Nasacort Allergy 24Hr

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 19, 2019 . 5 mins read
Share now

အသုံးပြုပုံများ

Nasacort Allergy 24Hr ကို ဘာအတွက်အသုံးပြုကြသလဲ

Nasacort Allergy 24HR ကို

  • ဓါတ်မတည့်တုန့်ပြန်မှုလက္ခဏာတွေနဲ့
  • နှာစေးနှာပိတ်ခြင်း

သက်သာစေဖို့ အဓိကအသုံးပြုပါတယ်။

Nasacort Allergy 24Hr ဘယ်လိုသောက်သုံးသင့်သလဲ

Nasacort Allergy 24 HR ကို သင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာအသုံးပြုပါ။ သင့်ကိုပေးထားတဲ့ သတင်းအချက်အလက်အားလုံးကို ဂရုတစိုက်ဖတ်ပါ။ ညွှန်ကြားချက်အားလုံးကို တိတိကျကျလိုက်နာပါ။ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးပမာဏထက်ပိုပြီး အသုံးမပြုပါနဲ့။

ဒီဆေးဝါးဟာ သောက်ဆေးမဟုတ်ဘဲ နှာခေါင်းထဲထည့်ရတဲ့ ဆေးရည်သာဖြစ်ပါတယ်။ ပါးစပ်ထဲ၊ မျက်စိထဲဝင်ရင် ပူစပ်နိုင်ပါတယ်။

အရင်ဦးဆုံး ဆေးပုလင်းအသစ်ကို ကောင်းစွာလှုပ်ပေးပြီး ၅ကြိမ်ခန့် လေထဲကိုဖြန်းပေးပါ။ အသုံးမပြုတာ ရက်သတ္တပတ် ၂ပတ်ကျော်ပြီဆိုရင်လည်း လေထဲကို တစ်ကြိမ်ဖြန်းပြီးမှ နှာခေါင်းထဲထည့်ပါ။

ဆေးမတည့်ခင် နှာခေါင်းထဲပိတ်ဆို့နေတဲ့ အညစ်အကြေးတွေထွက်သွားအောင် ညှစ်ထုတ်ပစ်ပါ။

ဆေးကို နှာခေါင်းပေါက်ထဲ တည့်တည့်ဝင်အောင်ဖြန်းပါ။ နှာဝနှစ်ခုကြားက နံရံကို မဖြန်းမိပါစေနဲ့။

ဆေးဖြန်းမယ်ဆိုရင် နှာခေါင်းတစ်ဖက်ကို အရင်ပိတ်ပါ။

ခေါင်းကိုရှေ့သို့အနည်းငယ်စောင်းပါ။ ဆေးဖြန်းပြွန်ဝကို ဖွင့်ထားတဲ့နှာဝမှာထားပါ။

ဆေးဘူးကို တစ်ချက်ဖိလိုက်ပါ။

ပါးစပ်ကနေ အသက်ရှူထုတ်ပါ။

ဆေးဖြန်းပြီး ၁၅မိနစ်ကြာတဲ့အထိ နှာမညှစ်ပါနဲ့။

ဆရာဝန်ဆီသွားရောက်ပြသတိုင်း ဆေးအသုံးပြုပုံနဲ့ပတ်သက်ပြီး ပြန်လည်မေးမြန်းပါ။ သင့်ကိုပေးထားတဲ့ အချက်အလက်အားလုံးကို သေသေချာချာဖတ်ရှုလိုက်နာပါ။

နေထိုင်ကောင်းနေရင်တောင်မှ ဆရာဝန်ညွှန်ကြားထားတဲ့ အချိန်ကာလအထိ ဆေးပုံမှန်အသုံးပြုပါ။

ဆေးအာနိသင်အပြည့်အဝရရှိစေဖို့ Nasacort Allergy 24HR ကို မပျက်မကွက် ပုံမှန်သုံးပေးပါ။

Nasacort Allergy 24Hr ဘယ်လိုသိမ်းဆည်းရမလဲ

Nasacort Allergy 24HRကို အခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Nasacort Allergy 24HRကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Nasacort Allergy 24HRဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Nasacort Allergy 24HRကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Nasacort Allergy 24Hr အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ အသုံးမပြုသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Nasacort Allergy 24HRသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

