
  • အညွှန်းနှင့်ပါတ်သတ်ပြီး နားမလည်သည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Panangin (Gideon Richer) (ပနန်ဂျင်း) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Panangin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Panangin ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Panangin ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။)

Panangin အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Panangin အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Panangin (Gideon Richer) (ပနန်ဂျင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ရှိနေလျှင် Panangin အား မသုံးခင် ဆရာဝန်ကို ပြောပါ။

  • ဓါတ်မတည့်ခြင်း – Panangin ၊ ၎င်းတွင်းပါသော ပစ္စည်းများနှင့် မတည့်လျှင်၊ ထိုပစ္စည်းများကို အညွှွန်းစာတွင် ဖတ်ရှုနိုင်ပါသည်။.
  • တခြားသောဆေးများ၊ အစာများ၊ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၊ တိရိစ္ဆာန်များနှင့် ဓါတ်မတည့်လျှင်
  • ကလေးငယ်များ
  • လူကြီးများ

Varogel နှင့် ဓါတ်ပြုနိုင်သည့် တခြားသော ကျန်းမာရေးအခြေအနေများ ဥပမာ – နာတာရှည်နှင့် ရုတ်တရတ်ပြင်းထန် ကျောက်ကပ်ရောဂါ၊ သွေးတွင်းထဲ၌ ပိုတက်စီယမ်ပမာဏများခြင်း၊ Atrioventricular blockade, နှလုံး အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ခြင်း၊ နှလုံးဖောက်ခြင်ဒ၊ နှလုံးစည်းချက်မမှန်ခြင်း၊ နှလုံးဂလိုင်ကိုစိုက်ဆေးများသုံးခြင်း၊ သွေးတွင်းပိုတက်စီယမ် နည်းခြင်း၊ သွေးတွင် မဂ္ဂနီစီယမ်နည်ခြင်း၊ အစာအာဟာရတွင် မဂ္ဂနီစီယမ်နှင့် ပိုတက်စီယမ်များ မပါခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Panangin (Gideon Richer) (ပနန်ဂျင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Panangin (Gideon Richer) (ပနန်ဂျင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးများကဲ့သို့ပင် Panangin တွင်လည်း ဘေးထွက်ဆိုးကျိုးတစ်ချို့ ရှိပါသည်။ အများစုမှာ ဖြစ်တာရှားပြီး နောက်ထပ်ကုသမှုခံရသည်အထိ မဖြစ်ပါ။ သို့သော် သင့်၌ဆေးသောက်ပြီးနောက် ပြဿနာများ ဖြစ်လာပါက ဆရာဝန်ကိုတင်ပြရန် အရေးကြီးပါသည်။

တစ်ချို့သော ဘေးထွက်ဆိုးကျိုးများမှာ – ပျို့ခြင်း၊ မူးဝေခြင်း တို့ဖြစ်သည်။ မူးဝေသောလူနာများတွင် ဆေးပမာဏကို လျော့ချပေးရပါမည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Panangin (Gideon Richer) (ပနန်ဂျင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Panangin သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။ tetracycline, iron salts and sodium fluoride (a hour break between meals), ACE inhibitors, beta-adrenoblokatorami, ziklosporinom, kalisberegatmi dioretikami, geparinom အစရှိသည်များ…

အစားအသောက်တွေနဲ့ အရက်က Panangin (Gideon Richer) (ပနန်ဂျင်း) နဲ့ ဓါတ်ပြုနိုင်သလား

Panangin က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Panangin (Gideon Richer) (ပနန်ဂျင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Panangin ပမာဏမှပါတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

တစ်ချို့ဖြစ်ရပ်များ၌ ရည်ညွှန်းပမာဏသည် အောက်ပါအတိုင်းဖြစ်၏။

သာမန်ဖြစ်ရပ်များတွင် – Panangin ကနဦးပမာဏမှာ တစ်ရက်လျှင် ဆေးပြား ၁- ၂ ပြား သောက်ရမည်ဖြစ်သည်။

ပြင်းထန်သောဖြစ်ရပ်များ ဥပမာ human coronary circulation, rejecting naperstanki drugs အစရှိသည်များ၌ ကနဦးပမာဏသည် သုံးပြားသုံးကြိမ် သောက်ရမည်ဖြစ်သည်။

၂-၃ ပတ်ပြီးနောက် Panangin ပမာဏကို တစ်ရက်လျှင် ၁ ပြား ၂-၃ ကြိမ်ထိ လျော့ချရမည်ဖြစ်သည်။

ကလေးတွေအတွက် Panangin (Gideon Richer) (ပနန်ဂျင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Panangin (Gideon Richer) (ပနန်ဂျင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Panangin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ထိုးဆေး; Magnesium Aspartate 40 mg; Potassium Aspartate 45.2 mg / ml.
  • သောက်ဆေးပြား; Magnesium Aspartate 140 mg; Potassium Aspartate 158 mg.

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Panangin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင့်အတွက် ရွေးချယ်ထားသည်

Neotica Balm (နီရိုတစ်ကာ ဘမ်းလ်)

Neotica Balm (နီရိုတစ်ကာ ဘမ်းလ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Hlaing Min Ko Ko
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018
Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်)

Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Wathun Myat Chal
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018
Surgam (ဆာဂမ်)

Surgam (ဆာဂမ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Wathun Myat Chal
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2018