အသုံးများတဲ့ NSAID တွေကတော့ aspirin, ibuprofen တို့ဖြစ်ပြီး ဆရာဝန်အညွှန်းမပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ ပိုပြင်းတဲ့ NSAID အတွက်တော့ ဆေးအညွှန်းလိုပါလိမ့်မယ်။ ပိုပြင်းသောဆေးသုံးသင့်သလားကိုတော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
NSAID ဆေးအလုပ်လုပ်ပုံ
NSAID မှ နာကျင်မှုနဲ့ ဖျားနာခြင်းတွေကို မည်သို့သက်သာစေကြောင်း ကြည့်ကြရအောင်…။
ပုံမှန်အားဖြင့် သင့်ခန္ဓါကိုယ်မှ Prostaglandin လို့ခေါ်တဲ့ ကယ်မီကယ်တစ်မျိုးကိုထုတ်ပါတယ်။ ထိုကယ်မီကယ်က ပျက်စီးသွားသောတစ်သျူးတွေကိုပြုပြင်ခြင်း၊ အစာအိမ်နံရံကို အက်စစ်ဒဏ်မှကာကွယ်ခြင်း၊ platelet လို့ခေါ်တဲ့သွေးဆဲလ်တစ်မျိုးရဲ့ သွေးခဲစေသောသတ္တိကိုထိန်းပေးခြင်းတို့ကိုလုပ်ဆောင်တယ်။ Prostaglandin ကို COX လို့ခေါ်တဲ့ အင်ဇိုင်းတွေကထုတ်ပေးတယ်။ COXI နဲ့ COXII ဟူ၍နှစ်မျိုးရှိပြီး နှစ်မျိုးစလုံးက ရောင်ရမ်းခြင်းနဲ့ ဖျားနာခြင်းတွေကိုဖြစ်စေပါတယ်။ အစာအိမ်နံရံကိုကာပေးပြီး platelet တွေကိုထောက်ပံ့တာကတော့ COXI တစ်မျိုးထဲသာဖြစ်တယ်။
NSAID က ထို COXI နဲ့ COXII ကိုပိတ်ပါတယ်။ ထိုအခါ အစာအိမ်နံရံကိုကာကွယ်ပြီး သွေးခဲခြင်းကိုထောက်ပံ့ပေးတဲ့ prostaglandin တွေနည်းသွားတာကြောင့် NSAID ဟာ အစာအိမ်အနာနဲ့ သွေးယိုခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ထိခိုက်ခြင်းကိုကာကွယ်ဖို့ NSAID ကိုအစာနဲ့တွဲစားဖို့ အကြံပြုထားခြင်းဖြစ်တယ။်
COXII ပိတ်သောဆေးတွေဟာ NSAID နဲ့ဆင်ပြီး နာကျင်ခြင်းနဲ့ ရောင်ရမ်းမှုကိုသက်သာစေဖို့အလုပ်လုပ်တယ်။ ထိုဆေးတွေဟာ celecoxib , rofecoxib တို့ဖြစ်ကြတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။