သင် Nasacort Allergy 24 HR အသုံးပြုနေကြောင်း သင့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ သွားဆရာဝန်များ အပါအဝင် ကျန်းမာရေးစောင့်ရှောက်သူအားလုံးကို ကြိုတင်အသိပေးထားပါ။

ဒီဆေးဝါးဟာ မျက်စိအတွင်းတိမ်နဲ့ ရေတိမ်ဖြစ်ပွားနိုင်ချေကို မြင့်စေပါတယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

အကယ်၍သင်ဟာ ကာကွယ်ဆေးထိုးထားခြင်းမရှိဘဲ ရေကျောက်၊ ဝက်သက်ပေါက်ထားသူတစ်ယောက်ယောက်နဲ့ ထိတွေ့မိခဲ့ရင် သင့်ဆရာဝန်ကို အသိပေးပါ။

လတ်လလောမှာ နှာခေါင်းခွဲစိတ်မှု၊ ထိခိုက်မှု သို့မဟုတ် အနာ တစ်ခုခုရှိခဲ့ရင်လည်း သင့်ဆရာဝန်ကို အသိပေးပါ။

ဒီဆေးဝါးဟာ အချို့ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့အတွက် ပုံမှန်စစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဆေးအသုံးပြုနေစဉ် ကိုယ်ဝန်ရလာခဲ့ရင် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလာခဲ့ရင် ဆေးကြောင့်ရလာမယ့် ကောင်းကျိုးဆိုးကျိုးတွေကို ချိန်ဆနိုင်အောင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဒါ့အပြင် သင်ဟာ နို့တိုက်မိခင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်လည်း ဆေးကြောင့် ကလေးမှာထိခိုက်နိုင်ခြင်းရှိမရှိ သိရှိနိုင်အောင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Nasacort Allergy 24Hr ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးအသုံးမပြုမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Nasacort Allergy 24Hr ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Nasacort Allergy 24HR အသုံးပြုပြီး အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာဖြစ်လာခဲ့ရင် ဆေးရုံဆေးခန်းရှိရာသို့ အမြန်ဆုံးသွားရောက်ပြသပါ။

  • ဓါတ်မတည့်တုန့်ပြန်မှုလက္ခဏာများ – အဖုအပိမ့်အနီကွက်များထွက်ခြင်း၊ အင်ပြင်ထခြင်း၊ အရေပြား နီရဲရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထခြင်း၊ အဖျားရှိလျက်ဖြစ်စေ မရှိဘဲဖြစ်စေ အရေခွံကွာခြင်း၊ အသက်ရှူသံရွှီရွှီမြည်ခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းထဲတစ်ဆို့နေခြင်း၊ အသက်ရှူရခက်ခြင်း၊ စကားပြောရခက်ခြင်း၊ ပုံမှန်နှင့်မတူဘဲ အသံသြနေခြင်း၊ မျက်နှာ၊ ပါးစပ်၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ရောင်ရမ်းခြင်း
  • ပိုးဝင်သည့်လက္ခဏာများ – အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ဆိုးဆိုးရွားရွား လည်ချောင်းနာခြင်း၊ နားနာခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်ပိုထွက်ခြင်း၊ သလိပ်အရောင်ပြောင်းလဲခြင်း၊ ဆီးသွားလျှင်နာကျင်ခြင်း၊ ခံတွင်းအနာပေါက်ခြင်း၊ အနာမကျက်ခြင်း
  • သွေးတွင်းသကြားဓါတ်မြင့်တက်သည့်လက္ခဏာများ – စိတ်ရှုပ်ထွေးခြင်း၊ ငိုက်မျဉ်းခြင်း၊ ရေဆာခြင်း၊ ဆာလောင်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ အသားပူနွေးနီမြန်းခြင်း၊ အသက်ရှူမြန်ခြင်း၊ ခံတွင်းမှသစ်သီးနံ့ထွက်ခြင်း
  • အက်ဒရီနယ်ဂလင်းအားနည်းသည့်လက္ခဏာများ – ဆိုးဆိုးရွားရွား အစာအိမ်ထိခိုက်ခြင်း၊ အော့အန်ခြင်း၊ ဆိုးဆိုးရွားရွားမူးဝေခြင်း၊ သတိလစ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်အခြေအနေပြောင်းလဲခြင်း၊ ဗိုက်မဆာခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း
  • Cushing ရောဂါလက္ခဏာများ – ကျောကုန်းအပေါ်ပိုင်းနှင့် ဝမ်းဗိုက်ပိုင်း အဆီတက်လာခြင်း၊ မျက်နှာပြည့်ပြည့်ဝိုင်းဝိုင်းဖြစ်လာခြင်း၊ ဆိုးဆိုးရွားရွားခေါင်းကိုက်ခြင်း၊ အနာကျက်နှေးခြင်း
  • ဆိုးဆိုးရွားရွား နှာခေါင်းထိခိုက်ခြင်း
  • ဆိုးဆိုးရွားရွား နှာခေါင်းသွေးလျှံခြင်း
  • နှာခေါင်းအနာဖြစ်ခြင်း
  • အသက်ရှူသံရွှီရွှီမြည်ခြင်း
  • ခံတွင်းနှင့်လည်ချောင်းထဲတွင် အနီရောင်၊ အဖြူရောင် အကွက်များထွက်လာခြင်း
  • အမြင်အာရုံပြောင်းလဲခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Nasacort Allergy 24Hr နဲ့ ဓါတ်ပြုနိုင်သလဲ

Nasacort Allergy 24HR ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Nasacort Allergy 24Hr နဲ့ ဓါတ်ပြုနိုင်သလား

Nasacort Allergy 24HRက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Nasacort Allergy 24Hr နဲ့ ဓါတ်ပြုနိုင်သလဲ

Nasacort Allergy 24HRဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Nasacort Allergy 24Hr ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသေးစိတ်ကို သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။

ကလေးတွေအတွက် Nasacort Allergy 24Hr ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် အသုံးပြုရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Nasacort Allergy 24Hr ကိုဘယ်လိုရရှိနိုင်သလဲ

Nasacort Allergy 24HR ကို နှာခေါင်းထဲဖြန်းရတဲ့ ဖြန်းဆေးပုံစံနဲ့ ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Nasacort Allergy 24 HR ကို အသုံးပြုဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးအသုံးပြုပါ။ သို့သော်လည်း နောက်တစ်ကြိမ်အသုံးပြုရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သုံးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျန်းမာနေစေဖို့အတွက် သက်တော်စောင့်တစ်ယောက်

Nasal spray (နှာခေါင်းဖြန်းဆေး) က သင့်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိသလဲ အအေးမိလို့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

နေမကောင်းဖြစ်တာနဲ့ ပဋိဇီဝဆေး သောက်ဖို့လိုသလား

ပဋိဇီဝပိုးသတ်ဆေးေတွဆိုတာရောဂါပိုးတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ပြင်းဆေးဝါးတွေအဖြစ် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင်လုပ်မိနေတဲ့ ဒီအမူအကျင့်အမှား (၆)ခုကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်

သင်လုပ်မိနေတဲ့ ဒီအမူအကျင့်အမှား (၆)ခုကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ် အသက်ရှူ အစာခြေ လေဝင်လေထွက် ရောဂါပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အအေးမိတုပ်ကွေးရောဂါပိုးကို ကြိုတင်ကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု

အအေးမိတုပ်ကွေးရောဂါပိုးကို ကြိုတင်ကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု ဟတ်ချိုး ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 1 min read
ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

ရေနွေးပူပူသောက်ခြင်း၏ အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 9, 2020 . 2 mins read
ချောင်းတဟွတ်ဟွတ်အသံ မသက်သာရတဲ့ အကြောင်းရင်း (၈) ခု

ချောင်းတဟွတ်ဟွတ်အသံ မသက်သာရတဲ့ အကြောင်းရင်း (၈) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2018 . 2 mins read

နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2018 . 2 mins read